KNLA စနိုက်ပါပစ်ခတ်လို့ BGF စစ်ကြောင်းမှူးတစ်ဦးသေ

KNU/ KNLA တပ်မဟာ ၅ ရှိရာ ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်)မှာ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ မေ ၂၄ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဘက်က စစ်ကြောင်းမှူးတစ်ဦးသေဆုံးသွားတယ်လို့ KNU က မေ ၂၅  ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ 



ဖာပွန်-ကတိုင်တိလမ်း တစ်နေရာမှာ KNLA တပ်မဟာ ၅နဲ့ နယ်ခြားစောင့်တပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ KNLA တပ်ဖွဲ့က စနိုက်ပါသမားပစ်ခတ်လို့ စစ်ကြောင်းမှူးသေဆုံးတာဖြစ်ပြီး နောက်တစ်ဦးလည်း ဒဏ်ရာရတယ်လို့ဆိုပါတယ်။ 

ဒီသတင်းကို BGF တပ်ဖွဲ့ ဒါမှမဟုတ် သေဆုံးသူရဲ့ဆွေမျိုးတွေဆီကနေ သီးခြားအတည်ပြုရယူနိုင်ခြင်းတော့ မရှိပါဘူး။ 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)