သီးခြားရပ်တည်ဖို့ဆက်သွားမယ့် AA (အပိုင်း-၁)
AA ကို အင်တာဗျူးသည့်အတွက် တပ်မတော်၏ နိုင်ငံတော်လုံခြုံရေးချိုးဖောက်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခြင်းကိုခံခဲ့ရသည်။ တရားလိုပြုလုပ်သူမှာ နေပြည်တော် သတင်းရဲတပ်ဖွဲ့မှ ဗိုလ်မှုးအဆင့်ရှိသူဖြစ်သည်။ ဖိအားပေးခံရသည့်အတွက် ယင်းအင်တာဗျူးလည်းဖြုတ်ချခံခဲ့ရသည်။
တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို စိုးရိမ်နေချိန်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေက အရှိန်လျော့ကျမသွားတဲ့အပြင် ပိုပြီးတောင် ပြင်းထန်လာနေပါတယ်။ NLD အစိုးရကလည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပါတယ်။
ဒါဟာ အကောင်းထက် အဆိုးဘက်ကို ပိုဦးတည်နိုင်တယ်လို့ လေ့လာသူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။ ဒီအကြောင်းအနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို RFA သတင်းထောက် ကိုမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
Comments
Post a Comment