ဗိုလ်ချစ်သူ BGF အဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး KNLA ကို တိုက်ခိုက်

ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လက်ရှိတိုက်ပွဲတွေမှာ BGF ဗိုလ်ချစ်သူရဲ့တပ်တွေက စစ်ကောင်စီဘက်ကနေ ကူညီပြီးKNLA တပ်တွေကို တိုက်ခိုက်နေတယ်လို့ ကရင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ 

အထူးသဖြင့် KNLA တပ်မဟာ ၁ ရှိရာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတာပါ။ မွန်ပြည်နယ်ထဲက သထုံ၊ ကျိုက်ထိုနဲ့ ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားလာတာပါ။ (Ref: 4NEWsKaren)

KNLA ရဲ့အားကောင်းတဲ့ တပ်မဟာတွေဖြစ်တဲ့ ၅-၃-၁ တွေက စစ်ကောင်စီနဲ့အဓိက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့ ကျန် ပဲခူးအစပ်နဲ့နီးတဲ့ တပ်မဟာ ၂၊ ထိုင်း- မြန်မာနယ်စပ်၊ ၆-၇ နဲ့ တနင်္သရီတိုင်းထဲက တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါတယ်။ 

ဗိုလ်ချစ်သူဟာ မြဝတီနယ်စပ်မှာရှိတဲ့ ရွေကုက္ကိုမှာ တရုတ်နဲ့ပူးပေါင်းပြီးတော့ မြို့သစ်တည်ဆောက်တာကြောင့် မကောင်းသတင်းကျော်ဇော်ပါတယ်။ ဒါ့အမြင် မြဝတီမြို့နယ်ထဲက လောင်းကစားရုံတွေမှာလည်း လုံခြုံရေးယူပေးတာကြောင့် လူသိများပါတယ်။  


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

စစ်တပ်နဲ့ဆက်စပ်တဲ့ ငပလီကမ်းခြေက ဟိုတယ်များဖော်ထုတ်ခြင်း (Seeking whistleblowers)