ထိုင်းကတစ်ဆင့်ဆန်အိတ်သယ်ဖို့ကြိုးစားတဲ့စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်

KNLA တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ်ကမ်းနံဘေးနားမှာရှိတဲ့ စစ်ကောင်စီရဲ့ရှေ့တန်းအခြေစိုက်ကစခန်းတစ်ခုကို KNLA က ဒီနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်အစောပိုင်းမှာ သိမ်းယူခဲ့ပါတယ်။ 


စစ်ကောင်စီတပ်စွဲထားတဲ့နေရာက ထိုင်းနိုင်ငံဘက်ခြမ်း မဲဟောင်ဆောင်ခရိုင် မဲစရီယမ်မြို့၊ မဲ့စမ်လတ်ကျေးရွာနဲ့မျက်နှာချင်းဆိုင် မြန်မာဘက်ကမ်းမှာဖြစ်ပါတယ်။ စခန်းကိုဝင်စီးပြီးနောက် တဲတွေကို KNLA က ဖျက်ဆီးလိုက်ပါတယ်။ တိုက်ပွဲတွင်း ထိခိုက်သေဆုံးမှုရှိ မရှိ မသိရသေးပါဘူး။ စခန်းဝင်စီးခံရပြီးနောက် စစ်သားတွေဟာ သံလွင်မြစ်နံဘေးဆင်းပြေးတာ တွေ့ရပါတယ်။ 

ဒီနေရာဟာ ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ကောင်စီတပ်တွေ ထိုင်းနယ်မြေကိုအသုံးပြုပြီးတော့ ဆန်အိတ်သယ်ယူဖို့ကြိုးစားတဲ့နေရာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့တုန်းကလည်း  အရပ်သားစက်လှေတစ်စီးနဲ့ ထိုင်းဘက်ခြမ်း Tha Ta Fung ကျေးရွာဘက်ခြမ်းကိုသွားနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်က သေနတ်ပစ်ဖောက်ခဲ့ပါသေးတယ်။  

Photo: Salween Press 
နှစ်နိုင်ငံတပ်ဖွဲ့အချင်းချင်း စကားပြောတဲ့အခါ နားလည်မှုလွဲတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ ဒီနေရာမှာ အထိုင်ချတဲ့ အရာရှိဟာ ဗိုလ်မှူးအဆင့်ရှိသူဖြစ်တာကို ဓာတ်ပုံမှတ်တမ်းအရ သိရှိရပါတယ်။ 

မတ်လ ၂၇ရက်နေ့မှာလည်း သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ သီးမူထာ့စစ်ကောင်စီစခန်းကို KNLA တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ပါတယ်။ 

 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)