ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်ခံရတဲ့ဆရာဝန်တွေရဲ့ ပတ်စ်ပို့ပယ်ဖျက်မယ်လို့ စစ်ကောင်စီကြေညာ




 စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဆရာဝန်တွေရဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကနေ ဧပြီ ၂၀ အထိ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းအရ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရတဲ့ ဆရာဝန်ဦးရေ (၁၂၀) အထိ ရှိပါတယ်။ ဒီစာရင်းမှာ ပြည်ထောင်စုဝန်ကြီးလိုမျိုး အဆင့်မြင့်တာဝန်တွေယူထားသူတွေ မပါဝင်ပါဘူး။

စစ်ကောင်စီက ပတ်စ်ပို့ကို ပယ်ဖျက်ရင် ဝရမ်းထုတ်ခံထားရတဲ့ ဆရာဝန်တွေဟာ ပြည်တွင်းလေဆိပ်ကနေ နိုင်ငံတကာသို့ ဒါမှမဟုတ် နယ်စပ်ကနေ တခြားတစ်နိုင်ငံကို တရားဝင်ခရီးသွားခွင့်ဆုံးရှုံးမှာဖြစ်ပါတယ်။ 

 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

စစ်တပ်နဲ့ဆက်စပ်တဲ့ ငပလီကမ်းခြေက ဟိုတယ်များဖော်ထုတ်ခြင်း (Seeking whistleblowers)