သံတွဲမြို့နယ်က စစ်ကောင်စီတပ်လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တစ်ခုလုံး အုပ်ချုပ်ရေးယန္တရားကို စစ်တပ်ရဲ့ အမိန့်ပေးမှုစနစ်အောက်သို့ ပြောင်းထားတယ်လို့ သိရပါတယ်။ 

တောင်ကုတ်-သံတွဲ-ဂွ မြို့နယ်က ခယက၊ မယကတွေဟာ စစ်တပ်က CO လို့ခေါ်ကြတဲ့ အမိန့်ပေးအရာရှိ ၇ ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကြရပါတယ်။ 

လက်ရှိအချိန်မှာ ဘာကိစ္စဖြစ်ဖြစ် အဲဒီစစ်တပ် အရာရှိ ၇ ယောက်ကို အစီရင်ခံရပါတယ်။ သံတွဲက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေမှာ အစည်းဝေးတွေ၊ မင်္ဂလာဆောင်ပွဲတွေ၊ ဧည့်ခံပွဲတွေ လုပ်ခွင့်မပြုဖို့ လက်ရှိ စစ်ကောင်စီ ခန့်ထားတဲ့ ခယက ဥက္ကဌက စာထုတ်ထားပါတယ်။ 

မြို့အဖြစ်သတ်မှတ်ပေးထားတဲ့ သံတွဲမြို့နယ်နဲ့ဂွကြားက ကျိန္တလီမှာလည်း စစ်ဆေးရေးဂိတ်ချပြီးစစ်ဆေးတာတွေလုပ်ပါတယ်။  စစ်သား ၁၅ ယောက်ထက်မနည်းတဲ့ စစ်ကောင်စီစစ်သားတွေ ညဘက်ကျရင် လယ်တီဘုန်းတော်ကြီးကျောင်းနားမှာ ဒေသခံတွေသွားလာတာကို စစ်ဆေးတယ်လို့သိရပါတယ်။

ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလလောက်က ကျိန္တလီကိုရောက်လာတာလို့ပြောကြပါတယ်။ 

ကျိန္တလီမြောက်ဘက်က ပင်လယ်ပြင်မှာတော့ စစ်ကောင်စီရေတပ် နေဗီတစ်စီးကင်းချထားတာရှိပါတယ်။ ဒီစစ်င်္ဘောက စစ်သားတွေဟာ ဒေသခံတွေဆီက ငါးတွေ ပုဇွန်တွေ အခကြေးငွေမပေးဘဲ တောင်းယူပါတယ်။  

ဒီသင်္ဘောဟာ သပြုဂျိုင် ရေတပ်လေ့ကျင့်ရေးစခန်းကလို့ ယူဆကြပါတယ်။ သံတွဲမြို့နယ်ထဲက မဲနယ်ကွင်း၊ ရွာရှည်ရွာအနီးက တောင်တချို့မှာ  အင်အား ၁၀၀ ကျော် ရှိတဲ့ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အကြောင်း ဇွန် ၁၂ ရက်နေ့က ရေးသားတင်ပြပြီးဖြစ်ပါတယ်။ ဘယ် တပ်မ အောက်က တပ်ရင်းလဲ မသိရသေးပါ။ 

တပ်ရင်း ၅၅ နဲ့ ၅၆၆ တပ်ရင်း တွေလည်း ကတုတ်ကျင်းတွေ ဘန်ကာတွေ ဒရုန်းပျံသန်းမှုတွေလုပ်ပြီးတော့ လူအင်အား လက်နက်အင်အားလည်းဖြည့်တင်းထားပါတယ်။ 






  

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

မုဒိန်းကျင့်ခံရ၊ ထောင်လည်းကျခံရတဲ့ ကျောက်တော်သူ (Explanatory)