ကျောက်စိမ်းသယ်လာတဲ့ ဦးပိုင်စက်လှေကို ရှမ်းနီတပ်မတော်တိုက်ခိုက်

 စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ထဲမှာ အာဏာသိမ်းစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းတွေကို မော်တာ ၂ စင်းနဲ့သယ်လာတာကို ရှမ်းနီးတပ်မတော် SNA က ဒီနေ့ မေ ၂၃ မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။  


ဦးပိုင်ကုမ္ပဏီဟာ ကျောက်စိမ်းတွေကို ခန္တီးဘက် က‌နေ စစ်တပ်လုံခြုံရေးနဲ့ ရဲပူးပေါင်းအဖွဲ့အကူအညီနဲ့သယ်ယူဖို့ကြိုးစားတာဖြစ်ပါတယ်။ ထိခိုက်ကျဆုံးမှုတွေ ရှိ မရှိ မသိရသေးပါ။ စက်လှေတွေကို ထမံသီရွာနားမှာ ရပ်ထားတယ်လို့သိရပါတယ်။ 

အကြမ်းဖက် စစ်တပ်နဲ့ ရှမ်းနီတပ်မတော် SNA တို့ပြီးခဲ့တဲ့ မေလမှာလည်း မလင်းနဲ့မင်းစင်ရွာ၊ ထုံမလွတ်ရွာနားမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။


ကိုးကား : The Northern Voice

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