Posts

Showing posts from April, 2021

KNLA တပ်မဟာ ၅ ဧရိယာကို စစ်ကောင်စီဗုံးကြဲနေ (video)

Image
KNLA တပ်မဟာ ၅ ထဲမှာရှိတဲ့ အိထုထရွာ (Ei Htu Hta)နဲ့ ဝါကလေ့ထ ကျေးရွာနားကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဟယ်လီကော်ပတာတွေ ဒီနေ့ ဧပြီ ၃၀မှာဗုံးကြဲနေတဲ့မြင်ကွင်း Video: SLP KNLA တပ်မဟာ ၅ က သော့လယ်ထ (ထိုင်းဘက်ခြမ်း) ကျေးရွာမျက်စောင်းထိုးက စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပါတယ်။

ထိုင်းကတစ်ဆင့်ဆန်အိတ်သယ်ဖို့ကြိုးစားတဲ့စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်

Image
KNLA တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ်ကမ်းနံဘေးနားမှာရှိတဲ့ စစ်ကောင်စီရဲ့ရှေ့တန်းအခြေစိုက်ကစခန်းတစ်ခုကို KNLA က ဒီနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်အစောပိုင်းမှာ သိမ်းယူခဲ့ပါတယ်။  စစ်ကောင်စီတပ်စွဲထားတဲ့နေရာက ထိုင်းနိုင်ငံဘက်ခြမ်း မဲဟောင်ဆောင်ခရိုင် မဲစရီယမ်မြို့၊ မဲ့စမ်လတ်ကျေးရွာနဲ့မျက်နှာချင်းဆိုင် မြန်မာဘက်ကမ်းမှာဖြစ်ပါတယ်။ စခန်းကိုဝင်စီးပြီးနောက် တဲတွေကို KNLA က ဖျက်ဆီးလိုက်ပါတယ်။ တိုက်ပွဲတွင်း ထိခိုက်သေဆုံးမှုရှိ မရှိ မသိရသေးပါဘူး။ စခန်းဝင်စီးခံရပြီးနောက် စစ်သားတွေဟာ သံလွင်မြစ်နံဘေးဆင်းပြေးတာ တွေ့ရပါတယ်။  ဒီနေရာဟာ ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ကောင်စီတပ်တွေ ထိုင်းနယ်မြေကိုအသုံးပြုပြီးတော့ ဆန်အိတ်သယ်ယူဖို့ကြိုးစားတဲ့နေရာလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့တုန်းကလည်း  အရပ်သားစက်လှေတစ်စီးနဲ့ ထိုင်းဘက်ခြမ်း Tha Ta Fung ကျေးရွာဘက်ခြမ်းကိုသွားနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်က သေနတ်ပစ်ဖောက်ခဲ့ပါသေးတယ်။   Photo: Salween Press  နှစ်နိုင်ငံတပ်ဖွဲ့အချင်းချင်း စကားပြောတဲ့အခါ နားလည်မှုလွဲတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ ဒီနေရာမှာ အထိုင်ချတဲ့ အရာရှိဟာ ဗိုလ်မှူးအဆင့်ရှိသူဖြ

ဘူလီနှင့် ရခိုင့်လူမှုအသိုင်းအဝိုင်း (ESSAY)

