ရခိုင်ငပလီက စစ်ကောင်စီတပ် အင်အားဖြည့်တင်း၊ ဒရုံးပျံသန်း၊ ဘန်ကာသစ်များပြင်ဆင်ထား
စစ်ကောင်စီက ရခိုင်ပြည်နယ်တောင်ပိုင်း စကခ-၅ ထိန်းချုပ်တဲ့ တောင်ကုတ်-သံတွဲ-ဂွ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂-၃ ပတ်လောက်ကတည်းက စစ်လက်နက်အမြောက်အများ သယ်ယူတာတွေ၊ စစ်ဘက်သုံးဒရုန်းပျံသန်းတာတွေ၊ ဘန်ကာတည်ဆောက်တာတွေ သံတွဲမြို့နယ်မှာ ဆောင်ရွက်နေတယ်လို့ ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေက ပြောပြလာပါတယ်။
စစ်လက်နက်တွေကို စစ်တွေ (ကျွန်းပတ်) ဘက်ကလာတဲ့ လေယာဉ်တွေမှာ သယ်ယူလာတာဖြစ်ပြီးတော့ အမျိုးအမည်မသိတဲ့ စစ်သုံးပစ္စည်းမျိုးစုံကို မိုးကာစတွေဖုံးအုပ်ပြီးတော့ သံတွဲ လေဆိပ်ကနေ သယ်ထုတ်ခဲ့တယ်လို့ဆိုပါတယ်။
CH-3 Chinese Drone |
"သံတွဲလေဆိပ်မှာ ညဘက် ဒရုန်းတွေပျံတာရှိတယ်။ မိုးကာစလိုဟာတွေနဲ့ဖုံးထားတဲ့ ကားတွေလည်းရှိတယ်။ သံတွဲ တပ်ရင်း ၅၅ မှာ အင်အားထပ်ဖြည့်တယ်၊ ဘန်ကာတွေလည်းအများကြီးဆောက်တယ်။ တောင်ထိပ်တွေမှာရောပဲ။" လို့အမည်မဖော်လိုသူ တစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီရဲ့ တပ်ရင်းက တောင်ကုတ်-သံတွဲမှာ အနည်းဆုံး သုံးခုရှိပါတယ်။ အမြောက်တပ်ရင်း ခမရ-၃၇၅ နဲ့တပ်ရင်း ၃၄၆ ရှိပါတယ်။ သံတွဲမြို့နဲ့ ၁၅ မိနစ်ဝန်းကျင်ခရီးသွားရတဲ့ ငပလီမှာတော့ တပ်မ-၅၅ ရဲ့တပ်ရင်းတွေရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီးတော့ ဒေသခံတွေကြား စိုးရိမ်မှုရှိနေပါတယ်။
သံတွဲမြို့ ကနေ ခုနစ်မိုင်အထိ တောက်လျှောက် စာတန်းတွေ ပိုစတာတွေ ဖြန့်ဝေမှုတွေလည်းရှိနေပါတယ်။ ဒီလှုပ်ရှားမှုကို ဘယ်သူတွေ ဦးဆောင်သလဲတော့မသိရပါ။ စတေကာတွေမှာတော့ "ရခိုင်ပြည်ကနေ စစ်တပ်ကိုမောင်းထုတ်ကြ"ဆိုတဲ့ စာသားတွေ ပါဝင်ပါတယ်။
တစ်ဆက်တည်းမှာပဲ ဇွန် ၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ တောင်ကုတ်က မိုးပညာဒါနကျောင်းက ပရဟိတ လူငယ် ၇ ယောက်ကို စကခ ၅ လက်အောက်ခံ နယ်မြေခံ ခမရ ၃၄၆ ဖမ်းသွားခဲ့ပါတယ်။ သူတို့ဟာ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ တခြား သက်မွေးဝမ်းကျောင်းပညာတွေကို ဒေသခံတွေကို သင်ပေးနေတာဖြစ်ပါတယ်။
ငပလီဟာ ရခိုင်ပြည်နယ်ထဲက နိုင်ငံခြားဝင်ငွေအမြောက်အများရှာပေးနေရာတစ်ခုဖြစ်ပါတယ်။ ဇိမ်ခံကမ်းခြေဟိုတယ်ကြီးတွေနဲ့ ကျယ်ဝန်းလှတဲ့ ဟိုတယ်အများစုဟာ စစ်တပ်ဆီက နှစ်ရှည်မြေငှားရမ်းပြီးတော့ တည်ဆောက်ထားကြတာရှိသလို အကျိုးတူစီးပွားအဖြစ် လည်ပတ်ကြတာလည်းရှိပါတယ်။ ဒေသခံရခိုင်လုပ်ငန်းရှင် ပိုင်ဆိုင်တာအနည်းကျဉ်းသာရှိပြီး အများစုက စစ်တပ်မိသားစုနဲ့ လက်သင့်ရာ ခရိုနီတွေအများစု ပိုင်ဆိုင်ထားတာပါ။
A beachfront hotel in Ngapali |
သံတွဲ PDF? https://www.facebook.com/thandwepdfforce/posts/103371388646631?__cft__[0]=AZV5n_fAc2qzDcQOHcag5Bmc-QBphcAXzH-9cktN7QvHgfCvdtdkmjRHSazdK4o8EjFGSUOlbG5o8-cEXyP9S-eywtMc5KBUPFJ-NqKSC7_TAzSELU_vD2vf65f-CUU2zLXFOZu0DR1ML9haFSbEzFTFU0rX9xPuGunNNIjBkQAuVQ&__tn__=%2CO%2CP-y-R
ReplyDeleteစစ် တပ် သတင်း တွေကို အ သေးစိပ် စုံးစမ်း သင့် တယ်
ReplyDelete