ဒုရဲမှူးကြည်စိုးအပါဝင် ရွှေနဒီယာဉ်ပေါ်ဖမ်းဆီးသူအားလုံးကို AA ပြန်လွှတ်

တစ်နှစ်ကျော်ကြာထိန်းသိမ်းထားပြီးနောက် ရွှေနဒီယာဉ်ပေါ်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် နောက်ဆုံးလက်ကျန်အားလုံးကို ဒီနေ့ ဇွန် ၁၇ မှာ လွှတ်ပေးတယ်လို့ AA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

By: MoreMrontBlog

ဘူးသီးတောင်မြို့နယ်ထဲက တစ်နေရာမှာ လွှတ်ပေးမှာဖြစ်ပြီးတော့ လူဦးရေ ၁၇ ဦးရှိပြီးတော့ ဒုရဲမှူးကြည်စိုး ပါဝင်တယ်လို့ သူကပြောပါတယ်။ 

စစ်တွေကနေ ဘူးသီးတောင်ပြေးဆွဲတဲ့ ရွှေနဒီအမြန်ယာဉ်ပေါ်  ရဲနဲ့စစ်သားတွေလိုက်ပါလာတာကြောင့် ရက္ခိုင့်တပ်တော် AA က ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

သတင်းရရှိတဲ့အချိန်မှာ မြန်မာစစ်တပ်က တိုက်ခိုက်ရေး ရဟာတ်ယာဉ်နဲ့ပစ်ခတ်လို့ ရေယာဉ်ပေါ်လိုက်ပါလာသူတချို့နဲ့ အေအေ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တချို့ပါ သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်တပ်က ထုတ်ပြန်ရာမှာ ၅၈ ဦးရှိပြီးတော့၊ ကယ်ထုတ်ရာမှာ ၁၀ ဦးရရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ဘက်နဲ့မသက်ဆိုင်သူ ၂၅ ဦးကိုတော့ AA ဘက်က ၂၀၁၉ နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ဒါကြောင့် ဒီနေ့အချိန်ထိ ရွှေနဒီယာဉ်ပေါ် ပါသူ ၅၈ ဦးအနက် ၅၂ ဦး ပြန်လွတ်ပြီး ကျန်တဲ့ ၆ ယောက်က စာရင်းပျောက်နေပါတယ်။ ၂၀၁၉ တုန်းက AA ထုတ်ပြန်ချက်မှာလည်း သေဆုံးသူတချို့လို့ ထုတ်ပြန်ခဲ့တာကြောင့် သေဆုံးအရေအတွက် အတိအကျမသိရပါဘူး။ဒါကြောင့် ကျန် ၆ ယောက်ဟာ သေဆုံးတာလား၊ သူ့နည်းသူ့ဟန်နဲ့လွတ်သွားလား၊ စာရင်းမှားတာလားဆိုတာ မသဲကွဲပါဘူး။  

AA ဘက်က စစ်တပ်နဲ့ရဲတွေကို အခုလိုလွှတ်ပေးတာဟာ ရက္ခိုင့်တပ်တော် AA နဲ့ဆက်စပ်လို့ဆိုပြီးဖမ်းဆီးထားသူတွေကို ပြန်လွှတ်တာ၊ အမှုရုတ်သိမ်းတာတွေရှိလာပြီးနောက် ဖြစ်ပေါ်လာတာပါ။ 

ရက္ခိုင့်တပ်တော်ဘက်က အရာရှိတစ်ဦးပြောပြချက်အရ တိုက်ပွဲအတွင်း AA ဖက်က ဖမ်းဆီးရရှိထားတဲ့အရေအတွက်ဟာ ရာကဏန်းအထိရှိတယ်လို့သိရပါတယ်။ 

မနေ့က ဇွန် ၁၆ ရက်နေ့မှာလည်း AA က စစ်သုံ့ပန်း ၆ ဦးကို (ဗိုလ်မှူးအဆင့်တစ်ဦး ပါဝင်) မြောက်ဦး မြို့နယ်ထဲမှာ လွှတ်ပေးခဲ့ပါတယ်။ 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)