Posts

ဒေါင်းမာန်ဟုန်စစ်ဆင်ရေးနဲ့ AA (Explanatory)

Image
ရခိုင်နယ်စပ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က မွတ်စလင်ရွာတွေကို မီးရှို့ပြီး မောင်းထုတ်ခဲ့ရာမှာ စစ်ဗျူဟာတွေကိုပါ တခါတည်း အသက်သွင်းပါတယ်။ အဲဒါကတော့ ဗျူဟာကုန်းတွေ ကျကျနန တည်ဆောက်တာပါ။  ကျီးကန်းပြင်နယ်ခြားစောင့်စခန်း ARSA အဖွဲ့ဝင်တွေ ဓားနဲ့ဝင်ခုတ်တာခံလိုက်ရပြီးကတည်းက ဗျူဟာတွေကို သံဆူးကြိုးအခိုင်အမာတွေ ဝန်းရံပြီးတော့ တည်ဆောက်စေပါတယ်။ ဗျူဟာတွေကို တိုက်ခိုက်ရေးအတွက် အမြဲတမ်းအသင့်ရှိမယ့် အင်အားတွေကိုပါ တခါတည်း ထည့်သွင်းထားပါတယ်။   အရင်တုန်းက နခခ စခန်းတွေမှာ ဒီလို စည်းစနစ်ကျမှု မရှိခဲ့ပါ။ ဗျူဟာတွေတည်ဆောက်ခါစတုန်းက မောင်တော မြောက်ပိုင်းနဲ့ တောင်ပိုင်းနေရာအများစုကို စာရေးသူကိုယ်တိုင်ရောက်ဖူးပါတယ်။ မှတ်မိသလောက် ကြိမ်ချောင်း၊ မြို့သူကြီး၊ မောရ၀တီ၊ အင်းဒင်လိုနေရာမျိုးတွေမှာ ဗျူဟာတွေထိုင်လိုက်တာပါ။  အဲဒီကာလတုန်းက ဘယ်စစ်ဆင်ရေး ဘာညာဆိုတာလည်း မသိရသေးသလို၊ စခန်းနာမည်တွေလည်း မပေးရသေးပါဘူး။ အခုနောက်ပိုင်းမှာတော့ ကြိမ်ချောင်းဗျူဟာကို အာဏာသိမ်းစစ်တပ်က "ဒေါင်းမာန်ဟုန်စစ်ဆင်ရေး" လို့ ပေးထားပါတယ်။ ကျန်သုံးခုကိုတော့ မသိသေးပါ။  အရင်တုန်းက ဆယ်ကဏန်းသာရှိခဲ့တဲ့ ကြိမ်ချောင်းလို

တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

Image
 ၂၀၁၈ တုန်းက တောင်ကုတ်မှာ ရခိုင်လူငယ်ညီလာခံကိုကျင်းပတော့ ဧရာ၀တီသတင်းဌာန သတင်းထောက်အဖြစ် ကျနော်သွားခဲ့ပါတယ်။ ခရီးစဉ်က ညီလာခံအတွက်မဟုတ်ပါ။ NLD အစိုးရလက်ထက်မှာ နည်းနည်းပြောရဲဆိုရဲလာကြတဲ့ တောင်ကုတ်မြို့သားတွေဆီကနေ ဦးကျောက်တောင်အကြောင်း စုံစမ်းဖို့ပါပဲ။   အနံ့စထွက်တာကတော့ တောင်ကုတ်မြို့သစ်စီမံကိန်း ဆိုရမှာပါ။ ထာ၀ရ အောင်မြေလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းကို စစ်တပ်အလွမ်းသင့် ဦးကျောက်တောင်က ကြံ့ခိုင်ရေးလက်ထက် (အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း မောင်မောင်အုန်း လက်ထက်) ရခဲ့တာဖြစ်တယ်။  ဒီကိစ္စကို အခု စစ်ကောင်စီလက်ထဲ အဖမ်းခံထားရတဲ့ NLD အမျိုးသမီးလွှတ်တော်အမတ် ဒေါ်နီနီမေမြင့်က ၂၀၁၈ ဖေဖော်ဝါရီလတုန်းက  လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။  ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းကတော့ အစိုးရယန္တရားနဲ့ ဝန်ကြီးအဖွဲ့တွေမှာ ပါနေတဲ့ စစ်ဖိနပ်ချွတ်တွေရဲ့ လေသံက လုပ်ငန်းရှင် ဦးကျောက်တောင်ဖက် ယိမ်းနေလို့ပါပဲ။ နယ်ခံတွေကလည်း မဟရဲတာပါပါတယ်။ တကယ်တော့ လက်သိပ်ထိုးရခဲ့တဲ့ စီမံကိန်းနောက်ကွယ်မှာ ပြသနာကတော့ မြေသိမ်းယာသိမ်းကိစ္စတွေပါ။ မြေသိမ်းတဲ့ ပုံစံက ညင်သာပါတယ်။ ဖွံ့ဖြိုးရေးအကြောင်းပြပြီး သိမ်းတာပါ။ ဥပမာ တောင်ကုတ်တက္ကသိုလ်ဆော

