စစ်ကောင်စီရဲ့မန္တလေးသတ်ဖြတ်မှု စာရင်းဆန်းစစ်ချက်

- စစ်ကောင်စီတပ်သားတွေ ဝင်စီးတဲ့မန္တလေးဖြစ်ရပ်မှာ သတ်ဖြတ်ပစ်တာ အလောင်း ၈ လောင်းဆိုတာ သေချာပါတယ်။ ဒါဟာ လုံး၀ အတည်ပြုနိုင်တဲ့ အချက်အလက်ပါ။ 

- စစ်ကောင်စီက အလောင်း ၈ လောင်းလုံးကို PDF တွေလို့ကြေညာတယ်။ နောက်ထပ်ထွက်လာတဲ့ စာတစ်စောင်မှာတော့ KIA အဖွဲ့က နှစ်ယောက်ပါတယ်လို့ စွပ်စွဲတယ်။ 

- နောက်တစ်ရက်မှာတော့ ကားပေါ်မှာ ပစ်သတ်ခံရတဲ့သူတွေက ရှမ်းပြည်နယ်ကနေ လာတဲ့သူတွေ။ တအန်းတွေ ပါပါတယ်။ သူတို့ဟာ မန်း PDF မဟုတ်ဘူး။ မဆက်စပ်ဘူးလို့ ဆွေမျိုးတွေက ပြန်ရှင်းတယ်။  

- မန္တလေး PDF ကတော့ သူတို့ဆီက နှစ်လောင်းပဲလို့ ဆိုထားပြီးတော့ ၆ ယောက် အဖမ်းခံရတယ်လို့ဆိုတယ်။ 

- မန်း PDF/ စစ်ကောင်စီနဲ့ တအန်းတွေဘက်ပြောလာတဲ့အချက်မှာ ကွဲလွဲနေတာကို စစ်ထုတ်တဲ့အခါ၊ မန်း PDF ပြောတဲ့ ၂ လောင်းပဲ ထားဦး၊ ကျန်တဲ့ နှစ်လောင်းက ဘယ်သူလဲဆိုတဲ့ မေးခွန်းထွက်တော့ စစ်ကောင်စီ ထုတ်သလို KIA ၂ လောင်းလားလို့ ပြောစရာရှိလာတယ်။ KIA ဗိုလ်အဆင့်ရှိသူ တူးဖိုးနှင့် ကိုရိုင်းဆိုပြီး နာမည်နဲ့တကွ စစ်ကောင်စီက ဖော်ပြတယ်။ 

- အဲဒါဆိုရင် KIA-2/ Mandalay PDF-2 ဖြစ်ပြီးတော့ လေးယောက်ရှိပြီး နောက်ထပ် ၄ ယောက်ကတော့ PDF မဟုတ်တဲ့ တအန်းလေးယောက်ဆိုရင် အသတ်ခံရတဲ့ လူအရေအတွက်ဟာ တိကျပြီလို့ဆိုနိုင်ပါတယ်။ 

- တအန်းလေးယောက်ရဲ့ကိစ္စကို စစ်ကောင်စီက မန်း PDF လို့နာမည်ကပ်ပြီးတော့ သတ်ပစ်တာဖြစ်တယ်။ သေတဲ့အထဲမှာ တအန်း ၃ ယောက်၊ တရုတ် တစ်ယောက်ပါတယ်။ ကားတိုက်မှုဖြစ်လို့ မပြေးနိုင်တာကို တရပ်စပ်ပစ်သတ်တာဖြစ်တယ်လို့ဆွေမျိုးတွေ ရှင်းပြထား။


 - စစ်ကောင်စီက ၈ ယောက် ပစ်သတ်လိုက်ပြီး ၈ ယောက်ကို ဖမ်းထားတယ်တယ်။ အဲဒီတော့ ထပ်မေးစရာရှိတာက PDF က သူတို့လူ ၆ ယောက် အဖမ်းခံရတာ မှန်တယ်ဆိုတော့ ကျန်တဲ့ ၂ ယောက်က ဘယ်ကလဲ?  

- စစ်ကောင်စီပေးတဲ့သတင်းကိုရေးတဲ့သူတွေ တင်ထားတဲ့ ပို့စ်တစ်ခုအရဆိုရင် ဒီနေ့  မန္တလေး-ဗန်းမော်လမ်းကြောင်းမှာ လက်နက်အလက် ၁၁၀ ကျော်နဲ့ လက်လုပ်မိုင်းအတွက် ယမ်းထုပ်တွေ ဖမ်းမိတာ မန်း PDF ကိစ္စ အဆက်လို့ဆိုတယ်။


 







 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)