Posts

Showing posts from August, 2021

ကျောက်ဖြူလူနာ အမှတ် ၁၁ ကိုဗစ်ဒိုင်ယာရီ

Image
ဒီဆောင်းပါးက ကျနော့်မိသားစုနဲ့ကျနော့်ကိုယ်တွေ့ဖြစ်ရပ်ပါ။ အဓိကပေးလိုတဲ့ မက်ဆေ့ကတော့ ကိုယ့်မိသားစုဝင်တွေ ကိုဗစ်ကူးစက်မခံရအောင်၊ ကူးစက်ခံရရင်လည်း သတိထားဆင်ခြင်လို့ရအောင် ကျနော်တို့မိသားစု လွတ်သွားတဲ့အမှတ်တမဲ့အဖြစ်တွေကို ထပ်ပြီး မမှားစေချင်တာကြောင့်ပါ။  ကျနော့်ရဲ့အမေက ဒေါ်နီအေးဖြစ်ပါတယ်။ ကိုဗစ်နဲ့အသက်လုတိုက်ပွဲကျဆုံးချိန်မှာ ၅၉ နှစ်ပဲရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၃ နာရီဝန်းကျင် ရခိုင်ပြည်နယ်က ကျောက်ဖြူဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။  ဆောင်းပါးရှင် မိုးမြင့်၏ မိခင် ဒေါ်နီအေး  ၂၀၁၈ လောက်ကတည်းက အမေက ရန်ကုန်မှာ မြေးမြစ်သုံးယောက်နဲ့အတူ နေပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းကားပစ်ခတ်မှုတွေ၊ သာမန်အရပ်သားတွေ သားကောင်ဖြစ်သွားနိုင်တဲ့ လက်သည်မပေါ်တဲ့ ဗုံးပေါက်မှုတွေ၊ ကိုဗစ်ကူးစက်မှုတွေ တရိပ်ရိပ်မြင့်တက်လာနေပါတယ်။  ဒီအန္တရာယ် သုံးခုကြား မကျရောက်စေချင်လို့ ကျနော်က အမေတို့ကို ကားစင်းလုံးငှားပြီးကျောက်ဖြူကို မတ်လမှာ ပြန်ပို့ဖြစ်ပါတယ်။ ကလေးတွေက ရန်ကုန်မှာကျောင်းတက်လက်စဖြစ်သလို၊ CDM ဝင်