ရခိုင်ပြည်နယ်ထဲက AA စစ်ရေးပြအခမ်းအနား (video)

ရခိုင်ပြည်နယ် မြောက်ပိုင်းလွတ်မြောက်တစ်နေရာမှာကျင်းပခဲ့တဲ့ ရက္ခိုင့်တပ်တော်နေ့စစ်ရေးအခမ်းအနား ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ 

စစ်ရေးပြအခမ်းအနားကို စစ်ဌာနချုပ် ဒါမှမဟုတ် တပ်မ တည်ရှိရာနေရာမှာ ကျင်းပတာမျိုးမဟုတ်ဘဲ ကျေးရွာအနီးတစ်ခုမှာ ကျင်းပခဲ့တယ်လို့ ယူဆရပါတယ်။ 

အဲဒီပွဲကို AA စစ်သားနှစ်ထောင်ဝန်းကျင် ပါဝင်တယ်လို့ခန့်မှန်းရပြီးတော့ ပွဲကြည့်ပရိတ်သတ်တွေလည်း အတော်စည်ကားပါတယ်။ 

စစ်ရေးပြအခမ်းအနားကို ချီတက်အလေးပြုရာမှာ AA စစ်သားအများစုကို လက်နက်တပ်ဆင်ထားတာတွေ့ရပြီး အများစုက KIA ထုတ် ချေမှုန်းရေးရိုင်ဖယ် AK သေနတ်တွေဖြစ်ပါတယ်။ တချို့ကတော့ လက်နက်တပ်ဆင်နိုင်ခြင်းမရှိသေးပါ။ 

လက်နက်ကိုင်တိုင်းရင်းသားအရေးကျွမ်းကျင်သူတချို့က မြန်မာနိုင်ငံမှာ UWSA ၀ တပ်မတော်ပြီးရင် ရက္ခိုင့်တပ်တော် AA ဟာ ဒုတိယအင်အားအကြီးမားဆုံးဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာ ၃၅ သန်းတန်MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က FN-6 နဲ့ပစ်ချ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)