ANP ထိပ်ပိုင်းခေါင်းဆောင် အေးနုစိန်ကို EU ဒဏ်ခတ်

ဥရောပသမဂ္ဂ (EU) က စစ်ကောင်စီအဖွဲ့ဝင် ဆယ်ဦးနဲ့တပ်ပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့ (ဆန်ရှင်) လိုက်တယ်လို့ မနေ့က ဧပြီ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) က ဒေါ်အေးနုစိန်လည်း ပါဝင်လာပါတယ်။ ဒါဟာ ရခိုင်အမျိုးသားပါတီဝင်တစ်ဦး ပထမဆုံးအကြိမ် EU ရဲ့ ဒဏ်ခတ်ခြင်းခံရတာဖြစ်ပါတယ်။ 

ANP ပါတီထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန် 


EU က ဒဏ်ခတ်လိုက်တဲ့ စာရင်းမှာ ကရင်တိုင်းရင်းသား ပဒိုမန်းငြိမ်းမောင်၊ ရခိုင်အမျိုးသမီး ဒေါ်အေးနုစိန်၊ ကချင်တိုင်းရင်းသား Jeng Phang နော်တောင်၊ ချင်းအမျိုးသား ဦးမောင်းဟာ၊ ရှမ်းတိုင်းရင်းသား ဦးစိုင်းလုံဆိုင်၊ ကရင်နီတိုင်းရင်းသား စောဒယ်နီယယ်၊ မွန်အမျိုးသား ဗညားအောင်မိုးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးချစ်နိုင် (စိတ်ပညာ) တို့ပါဝင်ပါတယ်။ 

ဒဏ်ခတ်အရေးယူခြင်း ခံရတဲ့သူတွေဟာ EU ထဲမှာပါတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ခရီးသွားလို့ မရတော့ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အဲဒီနိုင်ငံတွေနဲ့ ဆက်စပ်လုပ်ကိုင်ခွင့်တို့ကို ဆုံးရှုံးမှာဖြစ်ပါတယ်။ 

တချိန်က ရခိုင်အမျိုးသားပါတီဝင်ဖြစ်ခဲ့ဖူးသူ ရန်ကုန်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်းဟာလည်း ရခိုင်ပြည်နယ်အဆင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ ဝန်ကြီးအဖြစ်ပါနေပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်နယ်အဆင့်တွေကို EU က ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းတော့ မရှိသေးပါဘူး။

တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးနှစ်ခုကတော့ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် MEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ဖြစ်ပါတယ်။ 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)