ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ ရုရှားရေဒါကို စစ်ကောင်စီတင်သွင်း

အမေရိကန် ဒေါ်လာ ၁၅ သန်းတန်ကြေးရှိတဲ့ စစ်သုံးရေဒါအမျိုးအစားကို စစ်ကောင်စီက ရုရှားကနေ ဖေဖော်ဝါရီ လမှာ မြန်မာသို့တင်သွင်းယူခဲ့တယ်လို့ မော်စကိုတိုင်းမ် သတင်းစာက ဧပြီ ၂၀ ရက်နေ့မှာ ရေးသားထားပါတယ်။ 

တနင်္လာနေ့တန်းက ရုရှားအကောက်အခွန်ဌာနက ထုတ်ပြန်တဲ့စာရင်းအရ ၁၄.၇ သန်း ရေဒါကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာ ဝယ်ယူတယ်လို့ဖော်ပြပါတယ်။ အရပ်သား NLD အစိုးရဆီက အာဏာ လုတဲ့လဖြစ်ပါတယ်။ 

နေပြည်တော်ကို ဂျွန်လတုန်းကလည်ပတ်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က မြန်မာကို ပန်ဆာ (Pantsir-S1) တာလတ်ပစ် ဒုံးကျည်တွေနဲ့ Orlan-10 စောင့်ကြည့်ရေး ဒရုန်းတွေ၊ ရေဒါတွေရောင်းချမယ့်ကိစ္စကို သဘောတူညီမှုရခဲ့ပါတယ်။ 

ဒီစစ်လက်နက်ဝယ်ယူမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အာဏာအသိမ်းခံရခင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံထဲကို တင်သွင်းလာတဲ့ ရေဒါအမျိုးအစားဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်တို့ ဂျွန်လတုန်းက Pantsir ဒုံးကျည်ဝယ်ယူတဲ့ကိစ္စထဲက တစ်ခု ဟုတ်၊ မဟုတ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ရုရှားဟာ အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ထောက်ခံနေဆဲဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရုရှားကာကွယ်ရေး ဒုဝန်ကြီး Alexander Fomin အလက်ဇန်းဒါး ဖိုမင်ဟာလည်း ရန်ကုန်ရောက်ခဲ့ပါသေးတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံးသော ခရီးစဉ်ဖြစ်ပြီး တိုင်းပြည်နှစ်ခု စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုဆက်လက်ခိုင်မြဲနေမယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ 

စတော့ခ်ဟုမ်း (Stockholm) နိုင်ငံတာငြိမ်းချမ်းရေးလေ့လာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၉ ခုနှစ်တုန်းက မြန်မာဟာ ရုရှားဆီက စစ်လက်နက်ဝယ်ယူဖို့ ဒေါ်လာ ၈၀၇ သန်း အသုံးပြုခဲ့ပါတယ်။ တရုတ်ပြီးရင် ရုရှားဟာ မြန်မာကို ဒုတိယလက်နက်အရောင်းဆုံးနိုင်ငံဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာတုန်းကလည်း စစ်ဖက်ဆိုင်ရာ လက်နက် ကန်ဒေါ်လာ ၉၆ သန်းဖို့ ဝယ်ယူခဲ့ပါသေးတယ်။ ပစ္စည်းတွေကိုတော့ လျှို့ဝှက်လို့ပဲ ဖော်ပြပါတယ်။ မြန်မာမှာ ရုရှားရဲ့ရင်းနှီးမြှပ်နှံမှုက မဆိုစလောက်နည်းပေမယ့် စစ်ခေါင်းဆောင်တွေကတော့ ရုရှားတွေ စီးပွားရေးရင်းနှီးမြှပ်နှံဖို့ ဆက်လက်ဖိတ်ခေါ်နေပါတယ်။ 

စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေဆိုးရွားလာချိန် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုမပြုလုပ်ကြဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးချိန်မှာ ဒီဖိတ်
ခေါ်မှုတွေဖြစ်ပေါ်လာတာပါ။ အမေရိကန်ကလည်း မြန်မာကို စီးပွားရေးပိတ်ဆို့မှုလုပ်သလို၊ ရဲတပ်ဖွဲ့ကို ဒရုန်းပစ်ချတဲ့ ပစ္စည်းတွေရောင်းချပေးခဲ့တဲ့ စင်္ကာပူနိုင်ငံက လုပ်ငန်းတချို့လည်းနောက်ပိုင်းမှာ ဆက်လက်ရောင်းဝယ်မှုမလုပ်ဖို့ ရပ်တန့်လိုက်ပါတယ်။ 

စစ်ကောင်စီက မြန်မာနိုင်ငံမှာ အခုဆိုအရပ်သားပေါင်း ၇၃၀ ကျော် သတ်ဖြတ်  (မူရင်း ၅၀၀) ထားပြီးတော့ UN ကလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲကြီးဆီဦးတည်နေတယ်လို့ သတိပေးထားပါတယ်။  EU ကလည်း ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့အရပ်သား စစ်ကောင်စီအဖွဲ့ဝင်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။  

 


 







 


 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)