Posts

ဖားကန့်က စစ်ကောင်ရဲ့စခန်းကို KIA သိမ်းဆည်းတဲ့မြင်ကွင်း (Video)

Image
ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီရဲ့ Tanggau Bum စခန်းကို  KIA တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်တဲ့ ဗွီဒီယိုဖိုင်ပါ။  ပြီးခဲ့တဲ့ မတ်-ဧပြီ နှစ်လအတွင်းမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အနည်းဆုံး ၂၀၀ ဝန်းကျင်အထိ သေဆုံးတယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ဒုဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ကြီးအထိသေဆုံးသူတွေလည်း တစ်ဆယ်ဝန်းကျင်ရှိပါတယ်။  Crd: Kachin News Group KIA ဘက်ကလည်း ကျဆုံးမှုတချို့ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်စာရင်းတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။  တခါ တောင်ပိုင်းစစ်မျက်နှာဖြစ်တဲ့ ကရင်ပြည်နယ်မှာလည်း KNLA တပ်တွေနဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ရှမ်းမြောက်မှာလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ခိုက်လို့ စစ်သားဒါဇင်နဲ့ချီပြီး သေဆုံးတာတွေရှိပါတယ်။

ဂျပန်ဂျာနယ်လစ် သတင်းတုဖြန့်တယ်လို့စစ်ကောင်စီစွပ်စွဲ

Image
ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ Yuki Kitazumi ကို သတင်းတု၊ သတင်းမှားဖြန့်ဝေတာကြောင့် တရားစွဲတာလို့ အာဏာသိမ်းစစ်ကောင်စီက ဆိုလိုက်ပါတယ်။  ဂျပန်သတင်းစာဆရာ  ယူကီ ကီတာဇူမီ ဟာ ရန်ကုန်က ဆန္ဒပြပွဲတွေကို သတင်းယူနေရင်းနဲ့ ဧပြီလတုန်းက အဖမ်းခံလိုက်ရပါတယ်။ သူဟာ တရားစွဲခံထားရတဲ့ တစ်ဦးတည်းသော နိုင်ငံခြားသတင်းထောက်ဖြစ်လာပါတယ်။ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ Photo: Japan Times ဂျပန်သတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရဆိုရင် သူဟာ ထောင်ဒဏ် သုံးနှစ်ကျခံရနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ အခုတော့ သူဟာ ရန်ကုန်က အင်းစိန်ထောင်မှာပါ။ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ယူကီ ကီတာဇူမီကို တကယ်တော့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ မှာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်တာပါ။ မြေနီကုန်းမှာ ဆန္ဒပြနေတာကို ရိုက်ကူးရင်းနဲ့တခြားသတင်းထောက်တွေနဲ့အတူ အဖမ်းခံခဲ့ရတာပါ။ နောက်တော့ ပြန်လွတ်လာပါတယ်။ ရဲတွေက သူ့အိမ်ကို ဧပြီလ ၁၈ ရက်နေ့မှာ ထပ်ဝင်စီးပြီးတော့ ၀င်ဖမ်းပြန်ပါတယ်။  သူက သတင်းတွေကိုရေးသားရုံတစ်ခုတည်းမဟုတ်ပါ။ ဖိနှိပ်ခံနေရတဲ့ လူငယ်တွေ၊ မတရားသတ်ဖြတ်မှုတွေကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာလည်း ရေးသားဖော်ပြလေ့ရှိပါတယ်။ ဥပမာ ကျောင်းသားလူငယ်တွေက လမ်းပေါ်ဆန္ဒပြနေတာ သတင်း

ဒေါ်လာ ၃၅ သန်းတန်MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က FN-6 နဲ့ပစ်ချ

