ကရင်နီပြည်နယ်ကို စစ်ရေးအတွက် စစ်ကောင်စီအာရုံစိုက်လာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP/KnA က စစ်ရေး ပြင်ဆင်မှုလုပ်နေသလို၊ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း Drone ဒရုန်းတွေသုံးပြီးတော့ စောင့်ကြည့်မှုတွေ လုပ်နေတာရှိနေပါတယ်။ 

Photo: KnAC

အထူးသဖြင့် KNPP ဘက်က ပို့ချတယ်လို့ယူဆရတဲ့လူငယ် ၇၄ ယောက်ဖမ်းမိပြီးနောက်ပိုင်းမှာ စစ်ကောင်စီ (SAC) ဟာ ကရင်နီပြည်နယ်ဘက်ကိုပါ ပိုပြီးတော့ အာရုံစိုက်လာတာပါ။ 

KNPP ထိန်းချုပ်နယ်မြေဘက်ကို SAC စစ်ကောင်စီတပ်က မောင်းသူမဲ့လေယာဉ် (Combat Drone) တွေနဲ့ ထောက်လှမ်းလို့ ကရင်နီတပ်မတော်က ပစ်ခတ်မှုတွေလုပ်တဲ့အကြောင်း KnIC သတင်းပေ့ချ်က မေ ၁၈ ရက်နေ့မှာ ရေးသားထားပါတယ်။ 

မေလဆန်းကတည်းကနေ KNPP နယ်မြေ ညာမိုတပ်စခန်းကို ဒရုန်းတွေနဲ့ ထောက်လှမ်းလို့ KnA က မေ ၁၄ ရက်နေ့ကစပြီးတော့ ဒရုန်းတွေကိုပစ်ချဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပစ်မှတ်ထိမှန်ပြီး ပျက်ကျတာ မရှိပါဘူး။ 

စစ်ကောင်စီဟာတရုတ်နိုင်ငံထုတ် CH-3 စစ်ဘက်သုံးဒရုန်းတွေကို အသုံးပြုနေတဲ့အကြောင်း Asia Times သတင်းစာကလည်းရေးသားဖူးပါတယ်။ စစ်ကောင်စီဟာ အစ္စရေးထုတ် ဒရုန်းနဲ့ တရုတ်ထုတ် ဒရုန်း နှစ်မျိုးလုံးကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုလျှက်ရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး KNU/KNLA နဲ့ ကရင်နီတပ်မတော် KNPP/ KA တို့ကြား စစ်ရေး နိုင်ငံရေး မဟာမိတ်တည်ဆောက်မှုလည်း ရှိပါတယ်။ ကရင်နီတပ်မတော်နဲ့ KNU တပ်မဟာ ၅ တို့ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက်မှာ နယ်စပ်ချင်းထိစပ်ပါတယ်။ 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)