Posts

Showing posts from May, 2021

အမေရိကန်နဲ့ပြင်သစ်ကုမ္ပဏီတွေမရှိတဲ့အခါ ရတနာဂတ်စ်လုပ်ကွက် ဘာဆက်ဖြစ်မလဲ (Explanatory)

Image
အမေရိကန်နဲ့ပြင်သစ် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron နဲ့ Total က ရေနံကရရှိတဲ့ ငွေတွေကို စစ်ကောင်စီကို မပေးတော့ဘူးဆိုတဲ့သတင်းက အတော်လေးကို ကြီးပါတယ်။ ဒီဆုံးဖြတ်ချက်က တကယ်ပဲ လုပ်ငန်းတစ်ခုလုံးကို ရပ်ဆိုင်းစေနိုင်သလား၊ ဝင်ငွေ လုံး၀ ပြတ်နိုင်ပါသလား။    Andaman Sea အန်ဒမန်ပင်လယ်ထဲမှာရှိတဲ့ Yadana offshore ရတနာ ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ကွက်က  စပ်တူလုပ်ငန်းပါ။ မြန်မာနိုင်ငံနိုင်ငံပိုင် MOGE ရယ်၊ ထိုင်းကုမ္ပဏီ PTTEP ၊ ပြင်သစ် Total နဲ့ အမေရိကန် Chevron ပါ ပါတယ်။  ထွက်ရှိလာတဲ့ ဂတ်စ်ကို  Moattama Gas Transportation မုတ္တမ ဂတ်စ်ဖြန့်ချီရေးက လုပ်ကိုင်ပါတယ်။ ၈ ရာခိုင်နှုန်းလောက်ကိုထိုင်းကိုရောင်းချပြီးတော့ ကျန်တဲ့ရာခိုင်နှုန်းအများစုကို ရန်ကုန်အတွက်သုံးပါတယ်။ (Ref: BKK post)  Total ကတော့ လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးတော့ ၃၁.၂ ရာခိုင်နှုန်းနဲ့အများဆုံးပိုင်တာဖြစ်ပါတယ်။ အမေရိကန်ပိုင် Chevron ကတော့ ၂၈.၃ ရာခိုင်နှုန်း ပိုင်ပါတယ်။ ထိုင်းကုမ္ပဏီ PTTEP က ၂၅.၅ ရာခိုင်နှုန်းပိုင်ပြီး မြန်မာနိုင်ငံပိုင်လုပ်ငန်း MOGE က ၁၅ ရာခိုင်နှုန်း ပိုင်ပါတယ်။  ။ အခု Total/ Chevron က အပြီးတာရပ်ဆိုင်းတာမဟုတ်ပါ။ အမြတ်ခွဲဝေမှုအပိုင

KNLA စနိုက်ပါပစ်ခတ်လို့ BGF စစ်ကြောင်းမှူးတစ်ဦးသေ

Image
KNU/ KNLA တပ်မဟာ ၅ ရှိရာ ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်)မှာ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ မေ ၂၄ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဘက်က စစ်ကြောင်းမှူးတစ်ဦးသေဆုံးသွားတယ်လို့ KNU က မေ ၂၅  ဒီနေ့သတင်းထုတ်ပြန်ပါတယ်။  ဖာပွန်-ကတိုင်တိလမ်း တစ်နေရာမှာ KNLA တပ်မဟာ ၅နဲ့ နယ်ခြားစောင့်တပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ KNLA တပ်ဖွဲ့က စနိုက်ပါသမားပစ်ခတ်လို့ စစ်ကြောင်းမှူးသေဆုံးတာဖြစ်ပြီး နောက်တစ်ဦးလည်း ဒဏ်ရာရတယ်လို့ဆိုပါတယ်။  ဒီသတင်းကို BGF တပ်ဖွဲ့ ဒါမှမဟုတ် သေဆုံးသူရဲ့ဆွေမျိုးတွေဆီကနေ သီးခြားအတည်ပြုရယူနိုင်ခြင်းတော့ မရှိပါဘူး။ 