Image
ကျနော့်ကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့က တောရွာလေးတစ်ရွာမှာ မွေးပါတယ်။ မဆလ ခေတ်အတွေ့အကြုံကို ကြုံခဲ့ရတဲ့ အဖေနဲ့အမေက ပညာသင်ခွင့်မရှိခဲ့ကြပါ။ အဲဒီခေတ်တုန်းက ဘုန်းကြီးကျောင်းဟာ ရွာရဲ့ အမြင့်ဆုံးပညာရေးပါပဲ။ အဖေက အဲဒီ  ဘကပညာရေးကိုရပါတယ်။ ရွာတွေမှာက မိန်းကလေးတွေဆိုတာ အမြဲတန်း ဒုတိယနေရာမှာအထားခံရတာ ပုံမှန်ပါပဲ။ ဒါကြောင့် ယောကျာ်းလေးဖြစ်သူက ပညာသင်ဖို့အခွင့်အများကြီးရှိပါတယ်။ အရွယ်ရောက်လို့အိမ်ထောင်ကျတဲ့အထိ အမေလည်းပဲ စာကောင်းကောင်း မရေး တတ်ပါဘူး။ ဒါပေမဲ့ အမေက အရမ်းကြိုးစားတယ်။ ဇွဲရှိတယ်။ ခေါင်းမာတယ်။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားပြီး အာခံရဲတဲ့ သတ္တိသူ့မှာရှိတယ်။ အတန်းစာနဲ့ အသိပညာ အဲဒီခေတ်တုန်းက ဗမာစာတတ်မြောက်ရေးနဲ့ " အ " သုံးလုံးသင်တန်းတွေ ရွာမှာလာပို့ချတော့ အမေ သင်ယူတယ်။ ရေးတတ် ဖတ်တတ်လာတယ်။   တစ်ရွာလုံးမှာ စာကိုရေးတတ်တဲ့သူ ငါးယောက်တောင်မပြည့်ပါ။ ကျနော့်အမေ အဲဒီထဲမှာပါတယ်။ အမေက ရေရှည်ကိုတွေးတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေ အမြဲရှိတတ်တယ်။ အဲဒီအဖိုးမဖြတ်နိုင်တဲ့ ပညာအမွေပေါ့၊   ကျနော်အမေ့ဆီက ရခဲ့တယ်။    အမေက မြင်တယ်

စစ်တွေဂျမားဗလီကိစ္စ ရခိုင်လူထုအလွှာကို ခွဲခြမ်းကြည့်ခြင်း (Opinion)

Image
ရခိုင်ပညာတတ်တွေနဲ့ သာမန်လူထုကြား၊ အထူးသဖြင့် မဘသနဲ့ခင်ညွန့်၊ နေဝင်းမှိုင်းမိနေတဲ့အုပ်စုကြား ကွာဟချက် အရမ်းကြီးတာကို ဒီရက်ပိုင်းမှာ သတိထားမိလာပါတယ်။ ဒီကိစ္စကိုပြောတာနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြမယ်၊ တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုသလို ပြောဆိုကြမှာ ကျနော်တွက်ဆမိပါတယ်။ ဒါပေမဲ့ အရဲစွန့်ပြီးတော့ ရေးလိုက်ပါပြီ။ အထူးသဖြင့် စစ်တွေမြို့လယ်ခေါင်က နှစ်ပေါင်းရာကျော်ရှိတဲ့ ကိုလိုနီခေတ်ဦးပိုင်းက ဂျမားဗလီအကြောင်းပြောကြရာမှာ စတင်လာတဲ့ ကိစ္စပါ။ တိုးတက်တဲ့အမြင်ရှိတဲ့ ရခိုင်အလွှာတွေက ဂျမားဗလီကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုတာကို ဗလီမို့လို ဘာလို့လုပ်ရမလဲဆိုတဲ့အမြင်နဲ့ ပြန်ပြီး ရိုင်းပြကြတာပါ။  ဂျမားဗလီက ဗိသုကာလက်ရာလည်းထူးခြားတယ်၊ နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ အကဲဆတ်တဲ့ ဘာသာရေးကိစ္စလည်းဖြစ်တာမို့ ဒီကိစ္စကို အလေးထားကြဖို့ ပြောလာကြတာပါ။ နိုင်ငံတကာက ဘာလို့စိတ်ဝင်စားလဲ။ ဆိုတော့ အားလုံးသိကြတဲ့ ၂၀၁၂ ရခိုင်နဲ့မွတ်စလင်ကြား လူမျိုးရေးဘာသာရေးဆန်တဲ့ ပြသနာကနေ စပါတယ်။  အဲဒီကာလတုန်းက မွတ်စလင်အဆောက်အအုံတွေ ဒါဇင်နဲ့ချီဖြိုဖျက်ခံရပါတယ်။ လူပေါင်း ၁ သိန်းနဲ့ ၄ သောင်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်စ

