အာပီဂျီနဲ့ခေတ်မီရုရှားသေနတ် အလက်ထောင်ချီ အာရေဗီးယန်းပင်လယ်ပြင်တွင်ဖမ်းမိ

မြောက်အာရေဗီးယန်းပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်ထဲခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အမှတ် (၅) လေယာဉ်တင်သင်္ဘောအုပ်စု  (CG-61) က မေလ ၆-၇ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ရာမှာ လက်နက်ကြီး လက်နက်ငယ်စုစုပေါင်းထောင်ဖမ်းဆီးရရှိခဲ့ပါတယ်။ 

အမေရိကန်ရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အဆင့်မြင့်ရုရှားထုတ် ပစ်မှတ်ခြေရာခံ တင့်ကားဖျက်ဒုံးကျည်တွေ၊ ထောင်ချီတဲ့ တရုတ်နိုင်ငံထုတ် Type-56 စက်သေနတ်တွေ၊ ရာချီတဲ့ PKM စက်သေနတ်ကြီးတွေ၊ စနိုက်ဘာ သေနတ်နဲ့ အာပီဂျီတွေပါတယ်လို့ မေလ-၈ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။ 

5th Fleet ဓာတ်ပုံကို ရေတွက်ကြည့်သလောက် ရုရှားထုတ် Dragunov စနိုက်ဘာသေနတ် အလက် ၁၀၀ ပါဝင်ပါတယ်။ Dragnov စနိုက်ဘာသေနတ်နဲ့ နဲ့ PKM စက်သေနတ်တွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ထဲမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်က ပြန်ပြီး ပုံစံတူထုတ်တာလို့လည်း ဆိုကြတာရှိပါတယ်။ 

တာဝေးပစ် စနိုက်ဘာ သေနတ် (အမျိုးအစားမသိ) ကလည်း အနည်းဆုံးအလက် ၅၀ ပါပြီးတော့ RPG လက်နက်ကြီး အလက် ၂၀၀ ခန့်ပါပါတယ်။ ရုရှားထုတ် စက်သေနတ် PKM က အလက် ၂၀၀ ပါတယ်လို့ခန့်မှန်းရပါတယ်။ 

ကျန်တဲ့ဟာကတော့ ရိုးရိုး ချေမှုန်းရေးရိုင်ဖယ် အနည်းဆုံး ၃ ထောင်ခန့်မယ်လို့ခန့်မှန်းရပါတယ်။ ဒေါ်လာသိန်းချီတန်ကြေးရှိနိုင်တဲ့ ဒီလက်နက်တွေက ဘယ်ကိုတင်ပို့မလဲ၊ ဘယ်ကနေ လာသလဲဆိုတဲ့ သတင်းရင်းမြစ်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပါတယ်။ 


မှောင်ခိုသင်္ဘောပေါ်မှာ ပါလာတဲ့သူတွေကိုလည်း ဖမ်းဆီးရရှိခဲ့ပါတယ်။  လိုအပ်တဲ့ ရေနဲ့အစားအသောက်တွေအကူညီပေးပြီးတော့ ပြန်မလွှတ်သေးတဲ့အချိန်အထိပေးသွားမယ်လို့ရေးသားထားပါတယ်။ 

NOTE : ဒီသတင်းကို တချို့လူတွေ နားလည်မှုလွဲနေကြတာကို သတိပြုမိပါတယ်။ အခု ခင်းကျင်းပြသထားတဲ့ ပုံက အမေရိကန်ရေတပ်ရဲ့ သင်္ဘောပေါ်မှာပါ။ ဒီသင်္ဘောနဲ့ မှောင်ခိုသယ်လာတာမဟုတ်ပါ။ မှောင်ခိုသယ်လာတဲ့သင်္ဘောကတော့ ရိုးရိုးသင်္ဘောပါ။


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)