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)

Image
အသက် ၅၀ ဆယ်ကျော်အရွယ် ဒေါ်ဖြူမေ (အမည်လွဲ) ဟာ ၂၀၂၀ ခုနှစ် မတ်လ နောက်ဆုံးအပတ်လောက်မှာရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်က စကခ (၉) မှာ ၃ ရက်ချုပ်နှောင်ခံခဲ့ရပါတယ်။ တစ်ရက်မှာ ထိပ်တုံးခတ်ထားတဲ့သူ့ကို တပ်မတော်သားတစ်ဦးက ခေါင်းပေါ်ရေလောင်းပြီး စစ်ဆေးပါတယ်။  စစ်တပ်က ဒေါ်ဖြူမေကို ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်သူအဖြစ်စွပ်စွဲပြီး ကျေးရွာတစ်ခုကနေ ဖမ်းဆီးခဲ့တာပါ။ ထမင်းမစားတာ ၂ ရက်ရှိပြီမို့ ပေးလာတဲ့ ရေပုလင်းကို သူယူသောက်ခဲ့ပါတယ်။ ရုတ်တရက် မူးဝေလာပြီး ခဏလေးအတွင်းမှာပဲ ဒေါ်ဖြူမေ အိပ်ပျော်သွားခဲ့ပါတယ်။ Photo: Reuters  နောက်နေ့မနက်  ပြန်နိုးလာချိန်မှာတော့ သူ့ရဲ့အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနေပြီး ရေမဟုတ်တဲ့အရည်တွေစိုရွှဲနေပါတော့တယ်။ ဒေါ်ဖြူမေဟာ အိမ်ထောင်သည်မဟုတ်ပါ။ သူ သဘောပေါက်လိုက်ချိန်မှာတော့ ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။  အခန်းကျဉ်းထဲ ထိပ်တုံးခတ်ခံထားရတဲ့ သူ့အသံ ဘယ်သူမှမကြားနိုင်တော့ပါ။   ၂၀၂၀ မတ်၊ ဧပြီ၊ မေ လတွေဟာ ရက္ခိုင့်တပ်တော် AA နဲ့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ကာလဖြစ်တာမို့ အစစ်အဆေးလည်းကြမ်းပါတယ်။ မသင်္ကာရင် ရမ်းသမ်းပစ်ခတ

ကျောက်ဖြူလူနာ အမှတ် ၁၁ ကိုဗစ်ဒိုင်ယာရီ

Image
ဒီဆောင်းပါးက ကျနော့်မိသားစုနဲ့ကျနော့်ကိုယ်တွေ့ဖြစ်ရပ်ပါ။ အဓိကပေးလိုတဲ့ မက်ဆေ့ကတော့ ကိုယ့်မိသားစုဝင်တွေ ကိုဗစ်ကူးစက်မခံရအောင်၊ ကူးစက်ခံရရင်လည်း သတိထားဆင်ခြင်လို့ရအောင် ကျနော်တို့မိသားစု လွတ်သွားတဲ့အမှတ်တမဲ့အဖြစ်တွေကို ထပ်ပြီး မမှားစေချင်တာကြောင့်ပါ။  ကျနော့်ရဲ့အမေက ဒေါ်နီအေးဖြစ်ပါတယ်။ ကိုဗစ်နဲ့အသက်လုတိုက်ပွဲကျဆုံးချိန်မှာ ၅၉ နှစ်ပဲရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၃ နာရီဝန်းကျင် ရခိုင်ပြည်နယ်က ကျောက်ဖြူဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။  ဆောင်းပါးရှင် မိုးမြင့်၏ မိခင် ဒေါ်နီအေး  ၂၀၁၈ လောက်ကတည်းက အမေက ရန်ကုန်မှာ မြေးမြစ်သုံးယောက်နဲ့အတူ နေပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းကားပစ်ခတ်မှုတွေ၊ သာမန်အရပ်သားတွေ သားကောင်ဖြစ်သွားနိုင်တဲ့ လက်သည်မပေါ်တဲ့ ဗုံးပေါက်မှုတွေ၊ ကိုဗစ်ကူးစက်မှုတွေ တရိပ်ရိပ်မြင့်တက်လာနေပါတယ်။  ဒီအန္တရာယ် သုံးခုကြား မကျရောက်စေချင်လို့ ကျနော်က အမေတို့ကို ကားစင်းလုံးငှားပြီးကျောက်ဖြူကို မတ်လမှာ ပြန်ပို့ဖြစ်ပါတယ်။ ကလေးတွေက ရန်ကုန်မှာကျောင်းတက်လက်စဖြစ်သလို၊ CDM ဝင်

