KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

စစ်သင်တန်းတက်ရာကပြန်လာတဲ့ လူငယ် ၇၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖရူဆိုမြို့နယ်ထဲမှာ ဧပြီလ ၃၀ ရက်နေ့တုန်းက ဖမ်းဆီးလိုက်တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။ 

သင်တန်းကနေ နေရာအသီးသီးအသို့ပြန်ဖို့အတွက် ကားနဲ့လာတဲ့လမ်းမှာ အဖမ်းခံရတာလို့ အမည်မဖော်လိုသူတစ်ဦးက ရှင်းပြပါတယ်။ အဖမ်းခံလိုက်ရတဲ့ အသက် ၂၀-၃၀ အရွယ်ရှိလူငယ်တွေဟာ အခုတော့ ထောင်ထဲမှာပါ။ 

KNPP စစ်သားများ (old photo) 
ဖမ်းဆီးခံရတဲ့အထဲ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပါတယ်။ မြေသယ်ကား နှစ်စီး (Dump truck) နဲ့ တောကနေ မြို့ပေါ် အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ လူငယ်တချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ဖုန်းတွေကိုဖွင့်စစ်တဲ့အခါ သင်တန်းတက်နေတဲ့ ဓာတ်ပုံတွေပါ တွေ့ရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

"ဆယ်လီနိုင်ငံရေးလုပ်ချင်တဲ့ ပြသနာပါ။ သေနတ်ကိုင်ထားတဲ့ပုံတွေကို လိုင်းပေါ်တင်ကြ၊ ပြီးတော့ ဖုန်းတွေမှာ အဲဒီပုံတွေကို သိမ်းထားတယ်။ အဲဒီဟာတွေကို ရှာတွေ့သွားတာပါပဲ။" 

အခုလို ဖမ်းဆီးခံရတဲ့အထဲက ဘယ်နှစ်ယောက်ရဲ့ဖုန်းမှာ အခုလိုတွေ့ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါ။ လူငယ်တွေဟာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ (KNPP) ဆီမှာ သင်တန်းသွားတက်ခဲ့ကြတာလို့သိရပါတယ်။ 

သင်တန်းသားတချို့ရဲ့ တောင်းဆိုမှုကြောင့် KNPP ကလည်း သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပါ ထုတ်ပေးတယ်လို့သိရပါတယ်။ ကရင်နီလူငယ်သတင်းရင်းမြစ်ကတော့ အခုလိုမျိုး သင်တန်းလက်မှတ်ထုတ်ပေးတာတွေ၊ ဓာတ်ပုံရိုက်သိမ်းထားတာတွေ၊ မိမိဘာလုပ်နေကြောင်း ခင်မင်ရသူ သူငယ်ချင်းတွေကို ပေးသိတာတွေဟာ မလုပ်သင့်တဲ့ ကိစ္စတွေဖြစ်ကြောင်း သူက ထောက်ပြပါတယ်။ 

"Gen-Y/ Gen-Z လူငယ်တွေအနေနဲ့ ဓာတ်ပုံရိုက်တင်တာတွေ မလုပ်ဖို့လိုအပ်ပါတယ်။" လို့ သူကပြောပါတယ်။ 

လူငယ်တချို့ဆို လူလုံးထွက်ပြပြီးတော့ နိုင်ငံတကာသတင်းဌာနနဲ့အင်တာဗျူးတွေအထိပါ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ကရင်ပြည်နယ်စပ်ကနေ ပြန်လာတဲ့ ပဲခူးတိုင်း  ရွှေကျင်မှာလည်း လူငယ်တွေကို စစ်တပ်က ဖမ်းဆီးတဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စစ်ကောင်စီက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိပါ။ လက်ရှိအချိန်မှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လူငယ်တွေကို သင်တန်းပို့ချမှုတွေရှိနေပါတယ်။ 

ဒါပေမဲ့လည်း တော်လှန်ရေးကိုစတင်တဲ့လူတွေအဖို့ ခက်ခဲကြမ်းတမ်းပြီး၊ အရင်လိုနေတဲ့ အလေ့အကျင့်တွေကို အကုန်ပြုပြင်ရမယ့်အကြောင်းတွေ၊ စည်းကမ်းလိုက်နာမှုတွေအကြောင်းကို KIA ကလည်း အထူးသင်ကြားပို့ချတာတွေရှိပါတယ်။ 

Video file ကို ဒီနေရာမှာကြည့်ရှုနိုင်ပါတယ်။ 


မှတ်ချက် - ၉း၂၀ am မှာ အနည်းငယ်ပြန်ပြင်ထားပါတယ်။ ကရင်နယ်စပ်ကနေ ပြန်လာပြီးတော့၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာအဖမ်းခံရတာပါ။








Comments

  1. ကိုမိုးမြင့် က သတင်းရင်းမြစ်ကို ကရင်နီလူငယ်များလို့ ရေးထားပေမယ့် မခိုင်လုံသေးဘူး။ ရွှေကျင် ဆိုတဲ့မြို့က ပဲခူးတိုင်းထဲ ပါတာပါ။ ကရင်ပြည်နယ် မဟုတ်ပါ။

    ReplyDelete
  2. ရွေကျင်လို့ရေးလိုက်ရတာမှန်ပါတယ်။ တကယ်တော့
    တပ်မဟာ ၃ ပါ။ Myanmar Now က ရေးထားတာ
    လည်းရှိပါတယ်။ ကရင်နဲ့ ပဲခူးလွဲနေတော့ မှန်ပါတယ်။
    ကရင်နီလူငယ်တချို့ပဲသုံးထားတာပါ။

    ReplyDelete
    Replies
    1. ကျနော် ဒါနဲ့ပတ်သက်မယ့် သတင်းလိုက်ရှာတာ ရှာမတွေ့လို့ပါ။ တခြား သတင်းအကိုးကားတွေ ရှိမလားဗျ

      Delete
    2. သတင်းက အတည်ပြုလို့ရလား

      Delete
    3. သူများဆီက လင့်ကိုကျနော် ကူးတင်တာမဟုတ်ပါ။ ခိုင်လုံတဲ့ သတင်း
      ရင်းမြစ်က ပြောတာပါ။ ထပ်သိချင်ရင် ဖရူဆိုဘက်
      ကိုလက်လှမ်းမီတဲ့ အရပ်ဘက်အဖွဲ့တွေကိုမေးစေ
      ချင်ပါတယ် ခင်များ။

      Delete
  3. ထောက်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပြန်ပြင်လိုက်ပါပီ။

    ReplyDelete
  4. ဒါက ရွှေကျင်မှာ ၁၈ယောက်ဖမ်းခံရတဲ့သတင်း
    https://www.facebook.com/385165108587508/posts/1176343572802987/?d=n

    ဒါပေမယ့် ၇၂ယောက်ဆိုတဲ့ အရေတွက်နဲ့ရှာတော့ ထိုင်းဖက်ခိုးဝင်တဲ့ လူတွေရဲ့ သတင်းပဲတွေ့တယ်ဗျ

    ReplyDelete
  5. Follow up :
    https://moremyint.blogspot.com/2021/05/knpp_2.html

    ReplyDelete
  6. ဒီလိုတင်တဲ့ကောင်တွေကမှတကယ့်လဒံတွေ ဖငါတက်တက်ယားကြ

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)