KIA ကို စစ်ကောင်စီ နေ့ရောညပါ လေကြောင်းတိုက်ခိုက်

 လိုင်ဇာမြို့နယ်ထဲက KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ ရှိတဲ့ နေရာတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်လေယဉ်နဲ့ မတ်လ ၁ ရက်နေ့ ဒီည ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ပါတယ်။ 

Chinese fleet JF-17

လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ပေါက်ကွဲသံတွေကို လိုင်ဇာမြို့ပေါ်ကပါ ကြားနေရတာကြောင့် အရပ်သားတွေလည်းစိုးရိမ်မှုတွေရှိနေပါတယ်။ တပ်ရင်း ၁၅ နယ်ထဲမှာ ထိခိုက်မှုရှိ မရှိတော့ မသိရသေးပါ။ 

ဒီနေ့ KIA နဲ့စစ်ကောင်စီတပ်မ (၇၇) တပ်တွေ ဗန်းမော်ခရိုင်၊ မိုးမောက်မြု့နယ် မြို့သစ်ဘက်က တောတန်းတွေမှာ မနက် ၇ နာရီဝန်းကျင်မှာတိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်အထိနာသွားကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်တယ်လို့ KIA နီးစပ်သူတွေက ရေးသားထားကြပါတယ်။ 

မဟာဗျူဟာကျတဲ့ အာလောဘွမ်တောင်ဗျူဟာကုန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက KIA ကို အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီဟာ KIA နယ်မြေမှာ စစ်စခန်းအနည်းဆုံး ဆယ်ခုသိမ်းပိုက်ခံထားရပါတယ်။ 


Updated : (9:50 am Sunday) ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာက တပ်ရင်း ၁၉ နေရာလို့သိရပါတယ်။ ဒါကြောင့် တပ်ရင်း ၁၅ အစား ၁၉ လို့ပြင်ဆင်ဖတ်ရှုပေးကြပါ။ တပ်ရင်း ၁၅ နဲ့ ၁၉ နှစ်ခုလုံးတပ်မဟာ ၅ ထဲမှာပါ ပါတယ်။ 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)