BREAKING: စစ်ကောင်စီတပ်နဲ့KNLA သံလွင်မြစ်ဘေးမှာတိုက်ပွဲဖြစ် (ရုပ်သံ)

Image
  ဒီနေ့မနက်ပိုင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ သံလွင်မြစ်ဘေးနားက စခန်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ Dah Kwe ဆိုတဲ့နေရာမှာဖြစ်တာပါ။ ထိခိုက်ကျဆုံးမှုရှိ၊ မရှိအသေးစိပ် မသိရသေးပါ။  Video credit: Salween Press 

ရန်ကင်အမျိုးသမီးလိင်ပိုင်းဆိုင်ရာ စော်ကားခံရသလား (FACT CHECK)

Image
ရန်ကင်းဗုံးပေါက်ကွဲပြီးနောက် အဖမ်းခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ  Sexual Assault လိင်ပိုင်းဆိုင်ရာစော်ကားခံရတယ်ဆိုတဲ့ ရေးသားချက်တွေ မနေ့က လိုင်းပေါ်မှာ အတော်လေးပျံ့လာပါတယ်။  တကယ်တော့ မူရင်းသတင်းက RFA ကနေ တက်တာဖြစ်တယ်။ သတင်းကတော့ sexual harassment လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုလို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက နှုတ်အားဖြင့်သော်လည်းကောင်း၊ ခြေဟန်လက်ဟန်နဲ့သော်လည်းကောင်း ထိပါးတာတွေကို သတ်မှတ်တာပါ။  သတင်းအစအဆုံးနားထောင်ကြည့်သလောက် နှောင့်ယှက်ခံရတာကိုပဲ ဖော်ပြတာပါ။ Sexual abuse or assault လို့ ပါတာကို မတွေ့မိပါ။ Abuse or Assault ဒီစကားလုံးတွေက များသောအားဖြင့် အဓမ္မပြုကျင့်ခံရတဲ့ (Rape) ကေ့စ်တွေကို ဖော်ပြရာမှာသုံးတာပါ။  ဆိုလိုတာက အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ သွေးသားရယူမှု၊ တနည်းအားဖြင့် လူ့အသားချင်းထိစပ်တဲ့အခြေအနေမျိုးကို ဖွင့်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ body ကို ကြည့်ပြီး လိင်အသားပေးပြောဆိုတာ၊ ပုခုံးပုတ်တာ၊ ပါးကိုင်နားကိုင် လုပ်တဲ့အခြေအနေမျိုးကိုတော့ နှောင့်ယှက်တာလို့ပဲဖွင့်ဆိုပါတယ်။  ဒါဆိုရင် ဖေးစ်ဘွတ်ပေါ်မှာပြောနေကြ

BREAKING! ထိုင်းနယ်ခြားစောင့်ရဲကို စစ်ကောင်စီတပ်တွေပစ်ခတ်

Image
 သံလွင်မြစ်ထဲသွားနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့စက်လှေ (speedboat) ကို မြန်မာစစ်တပ်က ဒီနေ့ မတ် ၂၃ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်တယ်လို့ ကနဦးသိရပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာက မြန်မာအခေါ် မဲ့ခါးထရွာ၊ ထိုင်းဘက်ခြမ်းဆိုရင် Baan Tha Ta Fang ရွာရှိတဲ့နေရာလို့သိရပါတယ်။  ထိုင်းနယ်ခြားစောင့်ရဲတွေဟာ ယူနီဖောင်းအပြည့်အစုံ၊ သေနတ်နဲ့ ထိုင်းစက်လှေကို မောင်းနှင်လာတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ရှေ့တန်းစခန်းရှိရာနေရာနဲ့မျက်နှာချင်းဆိုင် ထိုင်းဖက်ကမ်းမှာ စက်လှေရပ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက ပစ်ခတ်တာလို့ ဆိုကြပါတယ်။  ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ထိုင်းရဲတွေကို ဒေါနဲ့မောနဲ့ခေါ်ယူပြောဆိုခဲ့တယ်လို့ သိရပါတယ်။ Ref: AEC & SLW Press (ပုံဟောင်း)

