Posts

Showing posts from October, 2021

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)

Image
အသက် ၅၀ ဆယ်ကျော်အရွယ် ဒေါ်ဖြူမေ (အမည်လွဲ) ဟာ ၂၀၂၀ ခုနှစ် မတ်လ နောက်ဆုံးအပတ်လောက်မှာရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်က စကခ (၉) မှာ ၃ ရက်ချုပ်နှောင်ခံခဲ့ရပါတယ်။ တစ်ရက်မှာ ထိပ်တုံးခတ်ထားတဲ့သူ့ကို တပ်မတော်သားတစ်ဦးက ခေါင်းပေါ်ရေလောင်းပြီး စစ်ဆေးပါတယ်။  စစ်တပ်က ဒေါ်ဖြူမေကို ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်သူအဖြစ်စွပ်စွဲပြီး ကျေးရွာတစ်ခုကနေ ဖမ်းဆီးခဲ့တာပါ။ ထမင်းမစားတာ ၂ ရက်ရှိပြီမို့ ပေးလာတဲ့ ရေပုလင်းကို သူယူသောက်ခဲ့ပါတယ်။ ရုတ်တရက် မူးဝေလာပြီး ခဏလေးအတွင်းမှာပဲ ဒေါ်ဖြူမေ အိပ်ပျော်သွားခဲ့ပါတယ်။ Photo: Reuters  နောက်နေ့မနက်  ပြန်နိုးလာချိန်မှာတော့ သူ့ရဲ့အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနေပြီး ရေမဟုတ်တဲ့အရည်တွေစိုရွှဲနေပါတော့တယ်။ ဒေါ်ဖြူမေဟာ အိမ်ထောင်သည်မဟုတ်ပါ။ သူ သဘောပေါက်လိုက်ချိန်မှာတော့ ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။  အခန်းကျဉ်းထဲ ထိပ်တုံးခတ်ခံထားရတဲ့ သူ့အသံ ဘယ်သူမှမကြားနိုင်တော့ပါ။   ၂၀၂၀ မတ်၊ ဧပြီ၊ မေ လတွေဟာ ရက္ခိုင့်တပ်တော် AA နဲ့ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ကာလဖြစ်တာမို့ အစစ်အဆေးလည်းကြမ်းပါတယ်။ မသင်္ကာရင် ရမ်းသမ်းပစ်ခတ