Posts

Showing posts with the label DefectsTo

ဖော်ကောင် သို့မဟုတ် MPDF ဗိုလ်ထွန်းတောက်နိုင် (Explanatory)

Image
ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦး ဇွန်လ ၂၂ ရက်နေ့ မန္တလေးမှာ Mandalay PDF (MPDF) ရုံးခန်းဝင်စီးခံရတဲ့ဖြစ်စဉ်မှာ သေဆုံးခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး တစ်ဦးကျဆုံးတယ်ဆိုတာ တော်ရုံစစ်မြေပြင်မှာတောင် ရှိတောင့်ရှိခဲကိစ္စပါ။ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ သေဆုံးရတာပါလဲ?   တကယ်တော့ ဒီဖြစ်စဉ်ကို MoreMrontVlog က စုံစမ်းသိရှိတာရှိပေမယ့် နောက်ဆက်တွဲသက်ရောက်မှုကြီးမားနိုင်လို့ မရေးဘဲအချိန်တစ်ခုစောင့်နေခဲ့တာပါ။ ဒါပေမဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ဖက်က ဒီကိစ္စကို အမှန်အမှားရောထွေးပြီးထုတ်လာတာကြောင့် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။  MoreMrontVlog အနေနဲ့ ဒီနေရာမှာ အဓိကပြောလိုတာကတော့ ဖြစ်ခဲ့တာကို သင်ခန်းယူပြီး ပြန်ပြင်ဆင်နိုင်ဖို့ပါ။ စိတ်ဓာတ်ကျစေဖို့ မဟုတ်ပါဘူး။ အဖိတ်အစင်မရှိတဲ့ တော်လှန်ရေးဆိုတာ မရှိပါဘူး။ ဒါကြောင့်  စိတ်ကို ခိုင်ခိုင်မာမာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။  MPDF ဗိုလ်ထွန်းတောက်နိုင် စစ်ကောင်စီက ထုတ်ပြလာတဲ့ မန်း PDF ထွန်းတောက်နိုင်ဆိုတာ ဟုတ်ပါသလား မေးရင်တော့ မှန်ပါတယ်လို့ ပြောရမှာပါ ။ ဇွန်၂၃ ရက်နေ့ ကားအစီးလိုက် လက်နက်တွေ အဖမ်းခံရကတည်းက ဒီကိစ္စကို သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့နီးစပ်သူတွေ