ကိုဗစ်ဆေးက ဒေလ်တာမျိုးကွဲကိုအပြည့်အဝကာကွယ်ပေးနိုင်လား

Image
 ဒီမေးခွန်းက အနောက်တိုင်းမှာ လူမေးများတဲ့မေးခွန်းဖြစ်သလို၊ အင်မတန်လည်းရိုးစင်းပါတယ်။ မြန်မာနိုင်ငံသားတွေလည်း သိချင်ကြမယ်ထင်လို့ ဖတ်မိတဲ့ DW ဆောင်းပါးတစ်ပုဒ်ကိုကောက်နှုတ်ပြီး လိုတိုရှင်းတင်ပြပေးပါမယ်။  Yes or No ဖြေလို့ရတဲ့မေးခွန်းတော့မဟုတ်ပါ။ ကိုဗစ်ဆေးတွေက အပြည့်အဝကာကွယ်ပေးနိုင်လားဆိုတော့ ကာကွယ်ပေးတယ်လို့လည်းဆိုနိုင်သလို၊ United Kingdom ယူကေမှာ ကိုဗစ်ဆေးထိုးထားပြီးမှ သေဆုံးတဲ့လူနာတွေလည်းရှိနေပါတယ်။  Photo: MPA ဒေလ်တာမျိုးဗီဇကွဲကူးစက်ခံရပြီးတော့ UK မှာသေဆုံးသူက ၂၅၉ ယောက်ရှိပါတယ်။ UK ပြည်သူ့ကျန်းမာရေးဌာန PHE ရဲ့အချက်အလက်အရ အဲဒီထဲက ၁၁၆ ယောက်က ကိုဗစ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက အနောက်တိုင်းဆေးတွေဟာ တရုတ်နဲ့ရုရှားဆေးထက် ပိုပြီးတော့ ကောင်းတယ်၊ ထိရောက်တယ်ဆိုတဲ့အချက်ပါ။ ဒါတောင်မှ ဂရုမစိုက်ဘဲနေလို့ အကူးခံရပြီး သေတာဖြစ်ပါတယ်။  သိပ္ပံနည်းကျဆန်းစစ်ထားတဲ့ သုတေသနအရဆိုရင် ကိုဗစ်ဆေးတွေက ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ အစကတည်းက ဖျားနေလို့ ကိုဗစ်ဆေးထိုးထားသူတွေ သေဆုံးတာနဲ့ကူးစက်ခံရနိုင်ခြေ နည်းတယ်လို့ဆိုပါတယ်။ UK မှာ ဒေလ်တာနဲ့ သေဆုံးသူနည်းပေမယ့် ကူးစက်ခံရသူက မြ

ဂန့်ဂေါက မြင်းကျားစိုက်ပျိုးရေးဝန်ထမ်းနှစ်ဦး လူမှားပစ်သတ်ခံရ၊ အိမ်ရှင်အမျိုးသမီးလည်းသေ

