Posts

Showing posts from February, 2022

ဒေါင်းမာန်ဟုန်စစ်ဆင်ရေးနဲ့ AA (Explanatory)

Image
ရခိုင်နယ်စပ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က မွတ်စလင်ရွာတွေကို မီးရှို့ပြီး မောင်းထုတ်ခဲ့ရာမှာ စစ်ဗျူဟာတွေကိုပါ တခါတည်း အသက်သွင်းပါတယ်။ အဲဒါကတော့ ဗျူဟာကုန်းတွေ ကျကျနန တည်ဆောက်တာပါ။  ကျီးကန်းပြင်နယ်ခြားစောင့်စခန်း ARSA အဖွဲ့ဝင်တွေ ဓားနဲ့ဝင်ခုတ်တာခံလိုက်ရပြီးကတည်းက ဗျူဟာတွေကို သံဆူးကြိုးအခိုင်အမာတွေ ဝန်းရံပြီးတော့ တည်ဆောက်စေပါတယ်။ ဗျူဟာတွေကို တိုက်ခိုက်ရေးအတွက် အမြဲတမ်းအသင့်ရှိမယ့် အင်အားတွေကိုပါ တခါတည်း ထည့်သွင်းထားပါတယ်။   အရင်တုန်းက နခခ စခန်းတွေမှာ ဒီလို စည်းစနစ်ကျမှု မရှိခဲ့ပါ။ ဗျူဟာတွေတည်ဆောက်ခါစတုန်းက မောင်တော မြောက်ပိုင်းနဲ့ တောင်ပိုင်းနေရာအများစုကို စာရေးသူကိုယ်တိုင်ရောက်ဖူးပါတယ်။ မှတ်မိသလောက် ကြိမ်ချောင်း၊ မြို့သူကြီး၊ မောရ၀တီ၊ အင်းဒင်လိုနေရာမျိုးတွေမှာ ဗျူဟာတွေထိုင်လိုက်တာပါ။  အဲဒီကာလတုန်းက ဘယ်စစ်ဆင်ရေး ဘာညာဆိုတာလည်း မသိရသေးသလို၊ စခန်းနာမည်တွေလည်း မပေးရသေးပါဘူး။ အခုနောက်ပိုင်းမှာတော့ ကြိမ်ချောင်းဗျူဟာကို အာဏာသိမ်းစစ်တပ်က "ဒေါင်းမာန်ဟုန်စစ်ဆင်ရေး" လို့ ပေးထားပါတယ်။ ကျန်သုံးခုကိုတော့ မသိသေးပါ။  အရင်တုန်းက ဆယ်ကဏန်းသာရှိခဲ့တဲ့ ကြိမ်ခ...