ဆွစ်ဇာလန်ကြားနေဝါဒနဲ့တူတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့

Image
ဆွစ်ဇာလန်နိုင်ငံဟာ "ကြားနေဝါဒ" ကိုကျင့်သုံးတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့နိုင်ငံတစ်ခုအဖြစ် ဥရောပမှာ လူသိများပါတယ်။ ဆွစ်သမိုင်းတွေကို (ဒီကနေစပြီး ဆွစ်လို့ဆက်သုံးပါမယ်) ပြန်ကြည့်ရင် ဥရောပ နိုင်ငံတွေက ဆွစ်စစ်သားတွေကို ခေါ်ပြီး တိုက်ပွဲတွေမှာ တိုက်ခိုက်ဖို့အတွက် ငှားရမ်းအသုံးပြုကြတာရှိပါတယ်။  ထူးဆန်းတာက ဆွစ်တွေတိုက်ခိုက်ရေးမှာ ထူးချွန်ထက်မြက်ကြသူတွေဖြစ်ပေမယ့် ဘာလို့ စစ်ကိုမလိုလားသူတွေဖြစ်လဲဆိုတဲ့ အချက်ပါ။ နိုင်ငံရပ်ခြားမှာသာတိုက်ပွဲတိုက်မယ် ပြည်တွင်းမှာ ဒါမှမဟုတ် တခြားတစ်နိုင်ငံနဲ့တိုက်ခိုက်ဖို့ကိုတော့ ဆွစ်တွေက ရှောင်ပါတယ်။  Photo: Swiss Army (Independent UK) ဖြစ်နိုင်ခြေကတော့ ဆွစ်ဟာ နယ်မြေချဲ့ထွင်ဖို့ကြိုးစားရင်းနဲ့တိုက်ပွဲရှုံးတာတွေ ရင်ဆိုင်ခဲ့ရတာနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ တောင်တွေကာရံထားတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဆွစ်ရဲ့ ကြားနေဝါဒကို ကျင့်သုံးတာက ဒုတိယကမ္ဘာစစ်တုန်းမှာ နိုင်ငံကြီးတွေသိမ်းပိုက်တဲ့အန္တရာယ်ကို ကျော်လွှားဖို့အတွက် လုပ်ရာကနေ စပါတယ်။ အဲဒီကနေ ဒီနေ့ထက်ထိ စစ်မလိုလားတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။  ဆွစ်ဟာ EU၊ NATO နှစ်ခုလုံးမှာ မပါ ပါဘူး။ သူတို့တပ်တွေကို တခြားတစ်နိုင်င

ကျောက်စိမ်းသယ်လာတဲ့ ဦးပိုင်စက်လှေကို ရှမ်းနီတပ်မတော်တိုက်ခိုက်

Image
 စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ထဲမှာ အာဏာသိမ်းစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းတွေကို မော်တာ ၂ စင်းနဲ့သယ်လာတာကို ရှမ်းနီးတပ်မတော် SNA က ဒီနေ့ မေ ၂၃ မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။   ဦးပိုင်ကုမ္ပဏီဟာ ကျောက်စိမ်းတွေကို ခန္တီးဘက် က‌နေ စစ်တပ်လုံခြုံရေးနဲ့ ရဲပူးပေါင်းအဖွဲ့အကူအညီနဲ့သယ်ယူဖို့ကြိုးစားတာဖြစ်ပါတယ်။ ထိခိုက်ကျဆုံးမှုတွေ ရှိ မရှိ မသိရသေးပါ။ စက်လှေတွေကို ထမံသီရွာနားမှာ ရပ်ထားတယ်လို့သိရပါတယ်။  အကြမ်းဖက် စစ်တပ်နဲ့ ရှမ်းနီတပ်မတော် SNA တို့ပြီးခဲ့တဲ့ မေလမှာလည်း မလင်းနဲ့မင်းစင်ရွာ၊ ထုံမလွတ်ရွာနားမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ကိုးကား : The Northern Voice

ဘာကြောင့် ဘူးသီးတောင်မုဒိန်းကိစ္စ သမားရိုးကျပြောတာလဲ (explanatory)

Image
ဘူးသီးတောင်မုဒိန်းမှုကိစ္စနဲ့ပတ်သတ်ပြီးတော့ မေးခွန်းထုတ်လာကြတာက ဒါဟာ သာမန်ကေ့စ်ဟုတ်-မဟုတ်၊ ဒါဟာ လူ့အခွင့်ရေးချိုးဖောက်ခံရမှု မဟုတ်လား စသဖြင့် မေးလာကြတာရှိတယ်။  ကျနော်ပြောထားပြီးသားပါ။ မုဒိန်းမှုဟာ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ထိရောက်အောင် အရေးယူသင့်တယ်။ ဒါဟာ လူမျိုးရေး ဘာသာရေးမဟုတ်ဘူး။ ဒီအယူအဆကို စာရေးဆရာ ကိုဝေဟင်အောင်လည်းရေးထားတယ်။ ဒါပေမဲ့ ဓာတ်ပုံသုံးတာတော့ လူတွေကိုဆွပေးတာနဲ့သွားတူနေတယ်။ ဓာတ်ပုံမသုံးရင် ပိုကောင်းမှာပါ။  ကဲ သမားရိုးကျကေ့စ်လို့ ဘာကြောင့်ပြောရလဲဆိုတာကို ဆက်ပါမယ်။ ကျူးလွန်သူဟာ အာဏာပါဝါရှိတဲ့ အဖွဲ့အစည်းက အရာရှိမဟုတ်ဘူး။ သာမန်အရပ်သားတစ်ဦးဖြစ်တယ်။ ရာထူးဂုဏ်ကို တလွဲသုံးပြီး အနိုင်ကျင့်တာမဟုတ်ဘူး။ ဒါပေမယ့် သူကျူးလွန်တဲ့ပြစ်မှုဟာ မပြင်းထန်ဘူးလို့ဆိုလိုတာ လုံးဝမဟုတ်ဘူး။  မုဒိန်းမှုဟာ ပြင်းထန်တဲ့ရာဇဝတ်မှုတစ်ခုကို ကျူးလွန်တာဖြစ်တယ်။ တရားရေးသမားတွေက သာမန်ကေ့စ်ဟုတ်၊ မဟုတ်ကို ပိုပြောနိုင်ပါလိမ့်မယ်။ ကျူးလွန်တဲ့ကိစ္စတွေကို တရားခွင်မှာတိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ အကြမ်းဖျင်းနားလည်သလောက် ရည်ရွယ်ချက်ရှိရှိ (intent) ကျူးလွန်တာနဲ့ သာမန်လား၊ မတော်တဆလား စတာတွေကို ဆန်းစစ်လေ့ရှိကြပါတယ်။  လူသတ်မှ

