တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ဓာတ်ပုံတွေနဲ့ပတ်သတ်ရင် အကဲဆတ်တာကို  သိပ်နားလည်ပုံမရကြဘူး။ အခု တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေကို ရောက်နေကြတဲ့ဖေးဘုတ် ဆယ်လီတွေ၊ မင်းသား မင်းသမီးတွေ၊ တချို့လူငယ်တွေနားလည်ပုံမရကြပါ။ အရေးကြီးပါတယ်။ စာကို ဆုံးအောင်ဖတ်ကြပါ။

A lady in KIA rebel outfit (old photo)

ဟိုးတစ်နေ့ကမော်ဒယ်ဆိုရင် ဓာတ်ပုံမှာ သူဘယ်နေရာကို ရောက်နေတယ်ဆိုတာက အစ ပေါ်နေပါတယ်။ နမူနာတစ်ခုပြောပါမယ်။ သူကတော့နေရာကို မသိစေချင်တာကြောင့် တိုင်းရင်းသားဒေသတစ်နေရာရေးထားပေမယ့် သူမသိလိုက်တာကတော့ ဓာတ်ပုံမှာ ပါလာတဲ့အပင်တွေပါ။ ဒါက သာမန်မျက်စိနဲ့မြင်ရတဲ့ အချက်အလက်ပါ။ 

Model Htar Htet Htet is believed to be in KNU controlled region. 

အင်ဖက်တွေက ဘယ်ဒေသမှာ အိမ်မိုးဖို့အများဆုံးသုံးတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ သာမန်သတင်းစာဆရာတစ်ယောက်ကတောင် အလွယ်တကူခန့်မှန်းလို့ရရင် စစ်တိုက်နေတဲ့ စစ်သားတွေအဖို့ဘာမှခဲယဉ်းစရာမရှိတော့ပါ။ ဓာတ်ပုံတွေမှာ တခြားနည်းပညာဆန်တဲ့ဟာတွေရှိပါသေးတယ်။ ဓာတ်ပုံအတွင်းမှာပါတဲ့ metadata ဆိုရင် အချက်အလက်တွေ များစွာပါပါတယ်။

အဲဒီ metadata ကို ထုတ်ယူပြီးတော့  GPS tracking လုပ်လို့ရပါတယ်။ GPS coordination marks တွေရတာနဲ့ ခင်များ KNU တပ်မဟာ ၅ ထဲမှာလား ၃ ထဲမှာလား၊ ၂ ထဲမှာလား အလွယ်တကူ ရှာလို့ရပါတယ်။ ဒါမှမဟုတ် KIA တပ်တွင်းမှာ တပ်မဟာ ဘယ်လောက်မှာလဲ စသဖြင့် ခန့်မှန်လို့ပါတယ်။ ရပီဆိုရင် ဘာလုပ်လို့ရလဲ။ အဲဒီ data ကို military combat drone မှာ တိုက်ခိုက်ရေး ဒရုန်းတွေမှာ data ထည့်သွင်းပြီးတော့ ပစ်မှတ်ရှာတာမျိုး လုပ်လို့ရပါတယ်။ 

CH-3 Drone used by Myanmar military junta 

ကျနော်လည်း မသိတုန်းက အလွယ်တကူတင်ခဲ့မိတာတွေရှိဖူးတယ်။ နောက်ပိုင်း အဲဒါတွေသိလာတော့ ဖုန်းရော၊ ကင်မရာပါ သေချာဖျက်ပီးမှ တင်လေ့ရှိပါတယ်။ဒါကြောင့် ကျနော့်ဆီက တက်တဲ့ဓာတ်ပုံတွေက အဲလိုအချက်လက်တွေရှာဖို့ခက်ခဲပါလိမ့်မယ်။ ဒါတောင်မှ နည်းပညာအရမ်းကျွမ်းကျင်သူတွေဆိုရင် ခဲရာခဲဆစ်ရှာရင် ရနိုင်ပါသေးတယ်။ 

ဒီအောက်ကစာကို သေချာဖတ်ကြည့်ပါ။  

(Modern smartphones (and many digital cameras) embed GPS coordinates in each photo they take. Yes, those photos you’re taking have location data embedded in them—at least by default.)