Image
ဒီနေ့မနက် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲ KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်က တင့်ကားပျံလို့ တင်စားကြတဲ့ ရုရှားထုတ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။  မိုးမောက်မြို့နယ် ကုန်းလောဘက်က တောင်ကုန်းတစ်ခုပေါ်ကနေ ပစ်မှတ်ခြေရာခံလိုက်တဲ့ ပခုံးထမ်းဒုံး MANPADS FN-6 နဲ့ပစ်ချလိုက်တာလို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။  MI-35 Attack Helicopter or Russian Hinde ဟယ်လီကော်ပတာဟာ လေထဲမှာကတည်းက FN-6 ကျည်ထိမှန်လို့ ပေါက်ကွဲမှုဖြစ်တယ်လို့သူကပြောပါတယ်။ လက်ရှိအချိန်ထိ အဲဒီရဟတ်ယာဉ် အစိတ်အပိုင်းတွေဟာ (1:00 pm) မီးလောင်နေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။   ပစ်ချခံရတဲ့ ရဟတ်ယာဉ်က MI-35 ဒါမှမဟုတ်  MI-24P ဆိုတာ သီးခြားအတည်ပြုလို့မရသေးပါဘူး။ MI-24V ကိုလည်း MI-35 လို့ခေါ်ဆိုကြတာ ရှိတာမလို့ နည်းပညာကျွမ်းကျင်သူတွေသာ ဒီကိစ္စကို သေချာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။  MI-35 မှာ ပိုင်းလော့နှစ်ယောက်အပါအဝင်၊ ပစ္စည်းသိုလှောင်ခန်းအပါအဝင် လူ ၈ ဦးအထိ လိုက်ပါနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနေ့ပစ်ချခံရတဲ့အထဲ ဘယ်နှစ်ဦးပါလဲမသိရသေးပါ။ စစ်ကောင်စီကလည်း ဒီသတင်းကို ထုတ်ပြန်ခြင်းမရှိသေးပါ။ 2015 ကနေ ၂၀၂၁ အထိ စစ်မြေပြင်မှာ MI-35

KIA က စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့

Image
စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒီနေ့ မေလ ၃ ရက်နေ့ မနက်မှာ ပစ်ချနိုင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။  MI-8 Helicopter ရဟတ်ယာဉ်က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောဘက်မှာ ပစ်ချခံရတာဖြစ်ပါတယ်။ ကုန်းလောဟာ လက်ရှိတိုက်ပွဲပြင်းထန်တဲ့ နေရာလည်းဖြစ်ပါတယ်။  ပစ်ချခံရတဲ့ ရဟတ်ယာဉ်က သယ်ယူပို့ဆောင်ရေး ဒါမှမဟုတ် တိုက်ခိုက်ရေးအမျိုးအစား ဟုတ်မဟုတ် တော့ မသိရသေးပါ။ အာဏာသိမ်းစစ်ကောင်စီက သယ်ယူပို့ဆောင်ရေးအတွက် MI-8 တွေကို သုံးလေ့ရှိပါတယ်။ တိုက်ခိုက်ရေးအတွက်တော့ ရုရှားထုတ် MI-24P တွေ သုံးပါတယ်။  MI-24P စစ်ကောင်စီတပ်တွေဟာ လက်လွှတ်လိုက်ရတဲ့ အာလောဘွမ်နေရာကို ပြန်လည်ရရှိဖို့အတွက် ကုန်းလောကို အရင်ဆုံးသိမ်းယူဖို့ကြိုးစားနေတာပါ။ ကုန်းလောကို သိမ်းနိုင်မှ KIA သိမ်းထားတဲ့ အာလောဘွမ် ဗျဟာကို ပြန်လည်တိုက်ခိုက်ဖို့ လမ်းကြောင်းပွင့်နိုင်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ 

လူငယ် ၇၀ ကျော်ကိစ္စ KNPP အတည်ပြု၊ သပိတ်ကော်မတီဆောင်ရွက်တဲ့ကိစ္စဟုဆို

Image
သင်တန်းကပြန်လာတဲ့လူငယ် ၇၀ ကျော် ဧပြီ ၃၀ နေ့တုန်းက ဖရူဆိုမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်း ခံရတဲ့ကိစ္စကို KNPP က  မေလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ အတည်ပြုပါတယ်။  KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီရယ်ကို ဒေသခံသတင်းဌာန Kantarawaddy Times ကဆက်သွယ်မေးမြန်းတဲ့အခါ အတည်ပြုတာဖြစ်ပါတယ်။  သင်တန်းက KNPP က တိုက်ရိုက်ပေးတာမဟုတ်ဘဲ ပြည်နယ်ကိုယ်စားပြုဆိုပြီးဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေနဲ့ချိတ်ဆက်ပြီး လုပ်ကြတဲ့ သင်တန်းသာဖြစ်တယ်လို့ ဆိုပါတယ်။  Kn-AC ပုံဟောင်း ဒါပေမဲ့ သပိတ်ကော်မတီနဲ့ KNPP က ချိတ်ဆက်ပြီး ဆောင်ရွက်တာ ရှိ၊ မရှိနဲ့ KNPP စစ်သားတွေက သင်တန်းပေးတာ ဟုတ် မဟုတ်ကို ရှင်းလင်းစွာပြောဆိုခြင်းမရှိပါ။ ကိုယ်စားပြုမှု မတူဘူးလို့သာ ပြောဆိုထားတာ တွေ့ရပါတယ်။  KNPP က တစ်နှစ်မှာသင်တန်း တစ်ကြိမ်၊ နှစ်ကြိမ်သာပေးလေ့ရှိပြီး၊ သင်တန်းပြီးရင်လည်း ပြန်လွှတ်တာမရှိ၊ Karenni Army ကရင်နီစစ်တပ်ရဲ့စစ်သားအဖြစ် တဆက်တည်း တာဝန်ယူရတယ်လို့ဆိုပါတယ်။  သင်တန်းကို စုစည်းပေးတဲ့ သပိတ်ကော်မတီခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်သပိတ်ကော်မတီဆိုတာတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။  အင်တာဗျူးအသေးစိတ်ကို ဒီလင့်မှာ ဖတ်ရှု

