သံတွဲ PDF ထောင်သည်ဆိုသော ထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ (News Credibility)

ခုခေတ်မှာ စတိတ်မင့်တစ်စောင်ဟာ ကွန်ပျူတာ ရှိသူတိုင်းထုတ်လို့ရပါတယ်။ ဘာမှ ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါ။ ဆိုတော့ သံတွဲမှာ PDF ဖွဲ့တယ်ဆိုရင် ဘယ်သူ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းက တာဝန်ယူသလဲဆိုတာသိဖို့၊ အတည်ပြုနိုင်ဖို့လိုအပ်ပါတယ်။ NLD ကလား၊ မှောင်ခိုသမားလား၊ စစ်တပ်လား တခြားအဖွဲ့အစည်းလား၊ ဒါတွေ သိဖို့လိုအပ်ပါတယ်။ 

စစ်တပ်က လုပ်တာကောမဖြစ်နိုင်ဘူးလား စသဖြင့် ဖွင့်ပြီးစဉ်းစားဖို့လိုအပ်ပါတယ် (အာရုံလွဲဖို့)။ လတ်တလော သတင်းတွေပျံ့နေတဲ့တချို့ကိစ္စတွေရှိပေမယ့် ဘာက ဘာဆိုတာကို ပြောဖို့စောပါသေးတယ်။ စကခ ၅ အခြေစိုက်တဲ့မြို့နယ်တစ်ခုမှာ နယ်မြေတစ်ခုထူထောင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ပြည်မဘက်က ဆင်းချလာတဲ့ NLD ထောက်ခံသူတချို့နဲ့သံတွဲ NLD အမာခံတွေပေါင်းပြီး လုပ်တာမျိုးဖြစ်နိုင်မလားတော့ စဉ်းစားစရာရှိတယ်။ လုပ်တယ်ဆိုလည်း တိုက်ပွဲဖော်တာမျိုးထက် ဟိုနားဗုံးပေါက်ဒီနားဗုံးပေါက်ထက် ပိုမယ်မထင်ပါ။ 

ဆိုတော့ ခြုံပြောရရင် စတိတ်မင့်ထက် လက်တွေ့ဆောင်ရွက်ချက်ဘာမှလည်းမရှိတဲ့အခြေအနေမှာ ဒီဟာကို အတုလား အစစ်လားခွဲခြားဖို့ ခက်ပါတယ်။ တာဝန်ယူပြီး ပြောနိုင်သူရှိရင်တောင် ဒါက တစ်ယောက်တည်းက ဟန်ဆောင်တာလား အစုအဖွဲ့ကိုယ်စားပြုတကယ်ဖြစ်တာလားဆိုတာ ချင့်ချိန်ဖို့လိုအပ်ပါတယ်။ 

ရခိုင်မိဒီယာတချို့ ဒီကိစ္စကို verification လုပ်တဲ့နေရာမှာ အားနည်းတယ်လို့မြင်ပါတယ်။ ကျနော့်အနေနဲ့တော့ ယုံကြည်မှုအားနည်းလို့ ဒါကို အထူးတလေစုံစမ်းဖို့လိုတယ်လို့မမြင်ပါ။ သတင်းတစ်ပုဒ်ဖြစ်ဖို့အတွက် credibility ဘယ်လောက်ရှိသလဲဆိုတာကို ကိုယ်ရထားတဲ့အချက်အလက်နဲ့ ချင့်ချိန်ကြည့်ဖို့လိုအပ်ပါတယ်။ 

Possibility ဖြစ်နိုင်ခြေဘယ်လောက်ရှိလဲ စဉ်းစားရမှာပါ။ ကိုယ့်ဆီမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တာနည်းရင် သတင်းထုတ်ဖို့လိုအပ်တယ်လို့ မယူဆပါ။ တကယ်မှန်ရင် ဆောင်ရွက်ချက်တွေ မြင်ရမယ်လို့ယူဆပါတယ်။ 

Comments

  1. သတင်းခိုင်လုံမှုအရကြည့်ရင် ဆရာ့ အမြင်ကို လုံးဝ ထောက်ခံပါတယ်။ အခု PDF တွေဖွဲ့သမျှကလည်း လုံခြုံရေးအရ အမည်နာမ နဲ့ တာဝန်ခံ အဖွဲ့နာမည် မထည့်ကြတော့ ဒီ ရခိုင် အဖွဲ့မှ မဟုတ်ဘူး တခြားအဖွဲ့တွေလည်း အမှန်တကယ် ရှိမရှိနဲ့ တကယ့် ပြည်သူ့ကာကွယ်ရေးလုပ်မှာလား ဆိုတာ မသေချာလှပါ။ အဲဒီလို မြေအောက်အဖွဲ့အစည်း တွေအတွက် သတင်းအတည်ပြုနိင်ဖို့ တခြား ဘယ်လိုနည်းလမ်းများ ရှိနိင်ပါသလဲ ခင်ဗျာ

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