Posts

Showing posts with the label Arakan Army

AA က ဗိုလ်မှူးအဆင့်အပါအဝင်စစ်သုံ့ပန်းခြောက်ဦးကိုပြန်လွှတ်ပေး

Image
ရခိုင်စစ်ပွဲအတွင်း ဖမ်းဆီးရရှိတဲ့ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၆ ဦးကို AA ဘက်က မနေ့က (ဇွန် ၁၆) မြောက်ဦးမြို့နယ်ထဲက ကျောက်ကျပ်ကျေးရွားနားမှာ  ပြန်လွှတ်ပေးခဲ့ပါတယ်။  AA combat uniform AA အရာရှိတစ်ဦးကတော့ ကျန်းမာရေးမကောင်းတဲ့သူနဲ့သက်ကြီးပိုင်းတွေလို့ဆိုပါတယ်။  အွန်လိုင်းပေါ်မှာတော့ ရွှေနဒီရေယာဉ်ပေါ်က ဖမ်းမိသူတွေကိုပြန်လွှတ်ပေးတာလို့ ပြောဆိုနေကြတာရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကိုတော့ အေအေဘက်က ထုတ်ပြန်ပြောဆိုတာမရှိတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိပါဘူး။  ရခိုင်ခြေစိုက် Western News မှာတော့ ရက္ခိုင့်တပ်တော် AA ဘက်က  ဗိုလ်မှူးထိပ်ချွန်းနဲ့ စစ်ကောင်စီတပ်ဖက်က ဗိုလ်မှူးသန်းဝင်းဌေး တက်ရောက်ပြီးတော့ လွှဲပြောင်းရယူခဲ့တာလို့ ဖော်ပြထားပါတယ်။