AA စစ်ဦးစီးချုပ်ပြောပြတဲ့ တပ်မငါးခုနဲ့ကြည်း- ရေ- လေ ရခိုင်စစ်ပွဲ ၂ နှစ်တာ အပိုင်း (၂)

Image
၂၀၁၈ - ၂၀၂၀ ကာလတွေမှာ တပ်မတော်ကို ကြည်း၊ ရေ၊ လေ စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။ စကခ သုံးခု၊ စစ်တွေ ဒကစ၊ နယ်ခြားစောင့်တပ်၊ ပြည်ထဲရေး၊ နယ်မြေခံတပ်ရင်းတွေ၊ အမြောက်တပ်တွေအပါအဝင်၊ တပ်မ အနည်းဆုံး ငါးခု (၁၁၊ ၂၂၊ ၄၄၊ ၆၆၊ ၇၇) နဲ့ထိုးစစ်ဆင်ခဲ့တာပါ ။ တိုက်ပွဲပြင်းထန်တဲ့နေ့တွေမှာ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးကနေ ၇ စီးအထိ အသုံးပြုတိုက်ခိုက်ခဲ့တာပါ။   ကိုဗစ်လည်းဖြစ်ပွားနေချိန်မို့၊ စစ်ဘေး-ကပ်ဘေး နှစ်ခုလုံးရင်ဆိုင်နေရတဲ့ ရခိုင်ကို ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်က တိုက်ပွဲရပ်ကြဖို့ ဝင်ပြောရတဲ့အထိဖြစ်ခဲ့ပါတယ် ။ အဲဒီကာလကတည်းက AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်မတော်စစ်အစိုးရချဉ်းကပ်မှုငြိမ်းချမ်းရေးလမ်းကြောင်းဟာ အပစ်ရပ်ပြီး ဟိုနေရာနေပါ၊ ဒီနေရာနေပါဆိုတာမျိုး သူတို့လက်ခံမှမဟုတ်ဘူးလို့ အတိအလင်းပြောခဲ့ပါတယ်။  "ကျနော်တို့ပေးဆပ်ပြီး အများကြီးတိုက်ပွဲဝင်နေတာပဲ ၊ ကျနော်တို့ရဲဘော်တွေ၊ အသက်တွေအများကြီးပေးဆပ်ထားခဲ့ပြီးပြီ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ ယုံကြည်မှုတွေနဲ့ရပ်ပြီးတော့မှ ကြံ့ကြံ့ခိုင်ပြီး ရပ်တည်နေကြတာ စစ်တပ်တောင်ကုန်းလေးတစ်ခုလိုချင်တော့မဟုတ်ပါဘူး။ ကျနော်တို့ဆုံးရှုံးထားတဲ့ ကျနော်တို့ဘိုးဘွားပိုင်မြ

သီးခြားရပ်တည်ဖို့ဆက်သွားမယ့် AA (အပိုင်း-၁)

