အိန္ဒိယ-မြန်မာနယ်စပ်မှာဖောက်ခွဲရေးပစ္စည်းအမြောက်အများမိ

အိန္ဒိယနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မီဇိုရမ်ပြည်နယ် ချန်ဖိုင်း (Champhai) ခရိုင်ထဲက Farkwan ဖာ့ကွန်ကျေးရွာမှာ ဖောက်ခွဲရေးပစ္စည်းတွေ အမြောက်အများဖမ်းမိတယ်လို့ ဇွန် ၂၂ ရက်နေ့ မီဇိုရမ်ဒေသသတင်းတွေမှာဖော်ပြပါတယ်။ 

ဖမ်းဆီးရမိတဲ့အထဲမှာ ဖောက်ခွဲရေးယမ်း (TNT  ဒါမှမဟုတ် တခြားဓာတုပစ္စည်း) တွေလို့ယူဆရတဲ့အထုပ် ၆၃ ထုပ်၊ ဖောက်ခွဲရာမှာအ သုံးပြုတဲ့ ဒီတိုနေတာ ၃၇ ထုပ်၊ အဆင့်မြင့်ဒီတိုနေတာ ခြောက်ဖာနဲ့ ဖျူးစ်လေးထုပ်ပါဝင် တယ်လို့ ကနဦးသတင်းတွေမှာဖော်ပြပါတယ်။
 ဖမ်းဆီးရရှိတဲ့ပစ္စည်းတွေကို ခင်းကျင်းပြထားပုံ

ဖာ့ကွန်ကျေးရွာဟာ (Farkwan) - အသံထွက် အနီးစပ်ဆုံးယူထားခြင်းဖြစ်) မြန်မာနိုင်ငံနဲ့ နယ်စပ်မျဉ်းကနေ ၃ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။ 

အာသံရိုင်ဖယ်တပ်ဖွဲ့ကို ထောက်လှမ်းရေး သတင်းပေးလာသူရှိလို့ သူတို့က သွားရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ အမှုနဲ့ဆက်စပ်သူနှစ်ဦးကို ဖာ့ကွန်ကျေးရွာကနေ ဖမ်းဆီးရရှိထားပြီးတော့ Dungtlang ရဲစခန်းကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။ 

ဖာ့ကွန်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီးတော့ ခရစ်ယာန်ကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဖာ့ကွန်ကျေးရွာဟာ နိုင်ငံခြားခရီးသွားတွေကြား တောင်တက်အပန်းဖြေစခန်းရှိတဲ့နေရာအဖြစ်လည်း လူသိများပါတယ်။ သမိုင်းဝင်ကျောက်ဆစ်လက်ရာတချို့ရှိတာကြောင့်လည် လူစိတ်ဝင်စားမှုများတဲ့ဒေသပါ။ မြန်မာနိုင်ငံဘက်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ဘက်အခြမ်းနဲ့နီးပါတယ်။ 

ဖာ့ကွန်ကျေးရွာထဲက ဘုရားကျောင်းတစ်ခု 

ပြီးခဲ့တဲ့အပတ် လုံတ်လိုင် ခရိုင် (Lawngtlai) ထဲမှာလည်း ရခိုင်လွတ်မြောက်ရေးပါတီ ALP/ ALA တပ်ဖွဲ့ဝင် ၅ ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံနယ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ဒေသဟာ လက်နက်ကိုင်တွေအဝင်အထွက်များတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ 

နယ်စပ်ဒေသမှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီကိုတော်လှန်မယ့်သူတွေအတွက် နယ်စပ်မှာ လက်နက်မှောင်ခိုဝယ်လက်များလာတဲ့သဘောရှိတယ်လို့ သုံးသပ်ပါတယ်။ 

ဒီဖောက်ခွဲရေးပစ္စည်းတွေဟာ မြန်မာနိုင်ငံဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဆက်စပ်မှုရှိ၊ မရှိ ဖော်ပြထားတာ မရှိပါ။ 

အိန္ဒိယစစ်တပ်ဟာ- မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးလမ်းကြောင်းထားရှိပြီးတော့ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဖူးသလို၊ အိန္ဒိယ ရေတပ်ဟာ ရေငုတ်သင်္ဘောထောက်လှမ်းရေးအတွက် မြန်မာရေတပ်ကို ဆိုနာနဲ့ ဘားရက် တိုပီဒို ဒုံးကျည်တွေ ရောင်းချဖူးပါတယ်။

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)