Image
ဂန့်ဂေါမြို့နယ် ကုက္ကားရွာမှာကွင်းဆင်းနေတဲ့ မြင်းကျားစိုက်ပျိုးရေး ကုမ္ပဏီဝန်ထမ်းနှစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်လူတစ်စုက ဇူလိုင် ၁၀ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။  ကုမ္ပဏီဝန်ထမ်းတွေဟာ ပွင့်ဖြူစိုက်ပျိုးရေးတက္ကသိုလ်ဆင်းတွေဖြစ်ပြီး သန့်ဇင်ကိုနဲ့ ဝေယံကျော်ဖြစ်ပါတယ်။ ဝေယံကျော်ဟာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ကဖြစ်ပါတယ်။ သေဆုံးသူ  အမျိုးသမီး ဒေါ်သီတာကတော့ ကုက္ကားကျေးရွာက အိမ်ရှင်ဖြစ်ပါတယ်။  လူမှားပစ်သတ်ခံရတဲ့ မြင်းကျားကုမ္ပဏီဝန်ထမ်းနှစ်ဦး  ဇူလိုင် ၁၀ ရက်နေ့၊ နံနက် ၂ နာရီ ဝန်းကျင်မှာ လက်နက်ကိုင်ထားတဲ့ လူ ၂၀ လောက် ကုက္ကားကျေးရွာက အိမ်ကိုဝင်လာပြီးတော့ အိမ်ရှင်အမျိုးသားကိုထွက်လာဖို့ အော်ခေါ်တယ်လို့ ပစ်သတ်ခံရသူ ဝေယံကျော်ရဲ့ အစ်မဖြစ်သူ မမာလာက MoreMrontVlog ကို ရှင်းပြပါတယ်။  "အိမ်ရှင်ယောကျာ်းကို ထွက်လာဖို့ ပြောတယ်။ မထွက်လာရင် ကျန်တဲ့သူတွေ အကုန်သတ်ပစ်မယ်လို့ ပြောတယ်တဲ့။ အိမ်ပေါ်ကကောင်တွေ ဆင်းလာခဲ့လို့ပြောတယ်။" လို့ မမာလာက ပြောပါတယ်။   ဇူလိုင် ၉ ရက်နေ့မှာ မြင်းကျားစိုက်ပျိုးရေးကုမ္ပဏီ ဝန်ထမ်း ၂ ဦးဟာ သာယာဝတီကျေးရွာမှာ ကွင်းဆင်းရင်းနဲ့ ရွာနီးချင်းဖြစ်တဲ့ ကုက္က

ဖော်ကောင် သို့မဟုတ် MPDF ဗိုလ်ထွန်းတောက်နိုင် (Explanatory)

Image
ဒုဗိုလ်မှူးကြီးအောင်မျိုးကျော်နှင့် ဗိုလ်ကြီးတစ်ဦး ဇွန်လ ၂၂ ရက်နေ့ မန္တလေးမှာ Mandalay PDF (MPDF) ရုံးခန်းဝင်စီးခံရတဲ့ဖြစ်စဉ်မှာ သေဆုံးခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး တစ်ဦးကျဆုံးတယ်ဆိုတာ တော်ရုံစစ်မြေပြင်မှာတောင် ရှိတောင့်ရှိခဲကိစ္စပါ။ ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ သေဆုံးရတာပါလဲ?   တကယ်တော့ ဒီဖြစ်စဉ်ကို MoreMrontVlog က စုံစမ်းသိရှိတာရှိပေမယ့် နောက်ဆက်တွဲသက်ရောက်မှုကြီးမားနိုင်လို့ မရေးဘဲအချိန်တစ်ခုစောင့်နေခဲ့တာပါ။ ဒါပေမဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ဖက်က ဒီကိစ္စကို အမှန်အမှားရောထွေးပြီးထုတ်လာတာကြောင့် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။  MoreMrontVlog အနေနဲ့ ဒီနေရာမှာ အဓိကပြောလိုတာကတော့ ဖြစ်ခဲ့တာကို သင်ခန်းယူပြီး ပြန်ပြင်ဆင်နိုင်ဖို့ပါ။ စိတ်ဓာတ်ကျစေဖို့ မဟုတ်ပါဘူး။ အဖိတ်အစင်မရှိတဲ့ တော်လှန်ရေးဆိုတာ မရှိပါဘူး။ ဒါကြောင့်  စိတ်ကို ခိုင်ခိုင်မာမာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။  MPDF ဗိုလ်ထွန်းတောက်နိုင် စစ်ကောင်စီက ထုတ်ပြလာတဲ့ မန်း PDF ထွန်းတောက်နိုင်ဆိုတာ ဟုတ်ပါသလား မေးရင်တော့ မှန်ပါတယ်လို့ ပြောရမှာပါ ။ ဇွန်၂၃ ရက်နေ့ ကားအစီးလိုက် လက်နက်တွေ အဖမ်းခံရကတည်းက ဒီကိစ္စကို သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့နီးစပ်သူတွေ