KNLA တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ BGF တစ်ဦးသေ

Image
စစ်ကောင်စီတပ်(SAC) နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းတပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နဲ့ ဒီနေ့ မေ ၂၂ မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  မိုင်းဆွဲခံလိုက်ရလို့ ပက်လက်လန်သွားတဲ့ BGF ကား  ဖာပွန်ခရိုင် မထောကျေးရွာနဲ့ခွေးသေကျေးရွာအနီးမှာ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အကျအဆုံးစာရင်း မသိရသေးပါ။ မနေ့တုန်း (မေ ၂၁) ကလည်း မထောကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတော့ အကြမ်းဖက် စစ်တပ်ဖက်က ၃ ယောက် သေဆုံးခဲ့တယ်လို့  KNLA က ဆိုပါတယ်။  မေလ ၂၀ ရက်နေ့တုန်းက KNLA တပ်မဟာ ၅ ထဲကို ဝင်ရောက်လာတဲ့ BGF ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး တစ်ဦးသေဆုံးတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 

ဘူးသီးတောင်မုဒိန်းမှုဟာ သမားရိုးကျအမှုသာဖြစ် (Explanatory)

Image
ဘူးသီးတောင်မြို့နယ်က ခမီမိန်းကလေးတစ်ဦး မေ ၂၀ ရက်နေ့တုန်းက မုဒိန်းကျင့်ခံရတဲ့ကိစ္စကို သတိပြုမိပါတယ်။ စစ်ဘေးနဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဆက်တိုက်ကြုံရတဲ့ ဒေသမို့လို့ လူတွေအများစုရဲ့စိတ်က ထိလွယ်ရှလွယ်အခြေအနေပါ။  ပြုကျင့်ခံရသူက စစ်ဘေးရှောင်တစ်ဦးဖြစ်ပြီး စားဝတ်နေရေးဖြေရှင်းဖို့အတွက် တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့အခါမှာ ဖြစ်ပွားခဲ့တာလို့ ရခိုင်အခြေစိုက်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။  ဒီကိစ္စကို ချဉ်းကပ်ရာမှာ ကျနော်ပြောလိုတဲ့အချက် နှစ်ချက်ရှိပါတယ်။ သတင်းတင်ဆက်မှုနည်းလမ်းနဲ့ ဒေသခံလူထုရဲ့အယူအဆ အစွဲတွေကိုဖယ်ခွာပြီး ချဉ်းကပ်ဖို့လိုတယ်တဲ့ အမြင်ပါ။  ၁- မုဒိန်းမှုဟာ လိင်အင်္ဂါပါတဲ့ ဘယ်ယောကျာ်းမဆို ကျူးလွန်နိုင်ခြေအနည်းနဲ့အများရှိတဲ့သာမန်လူ့သဘာဝဖြစ်စဉ်ပါ။။ အင်္ဂလိပ်မလို့၊ ကပ္ပလီမလို့၊ ရခိုင်မလို့၊ မွတ်စလင်မို့လို့ ၊ ခရစ်ယာန်မလို့ဆိုတာ မရှိပါဘူး။ အသား ဖြူတာ၊ မဲတာ အဝါတာတွေနဲ့ အလျဉ်းမဆက်စပ်ပါ။ ဘာသာရေးနဲ့လည်းမဆိုင်ပါ။ နမူနာတစ်ခုပြောပြပါမယ်။ အသက်မပြည့်သေးတဲ့ ၁၃-၁၄ လောက်ပဲရှိသေးတဲ့ အိမ်အကူမလေးတစ်ယောက်ကို နာမည်ကြီး မင်းသား မင်းရာဇာ မုဒိန်းကျင့်ခဲ့ပါတယ်။ နာမည်ကျော်ကြားသူဖြစ်လင့်ကစား၊ အိမ်ထောင်သ

ရခိုင်ပြည်နယ်ထဲက AA စစ်ရေးပြအခမ်းအနား (video)