Image
မှတ်ချက် ။ ၂၀၂၀ ခုနှစ် NLD အစိုးရလက်ထက် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး ရက်ပိုင်းအတွင်း (မတ်လ) မေးမြန်းထားသော အင်တာဗျူးဖြစ်သည်။ စာရေးသူသည် ယင်းအချိန်က RFA ရန်ကုန်ရုံး ဒုတာဝန်ခံအဖြစ်ထမ်းဆောင်နေချိန်ဖြစ်သည်။ AA ကို အင်တာဗျူးသည့်အတွက် တပ်မတော်၏  နိုင်ငံတော်လုံခြုံရေးချိုးဖောက်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့် ခြင်းကိုခံခဲ့ရသည်။ တရားလိုပြုလုပ်သူမှာ နေပြည်တော် သတင်းရဲတပ်ဖွဲ့မှ ဗိုလ်မှုးအဆင့်ရှိသူ ဖြစ်သည်။ ဖိအားပေးခံရသည့်အတွက် ယင်းအင်တာဗျူးလည်းဖြုတ်ချခံခဲ့ရသည်။ တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို စိုးရိမ်နေချိန်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေက အရှိန်လျော့ကျမသွားတဲ့အပြင် ပိုပြီးတောင် ပြင်းထန်လာနေပါတယ်။ NLD အစိုးရကလည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပါတယ်။  ဒါဟာ အကောင်းထက် အဆိုးဘက်ကို ပိုဦးတည်နိုင်တယ်လို့ လေ့လာသူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။ ဒီအကြောင်းအနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို RFA သတင်းထောက် ကိုမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ ရုရှားရေဒါကို စစ်ကောင်စီတင်သွင်း

Image
အမေရိကန် ဒေါ်လာ ၁၅ သန်းတန်ကြေးရှိတဲ့ စစ်သုံးရေဒါအမျိုးအစားကို စစ်ကောင်စီက ရုရှားကနေ ဖေဖော်ဝါရီ လမှာ မြန်မာသို့တင်သွင်းယူခဲ့တယ်လို့ မော်စကိုတိုင်းမ် သတင်းစာက ဧပြီ ၂၀ ရက်နေ့မှာ ရေးသားထားပါတယ်။  တနင်္လာနေ့တန်းက ရုရှားအကောက်အခွန်ဌာနက ထုတ်ပြန်တဲ့စာရင်းအရ ၁၄.၇ သန်း ရေဒါကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာ ဝယ်ယူတယ်လို့ဖော်ပြပါတယ်။ အရပ်သား NLD အစိုးရဆီက အာဏာ လုတဲ့လဖြစ်ပါတယ်။  နေပြည်တော်ကို ဂျွန်လတုန်းကလည်ပတ်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က မြန်မာကို ပန်ဆာ (Pantsir-S1) တာလတ်ပစ် ဒုံးကျည်တွေနဲ့ Orlan-10 စောင့်ကြည့်ရေး ဒရုန်းတွေ၊ ရေဒါတွေရောင်းချမယ့်ကိစ္စကို သဘောတူညီမှုရခဲ့ပါတယ်။  ဒီစစ်လက်နက်ဝယ်ယူမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အာဏာအသိမ်းခံရခင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။  ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံထဲကို တင်သွင်းလာတဲ့ ရေဒါအမျိုးအစားဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်တို့ ဂျွန်လတုန်းက Pantsir ဒုံးကျည်ဝယ်ယူတဲ့ကိစ္စထဲက တစ်ခု ဟုတ်၊ မဟုတ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။  ရုရှားဟာ အာဏာသိမ်းစစ်အုပ်စုကို ဆက်

ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံရတဲ့ဆရာဝန်တွေရဲ့ ပတ်စ်ပို့ပယ်ဖျက်မယ်လို့ စစ်ကောင်စီကြေညာ

Image
 စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဆရာဝန်တွေရဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကနေ ဧပြီ ၂၀ အထိ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းအရ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရတဲ့ ဆရာဝန်ဦးရေ (၁၂၀) အထိ ရှိပါတယ်။ ဒီစာရင်းမှာ ပြည်ထောင်စုဝန်ကြီးလိုမျိုး အဆင့်မြင့်တာဝန်တွေယူထားသူတွေ မပါဝင်ပါဘူး။ စစ်ကောင်စီက ပတ်စ်ပို့ကို ပယ်ဖျက်ရင် ဝရမ်းထုတ်ခံထားရတဲ့ ဆရာဝန်တွေဟာ ပြည်တွင်းလေဆိပ်ကနေ နိုင်ငံတကာသို့ ဒါမှမဟုတ် နယ်စပ်ကနေ တခြားတစ်နိုင်ငံကို တရားဝင်ခရီးသွားခွင့်ဆုံးရှုံးမှာဖြစ်ပါတယ်။   

