မန္တလေး PDF တွေကို စစ်ကောင်စီအနီးကပ်ပစ်သတ် (Explanatory)

ချမ်းမြသာစည်မြို့နယ် ၁၁၁ လမ်းနဲ့ ၅၄ လမ်းထောင့်က အဆောက်အအုံတစ်ခုမှာရောက်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့မနက်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ 

Mandalay-PDF ကတော့ သူတို့ဘက်က လက်နက်နဲ့အတူ ဖမ်းဆီးခံရတာကို အတည်ပြုကြောင်း နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ သေဆုံးမှု ဘယ်နှစ်ဦးရှိတယ်ဆိုတာကိုတော့ အတည်မပြုပါဘူး။ 

၁- အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကတော့ ဖေးဘုတ်လူမှုကွန်ရက်ပေါ်မှာ ပစ်သတ်ထားတဲ့ လူ ၈ ဦးရဲ့ အလောင်းကို တင်ထားကြပါတယ်။

ပစ်သတ်ခံထားရသော အလောင်းများ 

၂- နောက်ဓာတ်ပုံတစ်ခုကတော့ ဖမ်းဆီးပြီးတော့ ခြံဝင်းထဲကနေ ဆွဲထုတ်လာတာဖြစ်ပါတယ်။ 

ဖမ်းဆီးပြီး ဆွဲထုတ်လာပုံ 

၃- နောက်ဆုံးပုံတစ်ခုက ကြမ်းခင်းပေါ်မှာ မှောက်နေတဲ့ လူ ၈ ဦးရဲ့ ပုံဖြစ်ပါတယ်။ ၈ ဦးထဲက တစ်ဦးဟာ ခေါင်းမှာ ဒဏ်ရာရပြီးတော့ လက်ထိပ် မခတ်ထားပါဘူး။ ကျန် ၇ ဦးကတော့ လက်ထိပ် ဒါမှမဟုတ် ပိုက်ကလစ်နဲ့လက်ကိုပူးချည်ထားပါတယ်။ 

အခင်းဖြစ်ရာတိုက်ပေါ်တွင် ဖမ်းဆီးထားတဲ့ ပုံ 

(နံပါတ် -၃ ပုံ) တိုက်တွင်းမှာ မှောက်လျှက်ရှိရာမှာ ၃ ဦးက အင်္ကျီ မပါ ပါဘူး။ ကျန် ၅ ဦးက အင်္ကျီဝတ်ထားပါတယ်။

ဘာမှ မဖျက်ထားသေးတဲ့  ဒီပုံအရဆိုရင်  ၅ ယောက်ဟာ ခေါင်းကို အနီးကပ်တည့် ပစ်သတ်ခံထားရတာဖြစ်ပါတယ်။ 

ဦးခေါင်းကို အနီးကပ် ပစ်သတ်ထားပုံ 

ဓာတ်ပုံ ဝါးတာမလို့ ကျန် ၂ ယောက်တော့ အသေးစိပ်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ နည်းပညာမြင့်တဲ့သူတွေက ဒီပုံတွေကို အသေးစိပ်ကြည့်ရင် သိနိုင်ပါတယ်။ 

(နံပါတ် - ၁ ပုံ) မှာလည်းပဲ ၅ ဦးက အင်္ကျီ ဝင်ဆင်ထားပြီးတော့ ကျန် ၃ ယောက်က အင်္ကျီ မပါပါ။ ဒါကြောင့် ပစ်သတ်ခံထားရတဲ့ဓာတ်ပုံ (၃)နဲ့ နံပါတ် (၁) ဟာ တူညီပါတယ်။ တိုက်ပေါ်မှာ ဖမ်းဆီးခံရပြီးတော့ ထုတ်ယူလာတဲ့ ပုံမှာ ဘောင်းဘီအတိုနဲ့တစ်ယောက်ဟာ ပုံ (၂) မှာ လမ်းလျှောက်လာတာဖြစ်ပြီး၊ ပုံ (၁) မှာတော့ အလောင်းဖြစ်သွားပါပြီ။ 


ပုံ (၁) နဲ့ ပုံ (၃) မတူညီတာ တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ပထမဦးဆုံးတွေ့ရတဲ့ ပစ်သတ်ခံထားရသူက (JJ) ဘောင်းဘီ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ပုံ (၃) အိမ်ပေါ်မှာ လက်ထိပ်ခတ်ခံထားရတဲ့ လူ ၈ ဦးမှာတော့ JJ ဘောင်းဘီ ဝတ်ဆင်ထားသူ မပါပါဘူး။ အဲဒီတစ်ချက်တော့ ကွဲလွဲမှုရှိပါတယ်။  

နံပါတ် (၁) ပစ်သတ်ထားတဲ့ ပုံနဲ့ နံပါတ် (၃) အချက်လက်တချို့ တူညီပေမယ့် တစ်နေရာတည်းက ဖြစ်စဉ် ဟုတ်၊ မဟုတ် မသေချာပါ။ ဒီအချက်ကို MoreMrontBlog က အတည်မပြုနိုင်သေးပါ။  

မန္တလေး PDF ဘက်ကလည်း ပိတ်မိသူအရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာကို မဖော်ပြတဲ့အတွက် ဓာတ်ပုံပါအလောင်းအရေအတွက်နဲ့ သတ်ဖြတ်မခံရသူ၊ ထွက်ပြေးလွတ်မြောက်သူ ရှိ မရှိကို မသိရပါ။ ဒီအလောင်းတွေဟာ တစ်နေရာတည်းကဖမ်းမိသူတွေကိုပစ်သတ်တာလား၊ ဒါမှမဟုတ် တခြားတစ်နေရာက ဖမ်းမိသူကို စုထားသလားဆိုတဲ့အချက်ကလည်း မသဲကွဲပါ။ 