Image
ရခိုင်ပြည်နယ် မြောက်ပိုင်းလွတ်မြောက်တစ်နေရာမှာကျင်းပခဲ့တဲ့ ရက္ခိုင့်တပ်တော်နေ့စစ်ရေးအခမ်းအနား ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။  စစ်ရေးပြအခမ်းအနားကို စစ်ဌာနချုပ် ဒါမှမဟုတ် တပ်မ တည်ရှိရာနေရာမှာ ကျင်းပတာမျိုးမဟုတ်ဘဲ ကျေးရွာအနီးတစ်ခုမှာ ကျင်းပခဲ့တယ်လို့ ယူဆရပါတယ်။  အဲဒီပွဲကို AA စစ်သားနှစ်ထောင်ဝန်းကျင် ပါဝင်တယ်လို့ခန့်မှန်းရပြီးတော့ ပွဲကြည့်ပရိတ်သတ်တွေလည်း အတော်စည်ကားပါတယ်။  စစ်ရေးပြအခမ်းအနားကို ချီတက်အလေးပြုရာမှာ AA စစ်သားအများစုကို လက်နက်တပ်ဆင်ထားတာတွေ့ရပြီး အများစုက KIA ထုတ် ချေမှုန်းရေးရိုင်ဖယ် AK သေနတ်တွေဖြစ်ပါတယ်။ တချို့ကတော့ လက်နက်တပ်ဆင်နိုင်ခြင်းမရှိသေးပါ။  လက်နက်ကိုင်တိုင်းရင်းသားအရေးကျွမ်းကျင်သူတချို့က မြန်မာနိုင်ငံမှာ UWSA ၀ တပ်မတော်ပြီးရင် ရက္ခိုင့်တပ်တော် AA ဟာ ဒုတိယအင်အားအကြီးမားဆုံးဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။

ကရင်နီပြည်နယ်ကို စစ်ရေးအတွက် စစ်ကောင်စီအာရုံစိုက်လာ

Image
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/KnA က စစ်ရေး ပြင်ဆင်မှုလုပ်နေသလို၊ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း Drone ဒရုန်းတွေသုံးပြီးတော့ စောင့်ကြည့်မှုတွေ လုပ်နေတာရှိနေပါတယ်။  Photo: KnAC အထူးသဖြင့် KNPP ဘက်က ပို့ချတယ်လို့ယူဆရတဲ့လူငယ် ၇၄ ယောက်ဖမ်းမိပြီးနောက်ပိုင်းမှာ စစ်ကောင်စီ (SAC) ဟာ ကရင်နီပြည်နယ်ဘက်ကိုပါ ပိုပြီးတော့ အာရုံစိုက်လာတာပါ။  KNPP ထိန်းချုပ်နယ်မြေဘက်ကို SAC စစ်ကောင်စီတပ်က မောင်းသူမဲ့လေယာဉ် (Combat Drone) တွေနဲ့ ထောက်လှမ်းလို့ ကရင်နီတပ်မတော်က ပစ်ခတ်မှုတွေလုပ်တဲ့အကြောင်း KnIC သတင်းပေ့ချ်က မေ ၁၈ ရက်နေ့မှာ ရေးသားထားပါတယ်။  မေလဆန်းကတည်းကနေ KNPP နယ်မြေ ညာမိုတပ်စခန်းကို ဒရုန်းတွေနဲ့ ထောက်လှမ်းလို့ KnA က မေ ၁၄ ရက်နေ့ကစပြီးတော့ ဒရုန်းတွေကိုပစ်ချဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပစ်မှတ်ထိမှန်ပြီး ပျက်ကျတာ မရှိပါဘူး။  စစ်ကောင်စီဟာတရုတ်နိုင်ငံထုတ် CH-3 စစ်ဘက်သုံးဒရုန်းတွေကို အသုံးပြုနေတဲ့အကြောင်း Asia Times သတင်းစာကလည်းရေးသားဖူးပါတယ်။ စစ်ကောင်စီဟာ အစ္စရေးထုတ် ဒရုန်းနဲ့ တရုတ်ထုတ် ဒရုန်း နှစ်မျိုးလုံးကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုလျှက်ရှိပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေး KNU/KNLA နဲ့ ကရင်နီတပ်မတော် KN