နာဆာနဲ့ ဒေါ်မီမီအောင်ရဲ့အောင်မြင်မှုကို ကန်သမ္မတ ဂျိုးဘိုင်ဒင် ချီးကျူး

Image
 မြန်မာအမျိုးသမီး နာဆာ (NASA) အင်ဂျင်နီယာ ဒေါ်မီမီအောင်ရဲ့ မားစ်ဂြိုလ်လေ့လာရေး အသေးစားဟယ်လီကော်ပတာ ဒေါင်လိုက်အဆင်းအတက် (vertical takeoff) အဆင်းအတက်ပြုလုပ်နိုင်တဲ့အကြောင်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှာ ရေးသားဖော်ပြလိုက်ပါတယ်။  NASA အနေနဲ့မဆုတ်မနစ်ကြိုးပမ်းမှုက ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့စိတ်ခွန်အားကြီးမားမှုကို သက်သေပြလိုက်တာလည်း ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးထားပါတယ်။ ဒီစမ်းသပ်မှုအောင်မြင်တာဟာ လကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 

ANP ထိပ်ပိုင်းခေါင်းဆောင် အေးနုစိန်ကို EU ဒဏ်ခတ်

Image
ဥရောပသမဂ္ဂ (EU) က စစ်ကောင်စီအဖွဲ့ဝင် ဆယ်ဦးနဲ့တပ်ပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့ (ဆန်ရှင်) လိုက်တယ်လို့ မနေ့က ဧပြီ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။  ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) က ဒေါ်အေးနုစိန်လည်း ပါဝင်လာပါတယ်။ ဒါဟာ ရခိုင်အမျိုးသားပါတီဝင်တစ်ဦး ပထမဆုံးအကြိမ် EU ရဲ့ ဒဏ်ခတ်ခြင်းခံရ တာဖြစ်ပါတယ်။  ANP ပါတီထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်  EU က ဒဏ်ခတ်လိုက်တဲ့ စာရင်းမှာ ကရင်တိုင်းရင်းသား ပဒိုမန်းငြိမ်းမောင်၊ ရခိုင်အမျိုးသမီး ဒေါ်အေးနုစိန်၊ ကချင်တိုင်းရင်းသား Jeng Phang နော်တောင်၊ ချင်းအမျိုးသား ဦးမောင်းဟာ၊ ရှမ်းတိုင်းရင်းသား ဦးစိုင်းလုံဆိုင်၊ ကရင်နီတိုင်းရင်းသား စောဒယ်နီယယ်၊ မွန်အမျိုးသား ဗညားအောင်မိုးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးချစ်နိုင် (စိတ်ပညာ) တို့ပါဝင်ပါတယ်။  ဒဏ်ခတ်အရေးယူခြင်း ခံရတဲ့သူတွေဟာ EU ထဲမှာပါတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ခရီးသွားလို့ မရတော့ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အဲဒီနိုင်ငံတွေနဲ့ ဆက်စပ်လုပ်ကိုင်ခွင့်တို့ကို ဆုံးရှုံးမှာဖြစ်ပါတယ်။  တချိန်က ရခိုင်အမျိုးသားပါတီဝင်ဖြစ်ခဲ့ဖူးသူ ရန်ကုန်တိုင်းရင

