စစ်တပ်နဲ့ဆက်စပ်တဲ့ ငပလီကမ်းခြေက ဟိုတယ်များဖော်ထုတ်ခြင်း (Seeking whistleblowers)

ငပလီမှာရှိတဲ့ ကမ်းခြေဟိုတယ်ကြီးအများစုဟာ စစ်တပ်ရဲ့ငွေတွင်းကြီးတွေဖြစ်ပါတယ်။ ဘယ်ဟိုတယ်က ဘယ်လိုဆက်စပ်တယ်ဆိုတာကိုရေးတင်ပေးသွားပါမယ်။ ပြီးခဲ့တဲ့အပတ်ကတော့ Amazing Hotel ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တိုက်ရိုက် ဆက်စပ်ကြောင်းရေးတင်ပြီးပါပြီ။ ဒီတစ်ခါတော့ တခြားဟိုတယ်တွေ ပါလာမှာဖြစ်ပါတယ်။

Amazing Hotel Ngapali

ဒီကိစ္စတွေကို စုံစမ်းတဲ့အခါ ငပလီဒေသခံတွေရဲ့ ပူးပေါင်းမှု အားနည်းပါတယ်။ အဓိကတော့ အဲဒီမှာ လုပ်ကိုင်နေကြတဲ့သူတွေက အလုပ်အကိုင်ဆုံးရှုံးမှာ စိုးရိမ်ကြတာနဲ့ဆက်စပ်မယ်လို့နားလည်ရပါတယ်။  သိတဲ့သူတွေ ပူးပေါင်းဖော်ထုတ်ပေးကြဖို့ ထပ်မံမေတ္တာရပ်ခံပါတယ်။ Telegram/ Signal ကြိုက်တဲ့နေရာကနေ ဆက်သွယ်လို့ရပါတယ်။ 

ဘာကြောင့် ဒီလိုဖော်ထုတ်ရေးသားဖို့ လိုအပ်သလဲ။ အဓိကတော့ စစ်တပ်ရဲ့ငွေကြောတွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ ဒီကနေရတဲ့ငွေကြေးတွေဟာ အခု အာဏာသိမ်းထားတဲ့ စစ်တပ်ဗိုလ်ချုပ်တွေ ချမ်းသာဖို့ အသုံးပြုတာဖြစ်သလို ပြည်သူလူထုကို သတ်ဖြတ်မယ့် ကျည်ဆန်တွေ၊ စစ်လက်နက်တွေ ဝယ်ရာမှာအသုံးပြုမယ့် ငွေတွေဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ပြောရမယ်ဆိုရင် ဒီကိစ္စကို ဆိတ်ငြိမ်နေသူတွေဟာ လူထုကို သတ်ဖြတ်မယ့် ကိစ္စကိုသိရက်နဲ့ နှုတ်ဆိတ်တာနဲ့တူပါလိမ့်မယ်။ 

စစ်လက်နက်တွေ ဝယ်ယူဖို့ ငွေမရှိတဲ့အခါ တခြားတိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးလုပ်ဖို့ ပိုခက်ခဲလာမှာပါ။ သူတို့ ခိုင်းကောင်းတဲ့ စစ်သားတွေကို မက်လုံးပေးစည်းရုံးဖို့ ပိုခက်ခဲလာမှာဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေရဲ့ ငွေကြောတွေကို ဖြတ်တောက်ပစ်ဖို့လိုအပ်ပါတယ်။ အဲဒီလို အာဏာသိမ်းစစ်တပ်အခက်ကြုံမှ နွေဦးတော်လှန်ရေးဆင်နွဲသူတွေအတွက် ပိုအထောက်အကူဖြစ်စေမှာပါ။ 

Comments

  1. ကျန်ဆည် ဖြစ်နေတယ်။ရုတ်တရက် ဘာမှန်းမသိဘူးဖြစ်သွားတယ်။ ကျည်ဆန် ဖြစ်ရမယ်ထင်တယ်

    ReplyDelete
  2. Lol Bayam Batar twy shouk yae S pain

    ReplyDelete

Post a Comment

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

KNU ဥက္ကဌထုတ်ပြန်ချက် ဂယက်ထပေမယ့်မဆဲသင့်ပါ၊ ဘာကြောင့်လဲသိချင်ရင် ဒါကိုဖတ်ပါ (Opinion)

တော်လှန်ရေးနယ်မြေထဲက အန္တရာယ်ကိုဖိတ်ခေါ်သော ဓာတ်ပုံများ

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