စစ်ကောင်စီက ဘာကြောင့်မြောက်ဦးမှာလက်နက်ကြီးပစ်ခတ်ဖို့ရွေးသလဲ

Image
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရခိုင်ကို ငြိမ်းချမ်းရေးလို့ အကြောင်းပြထားပေမယ့် စစ်ဆင်ရေးကိစ္စ ပြင်စရာရှိတာကို ဆက်ပြင်ပါတယ်။ အပစ်ရပ်ထားတဲ့ကာလမှာ မင်းအောင်လှိုင်ရဲ့ တပ်မှူးတွေက ထောက်လှမ်းရေးစနစ်ကို ပြန်ပြီးတော့ တည်ဆောက်တယ်လို့နားလည်ရပါတယ်။ Photo: Reuters  စိတ်ဝင်စားဖို့ကောင်းတဲ့ ရခိုင်သတင်းတစ်ပုဒ် မေ ၁၇ ရက်နေ့ (တနင်္လာနေ့) မှာတက်လာတယ်။  " ခေတ်မီလက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်မလို့ ရွာသားတွေ တောတောင်ထဲမသွားကြဖို့"  အမိန့်ညွှန်ကြားစာရတယ်လို့ မြောက်ဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှုးကို အသိပေးတယ်ဆိုတဲ့စာပါ။ စမ်းသပ်ပစ်ခတ်မယ့်နေရာနဲ့ထိစပ်နေတဲ့ ကျေးရွာပေါင်း ၁၀ ခုကျော်ကို သတိပေးထားပါတယ်။  MLRS 122 mm ကို ၂၀၁၈-၂၀၂၀ ရခိုင်စစ်ပွဲ ဘူးသီးတောင် စကခ ၁၅ ဝင်းထဲကနေ ပစ်ခတ်ဖူးပါတယ်။  စမ်းသပ်ပစ်ခတ်မယ့်နေရာက မြောက်ဦးဖြစ်ပြီးတော့ အရင် ၂၀၁၈ တုန်းက AA ဝင်စီးတာ ခံလိုက်ရတဲ့ ရဲတပ်ရင်း ၃၁ ဖြစ်ပါတယ်။ အဲဒီရပ်တပ်ရင်းက ကိုးသောင်းဘုရားနဲ့နီးပါတယ်။ စစ်တပ် တပ်ရင်းအနေနဲ့ကတော့ မြောက်ဦးမှာ ၃ ခုရှိပါတယ်။ ခမရ (၃၇၇) ၊ ခမရ (၃၇၈) ၊ ခမရ ၅၄၀ ( မြို့နဲ့ကပ်ရက် ကိုးသောင်းဘုရားသွားရာလမ်းမှာရှိ) တို့ဖြစ်ပါတယ်။  စမ်းသပ်

ပါဘလို အက်စကိုဘားကို အားကျတဲ့ ရခိုင်မာဖီယားတွေ

Image
မလေးရှားမှာ မူးယစ်ဆေးတန်နဲ့ချီမိတဲ့ကိစ္စကို မှတ်မိကြဦးမယ်နဲ့တူတယ်။ Asia World ဆိပ်ကမ်းကနေ ကွန်တိန်နာနဲ့ပို့လိုက်တာ မလေးဆိပ်ကမ်းရောက်မှ မိတဲ့ကိစ္စပေါ့။ အဲဒီမှာ နာမည်ကြီးကတော့ ယာစင် Yassin ဆိုသူပေါ့။ သူ့အချိတ်ဆက်က မင်းနိုင်၊ တပ်ထွက်၊ Nice Guy ရေသန့်လုပ်တဲ့သူ။ အမှုပြီးပီလား မပြီးသေးဘူးလား အတိအကျ မသိရသေးပါ။  တကယ်တော့ ဒီကိစ္စမှာ တာဝန်ရှိတာ Asia World နဲ့ အကောက်အခွန်ဌာနလည်း ပါတယ်။ အကောက်ခွန်ဌာနဆိုတာ ပြောရမယ်ဆိုရင် တပ်ထွက်နဲ့ မိုးကျရွှေကိုယ်တွေ စုထားတဲ့နေရာ။ စားမယ်ဆို ညီညီညွတ်ညွတ်စားကြ အသံမထွက်စေနဲ့ပြောတဲ့ ဌာနပေါ့ဗျာ။  Pablo Escobar အဲဒီနောက်ကွယ်မှာ ပါဝင်ပတ်သတ်တဲ့လူက ထားဝယ်ကြီး ခေါ် အောင်လွင်ပေါ့။ သူ့နဲ့ယာစင်က တိုက်ရိုက်ဆက်စပ်တယ်။ တဆင့်ချင်းစီ လိုက်ကြည့်တဲ့အခါမှာ ထားဝယ်ကြီးရဲ့လမ်းကြောင်းက မလေးရှားနဲ့ မကာအိုလမ်းကြောင်းဖြစ်တယ်။ ဒီနေရာမှာ အဓိက ဘယ်လိုနည်းတွေနဲ့ တန်နဲ့ချီတဲ့ မူးယစ်ဆေးတွေရောင်းပြီး ငွေဖြူဖြစ်ကုန်လဲဆိုတဲ့ ကိစ္စပါ။  ထားဝယ်ကြီး၊ ယာစင်၊ မင်းနိုင် သူတို့သုံးယောက်နောက်ကို သေချာလိုက်ကြည့်သလောက် ဒီလူတွေက အင်မတန်ခြေလှမ်းကျယ်တဲ့လူတွေ။ သူ့နောက်မှာ ကွတ်ခိုင်ဘက်က အုပ်စုလည်း တိုက်ရိုက်ဆက်စပ်မှုရ

