KNLA တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ BGF တစ်ဦးသေ

စစ်ကောင်စီတပ်(SAC) နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းတပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နဲ့ ဒီနေ့ မေ ၂၂ မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 



မိုင်းဆွဲခံလိုက်ရလို့ ပက်လက်လန်သွားတဲ့ BGF ကား 

ဖာပွန်ခရိုင် မထောကျေးရွာနဲ့ခွေးသေကျေးရွာအနီးမှာ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အကျအဆုံးစာရင်း မသိရသေးပါ။

မနေ့တုန်း (မေ ၂၁) ကလည်း မထောကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတော့ အကြမ်းဖက် စစ်တပ်ဖက်က ၃ ယောက် သေဆုံးခဲ့တယ်လို့  KNLA က ဆိုပါတယ်။ 

မေလ ၂၀ ရက်နေ့တုန်းက KNLA တပ်မဟာ ၅ ထဲကို ဝင်ရောက်လာတဲ့ BGF ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး တစ်ဦးသေဆုံးတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)