AA က ဗိုလ်မှူးအဆင့်အပါအဝင်စစ်သုံ့ပန်းခြောက်ဦးကိုပြန်လွှတ်ပေး

ရခိုင်စစ်ပွဲအတွင်း ဖမ်းဆီးရရှိတဲ့ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၆ ဦးကို AA ဘက်က မနေ့က (ဇွန် ၁၆) မြောက်ဦးမြို့နယ်ထဲက ကျောက်ကျပ်ကျေးရွားနားမှာ  ပြန်လွှတ်ပေးခဲ့ပါတယ်။ 

AA combat uniform

AA အရာရှိတစ်ဦးကတော့ ကျန်းမာရေးမကောင်းတဲ့သူနဲ့သက်ကြီးပိုင်းတွေလို့ဆိုပါတယ်။ 

အွန်လိုင်းပေါ်မှာတော့ ရွှေနဒီရေယာဉ်ပေါ်က ဖမ်းမိသူတွေကိုပြန်လွှတ်ပေးတာလို့ ပြောဆိုနေကြတာရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကိုတော့ အေအေဘက်က ထုတ်ပြန်ပြောဆိုတာမရှိတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

ရခိုင်ခြေစိုက် Western News မှာတော့ ရက္ခိုင့်တပ်တော် AA ဘက်က  ဗိုလ်မှူးထိပ်ချွန်းနဲ့ စစ်ကောင်စီတပ်ဖက်က ဗိုလ်မှူးသန်းဝင်းဌေး တက်ရောက်ပြီးတော့ လွှဲပြောင်းရယူခဲ့တာလို့ ဖော်ပြထားပါတယ်။ 

 





  

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