မသိစိတ်ထဲ ကယ်တင်ရှင်စိတ်ဖြစ်အောင် ဘာတွေကတွန်းပို့သလဲ

Image
အမေရိကန်ဘောလုံးပွဲထဲရောက်နေတဲ့ စုံတွဲတစ်တွဲက ဟိုဟို ဒီဒီ အသေးအဖွဲလေးတွေကို စပြောရင်းနဲ့ ဘယ်သူမှန်မလဲဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ အပျော်တမ်းလောင်းတဲ့သဘောမျိုး ရီမောပြောနေကြတယ်။ မင်းသားက ဝဲလ်စ်မစ်၊ မင်းသမီးက မာဂေ့ါ ရော်ဘီ။  အဲဒီမှာ ရုတ်တရက် ပိန်ပိန်ပါးပါး ဘလူးဂျင်းပင်အတိုလေးဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ပွဲကြည့်စင် အောက်ကနေ အပေါ်ကို လာနေတယ်။ မင်းသား ဝဲလ်စမစ်က သူ့ကောင်မလေးကိုလှမ်းပြောလိုက်တယ်။ အဲဒီ ဘလူးဂျင်းပင်ကောင်မလေး ပွဲကြည့်စင်ကနေ ထလာလို့ရှိရင် ယောကျာ်းဘယ်နှစ်ယောက်က သူ့ကောက်ကြောင်းကို လိုက်ကြည့်မယ်ဆိုတာ လောင်းမလားလို့ စလိုက်တယ်။  ရီးစားဖြစ်သူက ရှစ်ယောက်လောက် ကြည့်မယ်တဲ့။ မင်းသားကတော့ ၃ ယောက်ပဲလို့ မှန်းလိုက်တယ်။ အဲဒီအချိန်မှာပဲ သူတို့ဘေးနားမှာရှိနေတဲ့ လောင်းကစား ဝါသနာအိုး အာရှသားတစ်ယောက်က ငါကတော့ ၅ ယောက်ထင်တယ်လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့ ငါလည်း မင်းတို့လောင်းကြေးထပ်တဲ့ပွဲမှာပါပရစေတဲ့။ ပြောရင်းဆိုရင်းနဲ့ ဘလူးဂျင်းပင်တိုနဲ့ကောင်မလေး လှေကားထစ် တစ်ခုချင်းစီ အပေါ်ကို တက်လာနေပါပြီ။  ပုရိသ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်ရင်းနဲ့ ၃ ယောက်- ၅ ယောက် - ၆ ယောက်မှာ ပြီးသွားတယ်။ အနီးစပ်ဆုံးဖြစ်သူက လေ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

Image
ဓာတ်ပုံတွေနဲ့ပတ်သတ်ရင် အကဲဆတ်တာကို  သိပ်နားလည်ပုံမရကြဘူး။ အခု တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေကို ရောက်နေကြတဲ့ဖေးဘုတ် ဆယ်လီတွေ၊ မင်းသား မင်းသမီးတွေ၊ တချို့လူငယ်တွေနားလည်ပုံမရကြပါ။ အရေးကြီးပါတယ်။ စာကို ဆုံးအောင်ဖတ်ကြပါ။ A lady in KIA rebel outfit (old photo) ဟိုးတစ်နေ့ကမော်ဒယ်ဆိုရင် ဓာတ်ပုံမှာ သူဘယ်နေရာကို ရောက်နေတယ်ဆိုတာက အစ ပေါ်နေပါတယ်။ နမူနာတစ်ခုပြောပါမယ်။ သူကတော့နေရာကို မသိစေချင်တာကြောင့် တိုင်းရင်းသားဒေသတစ်နေရာရေးထားပေမယ့် သူမသိလိုက်တာကတော့ ဓာတ်ပုံမှာ ပါလာတဲ့အပင်တွေပါ။ ဒါက သာမန်မျက်စိနဲ့မြင်ရတဲ့ အချက်အလက်ပါ။  Model Htar Htet Htet is believed to be in KNU controlled region.  အင်ဖက်တွေက ဘယ်ဒေသမှာ အိမ်မိုးဖို့အများဆုံးသုံးတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ သာမန်သတင်းစာဆရာတစ်ယောက်ကတောင် အလွယ်တကူခန့်မှန်းလို့ရရင် စစ်တိုက်နေတဲ့ စစ်သားတွေအဖို့ဘာမှခဲယဉ်းစရာမရှိတော့ပါ။ ဓာတ်ပုံတွေမှာ တခြားနည်းပညာဆန်တဲ့ဟာတွေရှိပါသေးတယ်။ ဓာတ်ပုံအတွင်းမှာပါတဲ့ metadata ဆိုရင် အချက်အလက်တွေ များစွာပါပါတယ်။ အဲဒီ metadata ကို ထုတ်ယူပြီးတော့  GPS tracking လုပ်လို့ရပါတယ်။ GPS coordination marks တွေရတာနဲ့ ခင်များ KNU တပ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

