ဂျပန်ဂျာနယ်လစ် သတင်းတုဖြန့်တယ်လို့စစ်ကောင်စီစွပ်စွဲ

ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ Yuki Kitazumi ကို သတင်းတု၊ သတင်းမှားဖြန့်ဝေတာကြောင့် တရားစွဲတာလို့ အာဏာသိမ်းစစ်ကောင်စီက ဆိုလိုက်ပါတယ်။ 

ဂျပန်သတင်းစာဆရာ  ယူကီ ကီတာဇူမီ ဟာ ရန်ကုန်က ဆန္ဒပြပွဲတွေကို သတင်းယူနေရင်းနဲ့ ဧပြီလတုန်းက အဖမ်းခံလိုက်ရပါတယ်။ သူဟာ တရားစွဲခံထားရတဲ့ တစ်ဦးတည်းသော နိုင်ငံခြားသတင်းထောက်ဖြစ်လာပါတယ်။

ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ
Photo: Japan Times

ဂျပန်သတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရဆိုရင် သူဟာ ထောင်ဒဏ် သုံးနှစ်ကျခံရနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ အခုတော့ သူဟာ ရန်ကုန်က အင်းစိန်ထောင်မှာပါ။ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ယူကီ ကီတာဇူမီကို တကယ်တော့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ မှာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်တာပါ။

မြေနီကုန်းမှာ ဆန္ဒပြနေတာကို ရိုက်ကူးရင်းနဲ့တခြားသတင်းထောက်တွေနဲ့အတူ အဖမ်းခံခဲ့ရတာပါ။ နောက်တော့ ပြန်လွတ်လာပါတယ်။ ရဲတွေက သူ့အိမ်ကို ဧပြီလ ၁၈ ရက်နေ့မှာ ထပ်ဝင်စီးပြီးတော့ ၀င်ဖမ်းပြန်ပါတယ်။ 

သူက သတင်းတွေကိုရေးသားရုံတစ်ခုတည်းမဟုတ်ပါ။ ဖိနှိပ်ခံနေရတဲ့ လူငယ်တွေ၊ မတရားသတ်ဖြတ်မှုတွေကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာလည်း ရေးသားဖော်ပြလေ့ရှိပါတယ်။ ဥပမာ ကျောင်းသားလူငယ်တွေက လမ်းပေါ်ဆန္ဒပြနေတာ သတင်းယူရင်းနဲ့ သူ့ရဲ့ကောင့်မှာ "ဒီလူအများစုက လူငယ်တွေပါ။ ဒီလူငယ်တွေက ဘာအမှားလုပ်တာရှိလို့လဲ" ဆိုတဲ့ ပို့စ်တင်ပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။ 

ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးကတော့ သတင်းစာဆရာ ယူကီ ကီတာဇူမီ ကိုပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။ 


REF: BBC World


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