ဖုန်းတွေမှာ များသောအားဖြင့် ကင်မရာဆက်တင်ကို သေချာမစစ်ဘဲ ထားတတ်ကြတာရှိတယ်။ အဲဒါအတော်လေး အန္တရာယ်များပါတယ်။ ဘာလို့ဆို share location information ဆိုတာကြီးကို မပိတ်ထားကြတာပါ။ အဲဒါက ဖုန်းရဲ့ GPS ကို ပိတ်ထားရင်တောင် ဓာတ်ပုံမှာ အဲဒီအချက်အလက်က ပါနေတာပါ။

Model Htar Htet Htet 

အားလုံးမှတ်မိကြမယ်ထင်တယ်။ KNU တပ်မဟာ ၅ အခြေစိုက်တဲ့ ဒေပူးနိုနေရာကို စစ်တပ်ကဗုံးကြဲတာ ဒီလိုပုံတွေကများတစ်ဆင့် ခြေရာခံတာမဟုတ်ဘူးလို့ပြောရခက်တယ်။ ခုခေတ်က လူတိုင်းမှာဖုန်းရှိတော့ သတိမပြုမိဘဲ အလွယ်တကူတင်လိုက်တာကနေ ခြေရာခံမိတာလည်း ဖြစ်နိုင်တာပါပဲ။ 

အဲဒီတော့ ပုံတွေတင်မယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာက သတင်းဌာနတွေက အစ သတိထားဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ ကိုယ်က သတင်းတစ်ခုကို အဖြစ်မှန်သိစေချင်လို့ရေးလိုက်ရင်တောင် တစ်ဖက်မှာ စစ်ရေးဆိုင်ရာ နစ်နာမှုတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို သတိပြုသင့်တယ်။ အဲဒီတော့ ဘယ်လိုလုပ်ရမှာပါလဲ။ ကွန်ပျူတာမှာ လုပ်လို့ရတဲ့နည်းတစ်ချို့ကို လမ်းညွှန်လိုပါတယ်။ 

ဓာတ်ပုံတစ်ခုရိုက်ပီဆိုတာနဲ့ EXIF ဆိုတဲ့အထဲမှာ ဒေတာတွေအများကြီးပါပါတယ်။ GPS ကော်ဒီနိတ်အမှတ်အသားတွေက အစပါတယ်။  ဆိုတော့ အဲဒီဓာတ်ပုံကို တင်တာနဲ့ အလွယ်တကူ ဒီပုံက ဘယ်နားမှာရိုက်ကူးခဲ့တာလဲဆိုတဲ့ နေ့စွဲ၊ တည်နေရာက အစရှာလို့ရတဲ့သဘောပါ။ 

ဓာတ်ပုံရိုက်ပီးတဲ့အခါ ဓာတ်ပုံတစ်ခုကိုထောက်လိုက်ပြီးတော့ image properties ထဲကို ဝင်ကြည့်ပါ။ အဲဒီမှာ အခုလိုပုံပေါ်လာပါလိမ့်မယ်။ အဲဒီစာတန်းအပြာလေးကို နှိပ်ပီးတော့ ဖျက်ရမှာပါ။ ဒါက Windows သုံးတဲ့ ကွန်ပျူတာသမားတွေအတွက်ပြောတာပါ။ အတော်ရိုးရှင်းပါတယ်။  






Remove the location data from photos in Preview. Open your photo, select Tools > Show Inspector or press Command+I on your keyboard. Then, click the “GPS” tab, and “Remove Location Info” at the bottom.
Apple သုံးသူတွေကတော့ software တမျိုးကို အသုံးပြုရမှာပါ။ 