စစ်ကောင်စီလိုက်ဖမ်းနေပေမယ့် ကိုတေဇာဆန်း မကြောက်တရားဆက်ဟော

Image
မန္တလေး လူထုသပိတ်ခေါင်းဆောင် တေဇာဆန်းကို စစ်ကောင်စီက ပိုက်စိပ်တိုက်လိုက်လံဖမ်းဆီးနေပေမယ့်၊ သူဟာ " ကြောက်ခေတ်ကို မှောက်ပစ်ကြ" ဖို့  သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ လူထုကို မကြောက်တရားဆော်သြလိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ သူနေဖူးခဲ့တဲ့ တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ နှစ်ကြိမ်လာရောက်ရှာဖွေတယ်လို့ သူက ဒီနေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၁၀ နာရီ ဝန်းကျင်မှာ ရေးသားထားပါတယ်။  ဒီနေ့ ဧပြီ ၁၉ မှာ ဝင်ရောက်ရှာတဲ့အခါ တွေ့သမျှ တန်ဖိုးရှိ၊ မရှိ အကုန် သိမ်းဆည်းသွားတယ်လို့ သူကဆိုပါတယ်။ သိမ်းဆည်းတဲ့အထဲ စာအုပ်၊ ဂီတာပါမကျန် ယူသွားတယ်လို့ သိရပါတယ်။  "လူဆိုးသူခိုး" လုပ်ရပ်လို့ သူက ပြောပါတယ်။  ဒီလိုခိုးဆိုး လုယက်တာဟာ တကယ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ ဝန်းကျင် စစ်တပ်က အနိုင်ကျင့် ဗိုလ်ကျနေတာဖြစ်ပြီး၊ ဗမာလူထု တစ်ရပ်လုံးဟာ စစ်တပ်ရဲ့ သရုပ်မှန်ကို မျက်ဝါးထင်ထင် တွေ့မြင်ရတာပဲ လို့ ကိုတေဇာဆန်းက ပြောလိုက်ပါတယ်။  "ဒါသည်ပင်လျှင် တော်လှန်ရေးထဲက အမြတ်ကြီးတစ်ခုလို့ ကျနော်ကတော့ ခံယူမိပါတယ်။" လို့ သူက ရေးသားထားပါတယ်။  စစ်ဘက်ဆို

စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်လာ

Image
စစ်ကောင်စီဟာ ဘာသာရေးကဒ်ကိုကိုင်ပြီးတော့ ပြည်သူတွေကို ဝါဒမှိုင်းတိုက်တဲ့လုပ်ရပ်တွေကို သူ့ရဲ့သတင်းစာတိုက်ဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ သတင်းစာတိုက်တွေကနေ ဖြန့်ချိလာပါတယ်။  ဒီနေ့ ဧပြီ ၁၉ ရက်နေ့ထုတ် သတင်းစာရဲ့ "တစ်လကြာ ပြန်လာမတဲ့လား မစာဥရယ်" ဆောင်းပါးမှာ မွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။  လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းတာဟာ မွတ်စလင်တွေပြည်နယ် ခွဲထွက်ရေးအတွက်ဖြစ်တယ်လို့ သွေးထိုးရန်တိုက်ပေးထားပါတယ်။  ဆန္ဒပြပြည်သူတွေရော၊ လက်ရှိဦးဆောင်နေတဲ့ NUG အစိုးရကပါ စစ်အစိုးရမှိုင်းတိုက်သလိုမျိုး မွတ်စလင်ခွဲထွက်ရေးကိစ္စတွေ လုံး၀ ပြောဆိုကြခြင်း၊ တောင်းဆိုကြခြင်းမရှိပါ။ မိဘပြည်သူများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှုပါတဲ့ အရေးအသားတွေကို အထူးသတိထားဖတ်ကြဖို့၊ မြန်မာ့လအလင်း၊ ကြေးမှုံ စတဲ့ သတင်းစာတွေကိုအိမ်က မှာယူဖတ်ရှုကြရင်တောင်၊ ယုံကြည်ကိုးစားရတဲ့ ပြည်တွင်းပြည်ပသတင်းတွေနဲ့ တိုက်ကြည့်ပြီးမှသာ ချင့်ချိန်ယုံကြဖို့ လိုပါတယ်။  ရခိုင်ပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း စစ်အစိုးရအာဘော်တွေကို မယုံကြည်ဖို့လိုအပ်ပါတယ်။ ဒီလိုအရေးအသားတွေကို ၂၀၁၂ ခုနှစ် မသီတာထွေးကိစ္စကတ