စစ်ကောင်စီလိုက်ဖမ်းနေပေမယ့် ကိုတေဇာဆန်း မကြောက်တရားဆက်ဟော

မန္တလေး လူထုသပိတ်ခေါင်းဆောင် တေဇာဆန်းကို စစ်ကောင်စီက ပိုက်စိပ်တိုက်လိုက်လံဖမ်းဆီးနေပေမယ့်၊ သူဟာ " ကြောက်ခေတ်ကို မှောက်ပစ်ကြ" ဖို့  သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ လူထုကို မကြောက်တရားဆော်သြလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမှာ သူနေဖူးခဲ့တဲ့ တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ နှစ်ကြိမ်လာရောက်ရှာဖွေတယ်လို့ သူက ဒီနေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၁၀ နာရီ ဝန်းကျင်မှာ ရေးသားထားပါတယ်။ 

ဒီနေ့ ဧပြီ ၁၉ မှာ ဝင်ရောက်ရှာတဲ့အခါ တွေ့သမျှ တန်ဖိုးရှိ၊ မရှိ အကုန် သိမ်းဆည်းသွားတယ်လို့ သူကဆိုပါတယ်။ သိမ်းဆည်းတဲ့အထဲ စာအုပ်၊ ဂီတာပါမကျန် ယူသွားတယ်လို့ သိရပါတယ်။ "လူဆိုးသူခိုး" လုပ်ရပ်လို့ သူက ပြောပါတယ်။ 

ဒီလိုခိုးဆိုး လုယက်တာဟာ တကယ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ ဝန်းကျင် စစ်တပ်က အနိုင်ကျင့် ဗိုလ်ကျနေတာဖြစ်ပြီး၊ ဗမာလူထု တစ်ရပ်လုံးဟာ စစ်တပ်ရဲ့ သရုပ်မှန်ကို မျက်ဝါးထင်ထင် တွေ့မြင်ရတာပဲ လို့ ကိုတေဇာဆန်းက ပြောလိုက်ပါတယ်။ 

"ဒါသည်ပင်လျှင် တော်လှန်ရေးထဲက အမြတ်ကြီးတစ်ခုလို့ ကျနော်ကတော့ ခံယူမိပါတယ်။" လို့ သူက ရေးသားထားပါတယ်။ 

စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးလို့ ယူဆရာသူတစ်ဦးကို ဖေဖော်ဝါရီ လလယ်ကတည်းက မန္တလေး လူထုက ဖမ်းမိခဲ့ရာမှာ သူ့ရဲ့လိပ်စာပါ တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။ 



Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)