Posts

Showing posts from January, 2022

တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

Image
 ၂၀၁၈ တုန်းက တောင်ကုတ်မှာ ရခိုင်လူငယ်ညီလာခံကိုကျင်းပတော့ ဧရာ၀တီသတင်းဌာန သတင်းထောက်အဖြစ် ကျနော်သွားခဲ့ပါတယ်။ ခရီးစဉ်က ညီလာခံအတွက်မဟုတ်ပါ။ NLD အစိုးရလက်ထက်မှာ နည်းနည်းပြောရဲဆိုရဲလာကြတဲ့ တောင်ကုတ်မြို့သားတွေဆီကနေ ဦးကျောက်တောင်အကြောင်း စုံစမ်းဖို့ပါပဲ။   အနံ့စထွက်တာကတော့ တောင်ကုတ်မြို့သစ်စီမံကိန်း ဆိုရမှာပါ။ ထာ၀ရ အောင်မြေလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းကို စစ်တပ်အလွမ်းသင့် ဦးကျောက်တောင်က ကြံ့ခိုင်ရေးလက်ထက် (အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း မောင်မောင်အုန်း လက်ထက်) ရခဲ့တာဖြစ်တယ်။  ဒီကိစ္စကို အခု စစ်ကောင်စီလက်ထဲ အဖမ်းခံထားရတဲ့ NLD အမျိုးသမီးလွှတ်တော်အမတ် ဒေါ်နီနီမေမြင့်က ၂၀၁၈ ဖေဖော်ဝါရီလတုန်းက  လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။  ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းကတော့ အစိုးရယန္တရားနဲ့ ဝန်ကြီးအဖွဲ့တွေမှာ ပါနေတဲ့ စစ်ဖိနပ်ချွတ်တွေရဲ့ လေသံက လုပ်ငန်းရှင် ဦးကျောက်တောင်ဖက် ယိမ်းနေလို့ပါပဲ။ နယ်ခံတွေကလည်း မဟရဲတာပါပါတယ်။ တကယ်တော့ လက်သိပ်ထိုးရခဲ့တဲ့ စီမံကိန်းနောက်ကွယ်မှာ ပြသနာကတော့ မြေသိမ်းယာသိမ်းကိစ္စတွေပါ။ မြေသိမ်းတဲ့ ပုံစံက ညင်သာပါတယ်။ ဖွံ့ဖြိုးရေးအကြောင်းပြပြီး သိမ်းတာပါ။ ဥပမာ တောင်ကုတ်တက္ကသိုလ်ဆော