ဖားကန့်က စစ်ကောင်ရဲ့စခန်းကို KIA သိမ်းဆည်းတဲ့မြင်ကွင်း (Video)
ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီရဲ့ Tanggau Bum စခန်းကို KIA တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်တဲ့ ဗွီဒီယိုဖိုင်ပါ။ ပြီးခဲ့တဲ့ မတ်-ဧပြီ နှစ်လအတွင်းမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အနည်းဆုံး ၂၀၀ ဝန်းကျင်အထိ သေဆုံးတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ဒုဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ကြီးအထိသေဆုံးသူတွေလည်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။ Crd: Kachin News Group KIA ဘက်ကလည်း ကျဆုံးမှုတချို့ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်စာရင်းတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ တခါ တောင်ပိုင်းစစ်မျက်နှာဖြစ်တဲ့ ကရင်ပြည်နယ်မှာလည်း KNLA တပ်တွေနဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ရှမ်းမြောက်မှာလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ခိုက်လို့ စစ်သားဒါဇင်နဲ့ချီပြီး သေဆုံးတာတွေရှိပါတယ်။