BREAKING! ထိုင်းနယ်ခြားစောင့်ရဲကို စစ်ကောင်စီတပ်တွေပစ်ခတ်

 သံလွင်မြစ်ထဲသွားနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့စက်လှေ (speedboat) ကို မြန်မာစစ်တပ်က ဒီနေ့ မတ် ၂၃ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်တယ်လို့ ကနဦးသိရပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာက မြန်မာအခေါ် မဲ့ခါးထရွာ၊ ထိုင်းဘက်ခြမ်းဆိုရင် Baan Tha Ta Fang ရွာရှိတဲ့နေရာလို့သိရပါတယ်။ 


ထိုင်းနယ်ခြားစောင့်ရဲတွေဟာ ယူနီဖောင်းအပြည့်အစုံ၊ သေနတ်နဲ့ ထိုင်းစက်လှေကို မောင်းနှင်လာတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ရှေ့တန်းစခန်းရှိရာနေရာနဲ့မျက်နှာချင်းဆိုင် ထိုင်းဖက်ကမ်းမှာ စက်လှေရပ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက ပစ်ခတ်တာလို့ ဆိုကြပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ထိုင်းရဲတွေကို ဒေါနဲ့မောနဲ့ခေါ်ယူပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: AEC & SLW Press (ပုံဟောင်း)


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)