ဒေါ်လာ ၃၅ သန်းတန်MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က FN-6 နဲ့ပစ်ချ

ဒီနေ့မနက် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲ KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်က တင့်ကားပျံလို့ တင်စားကြတဲ့ ရုရှားထုတ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မိုးမောက်မြို့နယ် ကုန်းလောဘက်က တောင်ကုန်းတစ်ခုပေါ်ကနေ ပစ်မှတ်ခြေရာခံလိုက်တဲ့ ပခုံးထမ်းဒုံး MANPADS FN-6 နဲ့ပစ်ချလိုက်တာလို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ 

MI-35 Attack Helicopter or Russian Hinde

ဟယ်လီကော်ပတာဟာ လေထဲမှာကတည်းက FN-6 ကျည်ထိမှန်လို့ ပေါက်ကွဲမှုဖြစ်တယ်လို့သူကပြောပါတယ်။ လက်ရှိအချိန်ထိ အဲဒီရဟတ်ယာဉ် အစိတ်အပိုင်းတွေဟာ (1:00 pm) မီးလောင်နေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။  

ပစ်ချခံရတဲ့ ရဟတ်ယာဉ်က MI-35 ဒါမှမဟုတ်  MI-24P ဆိုတာ သီးခြားအတည်ပြုလို့မရသေးပါဘူး။ MI-24V ကိုလည်း MI-35 လို့ခေါ်ဆိုကြတာ ရှိတာမလို့ နည်းပညာကျွမ်းကျင်သူတွေသာ ဒီကိစ္စကို သေချာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။ 

MI-35 မှာ ပိုင်းလော့နှစ်ယောက်အပါအဝင်၊ ပစ္စည်းသိုလှောင်ခန်းအပါအဝင် လူ ၈ ဦးအထိ လိုက်ပါနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနေ့ပစ်ချခံရတဲ့အထဲ ဘယ်နှစ်ဦးပါလဲမသိရသေးပါ။



စစ်ကောင်စီကလည်း ဒီသတင်းကို ထုတ်ပြန်ခြင်းမရှိသေးပါ။ 2015 ကနေ ၂၀၂၁ အထိ စစ်မြေပြင်မှာ MI-35 ပစ်ချခံရတာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်မှာပါ။ ရခိုင်စစ်ပွဲ ၂၀၁၈-၂၀၂၀ တုန်းက ယခုလိုမှတ်တမ်းမရှိခဲ့ပါ။ 

MI-24P ကလည်း အသွင်အပြင်တူပေမယ့်စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်မတူပါ။ MI-24P မှာ တိုက်ခိုက်ရေးစက်သေနတ် 12.7MM အမျိုးအစား ၂ လက်နဲ့တွဲဖက်ပါတတ်ပါတယ်။ MI-35 မှာတော့ OPS-24N မြေပြင်တိုက်ရိုက်စောင့်ကြည့်ရေး မှန်ဘီးလူးနဲ့ဆင်ဆာ စနစ်တွေ

ပါဝင်ပါတယ်။ GPS ပါတဲ့ ဒုံးလက်နက်တွေည်းပါဝင်ပြီးတော့ ညဘက်ကြည့် ဆင်ဆာစနစ်တွေပါ ပါဝင်ပါတယ်။ MI-35 Hinde တစ်စင်းရဲ့ကာလပေါက်ဈေးက အမေရိကန်ဒေါ်လာ ၃၅ သန်းအထိ ရှိပါတယ်။ တာဘို အင်ဂျင် Isotov TV3-117VMA  နှစ်လုံးတပ်ဆင်ထားပါတယ်။ တပ်ဆင်ပစ်ခတ်နိုင်တဲ့ ပစ္စည်းအမျိုးအစားတွေကတော့ အောက်ပါအတိုင်းပါ။ 

Shturm-V anti-tank missile complex with Shturm or Ataka missiles, up to 8 missiles

- Up to four UB-32A-24 packs each housing 32 57-mm S-5 rockets

- Up to four B8V20-A packs each housing 20 80-mm S-8 rockets

- APU-68UM3 launchers with 240-mm C-24 unguided rockets (2 or 4 rockets)


Comments

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ရခိုင်ပြည်နယ်ထဲက AA စစ်ရေးပြအခမ်းအနား (video)

KNLA စနိုက်ပါပစ်ခတ်လို့ BGF စစ်ကြောင်းမှူးတစ်ဦးသေ