ဒေါ်အောင်ဆန်းစုကြည်ရဲ့ NRPC စင်တာကို NSPC အဖြစ်စစ်ကောင်စီနာမည်ပြောင်း

NLD ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် အမည်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးစင်တာ (National Reconciliation and Peace Center (NRPC) ကို စစ်ကောင်စီက National Solidarity and Peace-making Center (NSPC) လို့ အမည်ပြောင်းလိုက်ပါတယ်။ 

ရန်ကုန်မြို့ ရွှေလီလမ်း ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ်  

USDP ကြံ့ဖွံ့အစိုးရလက်ထက် (၂၀၁၀-၂၀၁၅ ) မှာတော့ Myanmar Peace Center (MPC) လို့ သမ္မတဦးသိန်းစိန်က စတင်အမည်မှဲ့ခဲ့ပါတယ်။ အဲဒီကနေ ၂၀၁၁-၁၂ ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စခဲ့ပါတယ်။ 

 ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင်တော့ ဒေါ်အောင်ဆန်းစုကြည်က NRPC လို့ ပြောင်းလိုက်ပါတယ်။ အခုတစ်ကြိမ်တော့ စစ်ကောင်စီက NSPC လို့ပြောင်းလိုက်ပါတယ်။ ဒါကြောင့် အတိုကောက်ဆိုရင်တော့ R နဲ့ S တစ်လုံး ကပ်ချိန်းတယ်လို့ ဆိုရမှာပါ။ 

National Solidarity and Peace-making Center (NSPC) ကို တရားဝင်သူတို့ဘယ်လိုခေါ်လဲတော့မသိပါ။ ကျနော် အနီးစပ်ဆုံး ဘာသာပြန်ကြည့်မယ်ဆိုရင် (အမျိုးသားသွေးစည်းညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်ရေးစင်တာ) လို့ အဓိပ္ပာယ်ရမယ်လို့ နားလည်ပါတယ်။


 


Comments

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

ကွန်ဖက်ဒရိတ်နဲ့ဖက်ဒရယ်ခြားနားချက်

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)