AA စစ်ဦးစီးချုပ်ပြောပြတဲ့ တပ်မငါးခုနဲ့ကြည်း- ရေ- လေ ရခိုင်စစ်ပွဲ ၂ နှစ်တာ အပိုင်း (၂)

၂၀၁၈ - ၂၀၂၀ ကာလတွေမှာ တပ်မတော်ကို ကြည်း၊ ရေ၊ လေ စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။ စကခ သုံးခု၊ စစ်တွေ ဒကစ၊ နယ်ခြားစောင့်တပ်၊ ပြည်ထဲရေး၊ နယ်မြေခံတပ်ရင်းတွေ၊ အမြောက်တပ်တွေအပါအဝင်၊ တပ်မ အနည်းဆုံး ငါးခု (၁၁၊ ၂၂၊ ၄၄၊ ၆၆၊ ၇၇) နဲ့ထိုးစစ်ဆင်ခဲ့တာပါ။ တိုက်ပွဲပြင်းထန်တဲ့နေ့တွေမှာ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးကနေ ၇ စီးအထိ အသုံးပြုတိုက်ခိုက်ခဲ့တာပါ။  

ကိုဗစ်လည်းဖြစ်ပွားနေချိန်မို့၊ စစ်ဘေး-ကပ်ဘေး နှစ်ခုလုံးရင်ဆိုင်နေရတဲ့ ရခိုင်ကို ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်က တိုက်ပွဲရပ်ကြဖို့ ဝင်ပြောရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီကာလကတည်းက AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်မတော်စစ်အစိုးရချဉ်းကပ်မှုငြိမ်းချမ်းရေးလမ်းကြောင်းဟာ အပစ်ရပ်ပြီး ဟိုနေရာနေပါ၊ ဒီနေရာနေပါဆိုတာမျိုး သူတို့လက်ခံမှမဟုတ်ဘူးလို့ အတိအလင်းပြောခဲ့ပါတယ်။ 

"ကျနော်တို့ပေးဆပ်ပြီး အများကြီးတိုက်ပွဲဝင်နေတာပဲ ၊ ကျနော်တို့ရဲဘော်တွေ၊ အသက်တွေအများကြီးပေးဆပ်ထားခဲ့ပြီးပြီ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ ယုံကြည်မှုတွေနဲ့ရပ်ပြီးတော့မှ ကြံ့ကြံ့ခိုင်ပြီး ရပ်တည်နေကြတာ စစ်တပ်တောင်ကုန်းလေးတစ်ခုလိုချင်တော့မဟုတ်ပါဘူး။ ကျနော်တို့ဆုံးရှုံးထားတဲ့ ကျနော်တို့ဘိုးဘွားပိုင်မြေကို ပြန်ပြီး လွတ်လွတ်လပ်လပ် တည်ဆောက်ချင်လို့ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။" 

မှတ်ချက် ။ ၂၀၂၀ ခုနှစ် NLD အစိုးရလက်ထက် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး ရက်ပိုင်းအတွင်း (မတ်လ) မေးမြန်းထားသော အင်တာဗျူးဖြစ်သည်။ စာရေးသူသည် ယင်းအချိန်က RFA ရန်ကုန်ရုံး ဒုတာဝန်ခံအဖြစ်ထမ်းဆောင်နေချိန်ဖြစ်သည်။


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)