NLD ပါတီဝင် စိုင်းလင်းလင်းဦးသေဆုံးတယ်ဆိုတဲ့ သတင်းမှား (Fact-Check)

ဘော်လခဲ NLD အမတ်လောင်းအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ စိုင်းလင်းလင်းဦးကို စစ်ကောင်စီက စစ်ကြောရေးမှာသတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်း ဒီနေ့ဇွန် ၆ ရက်နေ့မှာ ထွက်ပေါ်နေပေမယ့် အတည်ပြုလို့မရသေးပါဘူး။ 

ကရင်နီသတင်းရင်းမြစ်တွေကတော့ ဦးလင်းလင်းဦးဟာ ရဲစခန်းက အချုပ်ထဲမှာရှိနေပြီးတော့ စစ်ကောင်စီက လွိုင်ကော်ထောင်ကိုပို့ဖို့စီစဉ်နေတယ်လို့ပြောပါတယ်။ 

အသက် ၂၉ နှစ်အရွယ် စိုင်းလင်းလင်းဦးဟာ ဒီမောဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့သွားရင်းနဲ့အပြန်ခရီး လွိုင်ကော်မြို့နယ်ထဲမှာ မနန္ဒဦးခင်၊ မမေဇင်ထူးတို့နဲ့အတူ မေလ ၂၆ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ 

ဖမ်းဆီးပြီးနောက်မှာတော့ သူတို့သုံးယောက်ကို စစ်တပ်တပ်ရင်းတစ်ခုမှာထိန်းသိမ်းထားခဲ့ပါတယ်။ စိုင်းလင်းလင်းဦးဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီမှ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။ 

Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