KIA က စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒီနေ့ မေလ ၃ ရက်နေ့ မနက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ 

MI-8 Helicopter

ရဟတ်ယာဉ်က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောဘက်မှာ ပစ်ချခံရတာဖြစ်ပါတယ်။ ကုန်းလောဟာ လက်ရှိတိုက်ပွဲပြင်းထန်တဲ့ နေရာလည်းဖြစ်ပါတယ်။ 

ပစ်ချခံရတဲ့ ရဟတ်ယာဉ်က သယ်ယူပို့ဆောင်ရေး ဒါမှမဟုတ် တိုက်ခိုက်ရေးအမျိုးအစား ဟုတ်မဟုတ် တော့ မသိရသေးပါ။ အာဏာသိမ်းစစ်ကောင်စီက သယ်ယူပို့ဆောင်ရေးအတွက် MI-8 တွေကို သုံးလေ့ရှိပါတယ်။ တိုက်ခိုက်ရေးအတွက်တော့ ရုရှားထုတ် MI-24P တွေ သုံးပါတယ်။ 

MI-24P
စစ်ကောင်စီတပ်တွေဟာ လက်လွှတ်လိုက်ရတဲ့ အာလောဘွမ်နေရာကို ပြန်လည်ရရှိဖို့အတွက် ကုန်းလောကို အရင်ဆုံးသိမ်းယူဖို့ကြိုးစားနေတာပါ။ ကုန်းလောကို သိမ်းနိုင်မှ KIA သိမ်းထားတဲ့ အာလောဘွမ် ဗျဟာကို ပြန်လည်တိုက်ခိုက်ဖို့ လမ်းကြောင်းပွင့်နိုင်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

စစ်တပ်နဲ့ဆက်စပ်တဲ့ ငပလီကမ်းခြေက ဟိုတယ်များဖော်ထုတ်ခြင်း (Seeking whistleblowers)