Image
KNU ဥက္ကဌ ဖထီး မူတူးကို နားလည်မပေးရင်တောင် ဆဲဖို့တော့ မသင့်တော်ပါဘူး။ ဘာလို့ဆို ခင်များတို့ရဲ့ကျေးဇူးသူ့အပေါ်မှာ ရှိကို မရှိတာ။ ပြည်မနေသူတွေကို ပြောတာပါ။ ဦးနုခေတ်ကနေ အခုထိ ထွက်ပြေးကြတာ KNU/KNLA နယ်ပါပဲ။ သူတို့ပဲ ခင်များတို့ကိုတောက်လျှောက်ကြိုဆို လက်ခံပေးထားတာ။ အခုလည်းပြေးသူတွေရော စစ်သင်တန်းတွေရော သူတို့ပဲ ပေးတဲ့သူတွေဆိုတာ မမေ့သင့်ပါ။ ပြန်စဉ်းစားကြည့်ပါ ကရင်ဒုက္ခသည်တွေလို့ ခင်များတို့ဆီမှာခိုလှုံပြီး စခန်းကြီး စခန်းငယ်ခိုလှုံကြတဲ့သမိုင်းရှိလို့လား။ ကျုပ်သိသလောက်တော့ မရှိပါဘူး။ ကဲ ဆိုကြပါစို့ တစ်ခုခုဖြစ်ပါပြီထိုင်းကလည်း လက်မခံလည်း ပြည်မဘက်ပြေးမယ်ဆို ခင်များတို့ သူတို့လို ကြိုဆိုနိုင်ကြမလား။ တွေးကြည့်ဖို့ပဲ ပြောတာပါ။ သိပ်အများကြီးမဟုတ်ပါ။  Photo : DVB English ဖထီးမူတူးထုတ်ပြန်ချက်ကို သေချာဖတ်ကြည့်ရင် NCA မူအတိုင်းဆက်သွားမယ်ဆိုတဲ့အချက်ရယ် တချို့အဖွဲ့တွေကလည်း စည်းကမ်းအတိုင်းလိုက်နာဖို့လိုတယ်ဆိုတာရယ်၊ စားပွဲပေါ်မှာပဲ ရှင်းချင်တယ်ဆိုတဲ့အချက် သုံးခု ပါပါတယ်။ နိုင်ငံရေး စကားတွေပါပဲ။ သူ  ဘာလို့ ဒီလိုပြန်စဉ်းစားတာလဲ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလအစောပိုင်း ရှေ့ပိုင်းစာမျက်နှာတွေကို လှန်ကြည့်ရအောင်ပါ

အာပီဂျီနဲ့ခေတ်မီရုရှားသေနတ် အလက်ထောင်ချီ အာရေဗီးယန်းပင်လယ်ပြင်တွင်ဖမ်းမိ

Image
မြောက်အာရေဗီးယန်းပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်ထဲခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အမှတ် (၅) လေယာဉ်တင်သင်္ဘောအုပ်စု  (CG-61) က မေလ ၆-၇ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ရာမှာ လက်နက်ကြီး လက်နက်ငယ်စုစုပေါင်းထောင်ဖမ်းဆီးရရှိခဲ့ပါတယ်။  အမေရိကန်ရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အဆင့်မြင့်ရုရှားထုတ် ပစ်မှတ်ခြေရာခံ တင့်ကားဖျက်ဒုံးကျည်တွေ၊ ထောင်ချီတဲ့ တရုတ်နိုင်ငံထုတ် Type-56 စက်သေနတ်တွေ၊ ရာချီတဲ့ PKM စက်သေနတ်ကြီးတွေ၊ စနိုက်ဘာ သေနတ်နဲ့ အာပီဂျီတွေပါတယ်လို့ မေလ-၈ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။  5th Fleet ဓာတ်ပုံကို ရေတွက်ကြည့်သလောက် ရုရှားထုတ် Dragunov စနိုက်ဘာသေနတ် အလက် ၁၀၀ ပါဝင်ပါတယ်။ Dragnov စနိုက်ဘာသေနတ်နဲ့ နဲ့ PKM စက်သေနတ်တွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ထဲမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်က ပြန်ပြီး ပုံစံတူထုတ်တာလို့လည်း ဆိုကြတာရှိပါတယ်။  တာဝေးပစ် စနိုက်ဘာ သေနတ် (အမျိုးအစားမသိ) ကလည်း အနည်းဆုံးအလက် ၅၀ ပါပြီးတော့ RPG လက်နက်ကြီး အလက် ၂၀၀ ခန့်ပါပါတယ်။ ရုရှားထုတ် စက်သေနတ် PKM က အလက် ၂၀၀ ပါတယ်လို့ခန့်မှန်းရပါတယ်။  ကျန်တဲ့ဟာကတော့ ရိုးရိုး ချေမှုန်းရေးရိုင်ဖယ် အနည်းဆ

