လူငယ် ၇၀ ကျော်ကိစ္စ KNPP အတည်ပြု၊ သပိတ်ကော်မတီဆောင်ရွက်တဲ့ကိစ္စဟုဆို

သင်တန်းကပြန်လာတဲ့လူငယ် ၇၀ ကျော် ဧပြီ ၃၀ နေ့တုန်းက ဖရူဆိုမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်း ခံရတဲ့ကိစ္စကို KNPP က  မေလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ အတည်ပြုပါတယ်။ 

KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီရယ်ကို ဒေသခံသတင်းဌာန Kantarawaddy Times ကဆက်သွယ်မေးမြန်းတဲ့အခါ အတည်ပြုတာဖြစ်ပါတယ်။ 

သင်တန်းက KNPP က တိုက်ရိုက်ပေးတာမဟုတ်ဘဲ ပြည်နယ်ကိုယ်စားပြုဆိုပြီးဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေနဲ့ချိတ်ဆက်ပြီး လုပ်ကြတဲ့ သင်တန်းသာဖြစ်တယ်လို့ ဆိုပါတယ်။ 

Kn-AC ပုံဟောင်း

ဒါပေမဲ့ သပိတ်ကော်မတီနဲ့ KNPP က ချိတ်ဆက်ပြီး ဆောင်ရွက်တာ ရှိ၊ မရှိနဲ့ KNPP စစ်သားတွေက သင်တန်းပေးတာ ဟုတ် မဟုတ်ကို ရှင်းလင်းစွာပြောဆိုခြင်းမရှိပါ။ ကိုယ်စားပြုမှု မတူဘူးလို့သာ ပြောဆိုထားတာ တွေ့ရပါတယ်။ 

KNPP က တစ်နှစ်မှာသင်တန်း တစ်ကြိမ်၊ နှစ်ကြိမ်သာပေးလေ့ရှိပြီး၊ သင်တန်းပြီးရင်လည်း ပြန်လွှတ်တာမရှိ၊ Karenni Army ကရင်နီစစ်တပ်ရဲ့စစ်သားအဖြစ် တဆက်တည်း တာဝန်ယူရတယ်လို့ဆိုပါတယ်။ 

သင်တန်းကို စုစည်းပေးတဲ့ သပိတ်ကော်မတီခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်သပိတ်ကော်မတီဆိုတာတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ 

အင်တာဗျူးအသေးစိတ်ကို ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ် >>>

https://www.kantarawaddytimes.org/?p=12997&fbclid=IwAR30kYV8lxIWaOWvfHTDhzLcGn-KdJpNaVLTGnr0QGVMK9I75-ad1Nefe2M




 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တောင်ကုတ်မျက်နှဖုံးကို ခွာကြည့်ခြင်း (Reporter's Notebook)

နာဆာနဲ့ ဒေါ်မီမီအောင်ရဲ့အောင်မြင်မှုကို ကန်သမ္မတ ဂျိုးဘိုင်ဒင် ချီးကျူး

စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