ရခိုင်မှာ ဘာကြောင့်ယာယီကျောင်းပိတ်သင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Commentary)

Image
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ခေါ်  Covid-19 ရောဂါပိုးတွေ့တယ်ဆိုတဲ့ သတင်းတွေခပ်စိပ်စိတ်ဖတ်လာရပါတယ်။ ပထမဆုံးသတိပြုမိတာက ဘင်္ဂလာဒေ့ရှ်နဲ့ကုန်သွယ်မှုမပြတ်လုပ်နေတဲ့ မောင်တောကုန်သွယ်ရေးဇုံ ကိစ္စဖြစ်ပါတယ်။ အခုတော့ ယာယီ ၂ ပတ် ပိတ်တယ်လို့ဆိုပါတယ်။   ဘင်္ဂလားဒေ့ရှ်မှာတွေ့ရှိတဲ့ ၈၀ ရာခိုင်နှုန်းသော ပိုးကူစက်မှုဟာ အိန္ဒိယကနေ လာတာလို့ တူရကီသတင်းဌာ Anadolu Agency (AA) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောကို ကူးစက်လာတဲ့ဗိုင်းရပ်စ်ဟာ အိန္ဒိယမျိုးကွဲ ဒေလ်တာ (Delta variant) ဖြစ်ခဲ့တယ်ဆိုရင် ရခိုင်လူထုအတွက် ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကိစ္စကို မထုတ်ပြန်သေးပါ။  နောက်ထပ်တွေ့တာကတော့ ရန်ကုန်ကနေလာတဲ့ နယ်ခြားစောင့်ရဲနဲ့လဝက ၉၃ ယောက်မှာ ဗိုင်းရပ်စ် တွေ့ရတယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီကနေ နောက်ထပ် ဖတ်လာရတဲ့ သတင်းကတော့ ရခိုင်ပြည်နယ်က ကျောင်းသူ ကျောင်းသားနဲ့ဆရာမ ၁၈ ယောက်မှာ ကိုဗစ်တွေ့ရှိရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။  Photo: MoreMrontVlog  ကူးစက်ခံရတဲ့ နယ်မြေတွေက စစ်တွေ၊ ပေါက်တော၊ ဂွ၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် (စုစု

ရုရှားလက်တံပိုရှည်လာမယ့် မြန်မာ့ရေပိုင်နက်လုံခြုံရေး (Analysis)

Image
မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ရေပိုင်နက်လုံခြုံရေးအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "အပြည့် အဝကူညီပေးရန်အသင့်ရှိတယ်" လို့ ပြောဆိုလိုက်ပါတယ်။   စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ဗိုလ်ကြီးအေးသဇင်မြင့် မေးမြန်းတဲ့ အင်တာဗျူးမှာ ရုရှားကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန်းဒါး ဖိုမင် ( Colonel General Alexander V. Fomin ) အထက်ပါအတိုင်းပြော ဆိုခဲ့တာဖြစ်ပါတယ်။  အလက်ဇန်းဒါး ဖိုမင်ရဲ့ပြောဆိုချက်မှာ အနှစ်ချုပ်အားဖြင့် မြန်မာ့ရေကြောင်းစစ်ရေးကိစ္စ၊ နွေဦးတော်လှန်ရေးအပေါ်ရှုမြင်ပုံနဲ့ အမေရိကန်ရဲ့ အင်ဒိုဖစိဖိတ်လွှမ်းမိုးနိုင်မှုအခြေအနေ၊ ရုရှား-မြန်မာ စီးပွားရေးကိစ္စတွေ ပါဝင်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်ပြီးတော့ အစိုးရဝန်ထမ်းတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ လက်ခံနိုင်ဖွယ်မရှိကြောင်း နဲ့ဒီနည်းနဲ့ဒီမိုကရေစီ မရရှိနိုင်ဘူးလို့ ဒုဝန်ကြီးက ဆိုခဲ့ပါတယ်။   ဒီဆောင်းပါးမှာတော့ ရေကြောင်းကိစ္စကိုပဲအဓိကထားဆက်ပြီးဆွေးနွေးပါမယ်။                                 ရေပိုင်နက်လုံခြုံရေး (Maritime Security) မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ရုရှားဒုဝန်ကြီး