ဖားကန့်က စစ်ကောင်ရဲ့စခန်းကို KIA သိမ်းဆည်းတဲ့မြင်ကွင်း (Video)

ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီရဲ့ Tanggau Bum စခန်းကို  KIA တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်တဲ့ ဗွီဒီယိုဖိုင်ပါ။ 

ပြီးခဲ့တဲ့ မတ်-ဧပြီ နှစ်လအတွင်းမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အနည်းဆုံး ၂၀၀ ဝန်းကျင်အထိ သေဆုံးတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ဒုဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ကြီးအထိသေဆုံးသူတွေလည်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။ 

Crd: Kachin News Group

KIA ဘက်ကလည်း ကျဆုံးမှုတချို့ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်စာရင်းတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ 

တခါ တောင်ပိုင်းစစ်မျက်နှာဖြစ်တဲ့ ကရင်ပြည်နယ်မှာလည်း KNLA တပ်တွေနဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ရှမ်းမြောက်မှာလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ခိုက်လို့ စစ်သားဒါဇင်နဲ့ချီပြီး သေဆုံးတာတွေရှိပါတယ်။


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)