ကိုဗစ်ဆေးက ဒေလ်တာမျိုးကွဲကိုအပြည့်အဝကာကွယ်ပေးနိုင်လား
ဒီမေးခွန်းက အနောက်တိုင်းမှာ လူမေးများတဲ့မေးခွန်းဖြစ်သလို၊ အင်မတန်လည်းရိုးစင်းပါတယ်။ မြန်မာနိုင်ငံသားတွေလည်း သိချင်ကြမယ်ထင်လို့ ဖတ်မိတဲ့ DW ဆောင်းပါးတစ်ပုဒ်ကိုကောက်နှုတ်ပြီး လိုတိုရှင်းတင်ပြပေးပါမယ်။ Yes or No ဖြေလို့ရတဲ့မေးခွန်းတော့မဟုတ်ပါ။ ကိုဗစ်ဆေးတွေက အပြည့်အဝကာကွယ်ပေးနိုင်လားဆိုတော့ ကာကွယ်ပေးတယ်လို့လည်းဆိုနိုင်သလို၊ United Kingdom ယူကေမှာ ကိုဗစ်ဆေးထိုးထားပြီးမှ သေဆုံးတဲ့လူနာတွေလည်းရှိနေပါတယ်။ Photo: MPA ဒေလ်တာမျိုးဗီဇကွဲကူးစက်ခံရပြီးတော့ UK မှာသေဆုံးသူက ၂၅၉ ယောက်ရှိပါတယ်။ UK ပြည်သူ့ကျန်းမာရေးဌာန PHE ရဲ့အချက်အလက်အရ အဲဒီထဲက ၁၁၆ ယောက်က ကိုဗစ်ဆေးအပြည့်အ၀ ထိုးနှံပြီးသူတွေဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက အနောက်တိုင်းဆေးတွေဟာ တရုတ်နဲ့ရုရှားဆေးထက် ပိုပြီးတော့ ကောင်းတယ်၊ ထိရောက်တယ်ဆိုတဲ့အချက်ပါ။ ဒါတောင်မှ ဂရုမစိုက်ဘဲနေလို့ အကူးခံရပြီး သေတာဖြစ်ပါတယ်။ သိပ္ပံနည်းကျဆန်းစစ်ထားတဲ့ သုတေသနအရဆိုရင် ကိုဗစ်ဆေးတွေက ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ အစကတည်းက ဖျားနေလို့ ကိုဗစ်ဆေးထိုးထားသူတွေ သေဆုံးတာနဲ့ကူးစက်ခံရနိုင်ခြေ နည်းတယ်လို့ဆိုပါတယ်။ UK မှာ ဒေလ်တာနဲ့ သေဆုံးသူနည်းပေမယ့် ကူးစက်ခံရသူက မြ