UN ရဲ့ပြဌာန်းချက်အရ စစ်မက်ဖြစ်ပွားခဲ့ရင်တောင် လက်နက်ချသူတွေကို အနိုင်ရသူဘက်က တရားလက်လွတ်သတ်ပစ်တာမျိုး မပြုလုပ်ရပါဘူး။ ဂျနီဗာ ကွန်ဗင်းရှင်းကို လိုက်နာရမှာဖြစ်ပါတယ်။ အကျဉ်းသားတွေကို အခြေခံအကျဉ်းသားအခွင့်ရေးတွေအဖြစ် နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အစာရေစာမကျွေးဘဲ အငတ်ထားတာမျိုး မလုပ်ရပါဘူး။ 

တရားရုံးတင်စစ်ဆေးပြီးတော့ ပြဌာန်ထားတဲ့ နိုင်ငံ ဥပဒေအတိုင်းသာ ပြစ်ဒဏ်ချမှတ်ရတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကိုလည်း တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့သာ ချမှတ်ရတာဖြစ်ပါတယ်။   

ဒီ ပုံ ၃ ခုကို  ဓာတ်ပုံစစ်ဆေးတဲ့ (Forensic) ဝက်ဆိုက်တွေမှာ MoreMrontBlog က စစ်ဆေးကြည့်တဲ့အခါ ပုံတွေဟာ နိုင်ငံတကာပုံသို့မဟုတ် ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ပုံ ဒါမှမဟုတ် ပုံဟောင်းဆိုတဲ့ အဖြေ လုံး၀ မတွေ့ရပါဘူး။ ဒါကြောင့် ပုံတွေဟာ အစစ်ဖြစ်နိုင်ခြေများတယ်လို့ ယူဆရပါတယ်။  Google Map အရ တွေ့ရှိတဲ့ အဆောက်အအုံနဲ့ ဖမ်းဆီးခေါ်ထုတ်လာတဲ့ (No.2) ပုံပါအချက်တွေအရဆိုရင် ဖမ်းဆီးလာတဲ့ဓာတ်ပုံဟာ ကိုက်ညီမှုရှိပါတယ်။ 


 RPG ဖြင့်ပစ်ခတ်ခဲ့တဲ့ ဖိုင် 

Mandalay-PDF ကလည်း ဒီပုံတွေ အစစ်မှန်ဖြစ်တယ်ဆိုတဲ့ အချက်ကို အတည်ပြုထားတာ မရှိသလို၊ စစ်ကောင်စီရဲ့သတင်းပြန်ကြားရေး စာမျက်နှာတွေ ၊ ဝက်ဆိုက်တွေမှာလည်း ညနေ ၃ နာရီအချိန်ထိ တင်ထားတာ လုံး၀ မရှိသေးပါ။  

ဒါကြောင့် စစ်ကောင်စီက ထုတ်ပြန်တဲ့ ပုံလို့ ရေးသားတာဟာ  မှန်ကန်ခြင်းမရှိပါဘူး။ တကယ်လို့ ပုံက မှန်ခဲ့ရင်တောင် အတွင်းစစ်တပ်နီးစပ်သူက သတင်းမီဒီယာကို (leak) လုပ်ပေးတာပဲ ဖြစ်မယ်လို့ ကောက်ချက်ချရမှာပါ။ 

အွန်လိုင်းပေါ်တက်လာတဲ့ လမ်းသွားလမ်းလာတွေရဲ့ ဗွီဒီယိုမှတ်တမ်းတွေအရ စစ်ကောင်စီဘက်က စစ်ကားလေးစီးနဲ့ ဝန်းရံပိတ်ဆို့ထားသလို၊ ရပ်ကွက်တွင်းက အထပ်မြင့်အဆောက်အအုံတွေပေါ်ကနေ စနိုက်ပါတွေနဲ့ပါ နေရာယူပြီးတော့ ပိတ်ဆို့ထားခဲ့တာပါ။ 


Google earth  မြေပုံမှာ တွေ့ရတဲ့အတိုင်း လေးဖက်လေးတန် ဝန်းရံပိတ်ဆို့ခံလိုက်ရတာပါ။  ဒါကြောင့် မန္တလေး PDF  က တိုက်ပွဲဖော်တယ်လို့ ရေးသားတဲ့ မတိကျတဲ့သတင်းဟာ အန္တရာယ်များလွန်းပြီး လူတွေကို  ဇဝေဇဝါဖြစ်စေပါတယ်။ 

ဥပမာ ဇာနည်ထိုက် အကောင့်ကနေ ရေးတင်လိုက်တဲ့ မန္တလေး PDF တွေ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ပြီဆိုတဲ့ သတင်းမျိုးပါ။ တကယ်တော့ ပုံပါအတိုင်း မန္တလေး  PDF တွေဟာ ၃ ထပ်တိုက်တစ်ခုမှာ  ကူရာကယ်ရာမဲ့အနေအထားနဲ့ ကြားညှပ်ပြီး အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ 


Updated 6:10 PM) : စစ်ကောင်စီကလည်း သူတို့သတ်ဖြတ်တာကို MWD က နေသတင်းထုတ်ပြန်ထားတယ်။
Ref link:  https://www.facebook.com/theirrawaddy/photos/a.565641466814048/4531904336854388/ 


 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)