ရိုးရိုး Android ဖုန်းမှာဆိုရင် ကင်မရာကိုဖွင့်လိုက်ပါ။ အဲဒီမှာ အပေါ်ဆုံး ညဘက်ဒေါင့် (ကြယ်လေးတစ်ခုပါတယ်)။ အဲဒီဘေးနားမှာ မျဉ်းကြောင်းသုံးခုပါတဲ့ဟာကိုထောက်လိုက်ပါ။ Setting ဆိုတာ ပါပါတယ်။ အဲဒါကိုနှိပ်ရင် အပေါ်ဆုံးမှာ Save Location Info ဆိုတာကြီးပါတယ်။ အဲဒါကို off လုပ်ရမှာပါ။ 

အဲဒါဆိုရင် GPS location မပါတော့ပါဘူး။ အောက်ကို နည်းနည်းဆင်းရင် Add time stamp on photos ဆိုတာတွေ့ရလိမ့်မယ်။ အဲဒါကိုလည်း off လုပ်ပါ။ တချို့ဖုန်းတွေမှာ ဒါက ဘာဖုန်းနဲ့ရိုက်တယ်ဆိုတာကအစ ပါနေတာ ဒါကို မပိတ်ထားလို့ပါ။ အဲဒါကို ပိတ်ထားလိုက်ရင်တော့ ပြောရမယ်ဆို နည်းနည်း သက်သာသွားပါပြီ။ အဲဒါကို ဖော်လို့မရတာတော့မဟုတ်သေးပါဘူး။ ရပါသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကွန်ပျူတာထဲမှာ ဓာတ်ပုံ metadata ကို ဖျက်ရင်ပိုကောင်းပါတယ်။ 

ဒီဟာကျတော့ ရှာမယ်ဆိုရင်တောင် အရမ်း နည်းပညာကျွမ်းကျင်သူတွေမှာ ရှာလို့ရတော့မှာပါ။ ပြောရမယ်ဆိုရင် အလွယ်တကူမသိနိုင်တော့ဘူးပေါ့။ တစ်နာရီရှာရမယ့်ဟာ တစ်ရက်လောက် ကြာသွားနိုင်တာပေါ့။ အဲဒီသဘောမျိုးပါ။ အဲဒီတော့ safe အဖြစ်ဆုံးက ဘာလဲလို့မေးရင် ပုံမရိုက်တာ safe ဘေးအကင်းဆုံးပါ။ 

ခင်များ (UG) တော်လှန်ရေးသမားလုပ်မယ်ဆိုရင် NO PHOTO ပါ။ Facebook အစား encrypted apps တွေသုံးပါ။ Signal/ Telegram စသဖြင့်ပေါ့။ No Viber/ No Whatsapps ပါ။ ဓာတ်ပုံနဲ့ပတ်သတ်တဲ့ အကောင်းဆုံးနမူနာကတော့ ကရင်နီပြည်နယ်မှာဖြစ်သွားတဲ့ လူငယ် ၇၄ ယောက် အဖမ်းခံရတဲ့ ကိစ္စပါ။ 


Comments

  1. social media မှာတင်တဲ့ ပုံတွေမှာ metadata ပါတယ်လို့ ဘယ်သူပြောလဲဗျ...... ပြောထားတဲ့ ပိုစ့်လေးများတွေ့ရင် ပြပါ...... အောက်မှာတော့ ကျနော်ရှာတွေ့ထားတာပါ

    Facebook, Twitter, and VK.com delete metadata;
    Google+ does not delete metadata;
    Instagram deletes metadata;
    Flickr, Google Photo, and Tumblr do not delete metadata;
    eBay and Craigslist delete metadata.
    When you share a photo on Facebook the EXIF location data is automatically removed from the photo before it’s included in the post.

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ရခိုင်ပြည်နယ်ထဲက AA စစ်ရေးပြအခမ်းအနား (video)

ဒေါ်လာ ၃၅ သန်းတန်MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က FN-6 နဲ့ပစ်ချ

KNLA စနိုက်ပါပစ်ခတ်လို့ BGF စစ်ကြောင်းမှူးတစ်ဦးသေ