ပြင်ဦးလွင်မှာတွေ့တဲ့ ဒရုန်း အစ္စရေးလား၊ တရုတ်လား

Image
ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးအစားမသိတဲ့ ဒရုန်းအကြီးတစ်ခု ပြင်ဦးလွင်မှာပျက်ကျတဲ့ပုံတွေ တက်လာတယ်။ တင်လိုက်တဲ့လူကလည်း ဘာရယ်မှန်း တိတိပပ သိပုံမရပါ။  ဓာတ်ပုံကလည်း အဝေးက ရိုက်လာတာမလို့ သူ့ရဲ့ နံမည်တွေ ဘာတွေ ဘားကုဒ်၊ ဒါမှမဟုတ် စာသားတစ်ခုခုပါတဲ့ ဟာမျိုးလည်း ရိုက်တင်တာမတွေ့ရလို့ ဘာက ဘာလဲသိရဖို့ ခဲယဉ်းပါတယ်။  Crashed drone in Pyin Oo Lwin  ဆိုလိုတာက အဲဒီ ဒရုန်း (Combat Drone or Surveillance Drone ) ဟာ တရုတ်နိုင်ငံထုတ်လား၊ အစ္စရေးထုတ်လား၊ အိန္ဒိယထုတ်လား၊ ရုရှားထုတ်လား သေချာ မသိရတာပါ/တရုတ်နိုင်ငံထုတ် ဒရုန်းတွေကိုကြည့်တဲ့အခါ ASN-29 အမျိုးအစားကိုတွေ့ပါတယ်။ ဒီဇိုင်းက အမြှီးနှစ်ခုနဲ့ ပန်ကာဒလက် အလယ်မှာ တပ်ထားတာမလို့ တူသယောင်ထင်ရပေမဲ့ သူ့ရဲ့ကိုယ်ထည်ဖွဲ့စည်းပုံက ပြင်ဦးလွင်မှာ တွေ့ရတဲ့ ဒရုန်းနဲ့မတူပါ။  Chinese product ASN-209  ဒရုန်းအမျိုးအစားတွေကို #MoreMyintBlog က လိုက်လံစစ်ထုတ်ကြည့်တဲ့အခါ သူနဲ့ဒီဇိုင်းတူတာက Israel စစ်တပ်သုံး Heron UAVs နဲ့ သွားတူနေပါတယ်။ Heron ရဲ့ဒီဇိုင်းကိုယ်ထည်နဲ့ ပြင်ဦးလွင်မှာတွေ့ရတဲပုံစံက ထပ်တူနီးပါးကျပါတယ်။ ဒါပေမဲ့ တောင်ပံမှာသာ Heron ကအဆင်းအတက်အတွက်ဘီးတပ်တာမလို့ လုံးဝထပ်တူ ကျတယ်လို့

KNU/KNLA နောက်ထပ်စစ်စခန်းတစ်ခုသိမ်း

Image
KNLA တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့နောက်ထပ်စခန်းတစ်ခုဖြစ်တဲ့ ဦးသုထု (Oo Thu Hta) စခန်းကို ဒီနေ့ မေလ ၇ ရက်နေ့ မနက်မှာ မီးရှို့လိုက်ပါတယ်။  KNLA တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာ ရှိတဲ့ စခန်းသေးတစ်ခုဖြစ်ပါတယ်။ ဒီစခန်းက သံလွင်မြစ်ဘေးနားမှာရှိပြီးတော့ ထိုင်းဘက်ကမ်း မဲဟောင်ဆောင်ခရိုင်နဲ့မျက်နှာချင်းဆိုင်ပါ။  KNLA တပ်မဟာ ၅ က အနည်းဆုံး စခန်း ၃ ခု သိမ်းဆည်းထားပြီ ဖြစ်ပါတယ်။ သော့လယ်ထရွာအနီးက စခန်းတစ်ခု၊ သီးမူးထာနဲ့ အခု ဦးသုထ စခန်းတွေဖြစ်ပါတယ်။ 

ဒေါက်တာတင်မာအောင်ကိစ္စ အကဲခတ်ခြင်း (Explanatory)

Image
By More Myint  စစ်ကောင်စီကျင်းပတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ မြောက်ဦးအမွေအနှစ် UNESCO ယူနက်စ်ကို မှတ်တမ်းဝင်နိုင်ရေး အစည်းအဝေးကို မေလ ၆ ရက်နေ့မှာ လူသိများတဲ့ ဒေါက်တာ တင်မာအောင် အစည်းအဝေးတက်ခဲ့ပါတယ်။  တချိန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် (Personal assistant) အဖြစ်၊ အထူးသဖြင့် ဖိနှိပ်ခံဘဝတုန်းက ရပ်တည်ပေးခဲ့တဲ့ အနစ်နာခံပေးခဲ့တာတွေကြောင့်လည်း လူတွေရဲ့ချီးမွှမ်းခြင်းကို ရခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ ချစ်ခင်သူတွေက သူ့ကို အန်တီငယ်လို့ခေါ်ကြပါတယ်။  ဘယ်အကြောင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနီးကနေ သူ့ကိုထွက်ခွာစေဖို့ဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ ဒီနေ့ထက်ထိ မသိရသေးပါ။ အဲလိုနဲ့ သူက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ မှာ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကနေ ဝင်ပြိုင်ခဲ့ပါတယ်။   ANP နဲ့NLD အားကောင်းတဲ့ တောင်ကုတ်မှာ နိုင်ငံရေးဇတ်ရှိန်သေနေတဲ့ ALD ကနေ ဝင်ပြိုင်တဲ့ သူ့အဖို့ ဒီရလဒ်ထွက်တာလည်း သိပ်တော့ မဆန်းပါ။ ဒေါက်တာ တင်မာအောင်က ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့ ဇာတိပါ။  သူက သူ့ရဲ့မြို့ုကို World Heritage Site ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့စဉ်ဆက်မပြတ်ကြိုးစားနေသူပါ။ မနေ့က တက်တဲ့ အစည်းအဝေးမှ