ရုရှားရော့ကတ် သုံးထောင်ကျော်၊ လေယာဥ်ဗုံး ၄၆၀ ကျော် စစ်ကောင်စီတင်သွင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့  အာဏာသိမ်းစစ်ကောင်စီက ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေကို တိုက်ခိုက်ရာမှာသုံးမယ့် ရုရှားထုတ် တိုက်လေယာဉ်သုံး ရော့ကတ် S-8 80mm Rocket အလုံးရေ ၃၂၀၀ ကျော် မှာယူခဲ့ပါတယ်။

Yak-130 Russian fleet 

S-8 80 mm ရော့ကတ်တွေဟာ ရုရှားထုတ် ဆူခွိုင်း SU-30, Mig-29 နဲ့ Yak-130 တွေမှာ တပ်ဆင်အသုံးပြုတာဖြစ်ပါတယ်။ Missile အမျိုးအစားက (unguided) ဖြစ်ပါတယ်။ ပြီးတော့ လေကြောင်းဗုံးကြဲရာမှာသုံးတဲ့ ဗုံးအမျိုးအစား OFAB 100-120 က အလုံးရေ ၄၆၀ ပါ ပါတယ်။

OFAB 100-120 Bomb 

လေယာဉ်အမြှီးပိုင်း ထိန်းတဲ့ Partaining stabalizer နဲ့ parataining fuze ပစ္စည်း ရာနဲ့ချီ ပါပါတယ်။ 

ဒီပစ္စည်းတွေကို မေလ (၅ လ ပိုင်း) နောက်ဆုံးအပတ်မှာ သယ်ဆောင်လာတာဖြစ်ပြီး စင်္ကာပူကနေ တစ်ဆင့်မြန်မာနိုင်ငံသို့ ဖြတ်သယ်ယူမှာဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကိုရောက်မယ်လို့ တွက်ဆရပါတယ်။ စစ်ကောင်စီက မှာယူတဲ့ S-8 80mm Rocket ထဲမှာလည်း မျိုးကွဲများစွာရှိတဲ့အတွက် ဈေးနှုန်းတွေတော့ မသိနိုင်ပါဘူး။

S-8 80mm အမျိုးအစားကို ရုရှားက ၁၉၇၀ ခုနှစ်လောက်ကတည်းက ထုတ်လာခဲ့တာဖြစ်ပါတယ်။ Weaponsystems အင်တာနက်စာမျက်နှာမှာ မျိုးကွဲတွေကို အခုလို ဖော်ပြထားပါတယ်။ 


*S-8KO HEAT-Frag warhead for use against infantry, vehicles and normal buildings. .

* S-8KOM Improved version of the S-8KO.
*S-8B Concrete penetrating round for use against bunkers, runways and aircraft shelters.
*S-8BM Improved version of the S-8B.
*S-8D Version with thermobaric warhead for use against infantry.
*S-8DM Improved version of the S-8D.
*S-8DF S-8D with different type of thermobaric warhead.
*S-8T HEAT version with tandem warhead for use against ERA and no fragmentation effects. Only effective against armored vehicles.

Rocket Pod 

သူ့ရဲ့ဖော်ပြချက်အရ S-8 ကို တိုက်ခိုက်ရေးလေယာဉ်အပြင်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေမှာလည်းပဲ တွဲသုံးတယ်လို့သိရပါတယ်။ Rocket Pod အမျိုးအစားတချို့ကို ဖော်ပြလိုက်ပါတယ်။ ထိပ်ဖူးတွေထဲမှာ  HEAT-Frag, anti-runway, thermobaric, illumination ပါ ပါတယ်။ 

B-8M1Rocket Pod

ရော့ကတ်ကျည်အိမ် (pod) အမျိုးအစားပေါ်မူတည်ပြီးတော့ Pod တစ် ခုမှာ အလုံး ၂၀၊ ၈ လုံး၊ ၆ လုံး စသဖြင့် ပစ်ခတ်နိုင်ပါတယ်။  Mi-24 Hind လို တိုက်ခိုက်ရေး ရဟတ်ယာဉ်မှာတော့ Pod တစ်ခုမှာ အလုံး ၂၀ ပါတဲ့ pod တောင်ပံဘေးတစ်ဖက် တစ်ချက်စီမှာ ပါတတ်ပါတယ်။ ဒါပေမဲ့  Mi-8 Hip /  Mi-28 / နောက်ဆုံးပေါ် Ka-50 တိုက်ခိုက်ရေး ရဟတ်ယာဉ်မှာလည်းသုံးတယ်လို့ Weaponsystems က ရေးပါတယ်။

Mi-24P Hinde

တခြားတိုက်လေယာဉ်အမျိုးအစားတွေကတော့ Su-25 Frogfoot/ Su-17 Fitter/  MiG-29 Fulcrum/ MiG-27 Flogger/ Su-27 Flanker  နဲ့ Su-24 Fencer တို့မှာလည်း သုံးပါတယ်။ 


  


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)