ထိုင်းစစ်တပ်က ဘီဘီစီနဲ့ ထိုင်း၊ မြန်မာ သတင်းထောက်တွေကို ထိန်းသိမ်းထား

Image
ထိုင်းစစ်တပ်က သံလွင်မြစ်ဘက်ခြမ်းမှာရှိတဲ့ကရင်ဒုက္ခသည်တွေအကြောင်း သတင်းယူဖို့သွားတဲ့ နိုင်ငံတကာသတင်းထောက်၊ ထိုင်းနဲ့  မြန်မာသတင်းထောက်အနည်းဆုံး သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကနဦး သတင်းထွက်နေကြောင်း သံလွင်သတင်းစာက (Salween Press) မတ် ၂ ရက်နေ့ ဒီမနက်မှာ ရေးပါတယ်။  (Updated 2:22 p.m) ဒီသတင်းတင်ပြီးချိန်၊ နေ့လည်ပိုင်းမှာတော့ ထိုင်းစစ်တပ်က ပြန်လည်လွှတ်ပေးတယ်လို့သိရပါတယ်။  သတင်းထောက်များ ထိုင်းစစ်တပ်ဖမ်းဆီးခြင်းခံလိုက်ရသော သံလွင်မြစ်ကမ်းတစ်နေရာ  Photo: Salween Press ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင် မယ်စရီယမ်မြို့နယ်  Baan Tha Ta Fang  ရွာနားမှာ ထိုင်းစစ်သားတွေက တားဆီးခြင်းခံရပြီးနောက် မေးခွန်းတွေမေးရင် ဖမ်းသွားတာလို့ ရွာသားတချို့က Salween Press ကို ပြောကြပါတယ်။ ဖမ်းဆီးခံရတဲ့အထဲ ထိုင်း၊ မြန်မာနဲ့ နိုင်ငံတကာသတင်းထောက်တွေပါ ပါတယ်။  မျက်မြင်သက်သေတစ်ယောက်က သူတို့သိသလောက် အဲဒီထဲမှာ ဘီဘီစီသတင်းထောက်ပါတယ်။ သူတို့က အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုစိုးရိမ်လို့ထွက်ပြေးလာကြတဲ့ ရွာသားတွေအကြောင်း သတင်းလုပ်ဖို့လာကြတာလို့ပြောပါတယ်။  ထိန်းသိမ်းခံထားရတဲ့အကြောင်း တခြားသတင်းရင်းမြစ်တွေနဲ့

KNPP သင်တန်းဆင်း လူငယ် ၇၀ ကျော်အဖမ်းခံရ

Image
စစ်သင်တန်းတက်ရာကပြန်လာတဲ့ လူငယ် ၇၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖရူဆိုမြို့နယ်ထဲမှာ ဧပြီလ ၃၀ ရက်နေ့တုန်းက ဖမ်းဆီးလိုက်တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။  သင်တန်းကနေ နေရာအသီးသီးအသို့ပြန်ဖို့အတွက် ကားနဲ့လာတဲ့လမ်းမှာ အဖမ်းခံရတာလို့ အမည်မဖော်လိုသူတစ်ဦးက ရှင်းပြပါတယ်။ အဖမ်းခံလိုက်ရတဲ့ အသက် ၂၀-၃၀ အရွယ်ရှိလူငယ်တွေဟာ အခုတော့ ထောင်ထဲမှာပါ။  KNPP စစ်သားများ (old photo)  ဖမ်းဆီးခံရတဲ့အထဲ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပါတယ်။ မြေသယ်ကား နှစ်စီး (Dump truck) နဲ့ တောကနေ မြို့ပေါ် အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး၊ လူငယ်တချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။  ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ဖုန်းတွေကိုဖွင့်စစ်တဲ့အခါ သင်တန်းတက်နေတဲ့ ဓာတ်ပုံတွေပါ တွေ့ရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။  "ဆယ်လီနိုင်ငံရေးလုပ်ချင်တဲ့ ပြသနာပါ။ သေနတ်ကိုင်ထားတဲ့ပုံတွေကို လိုင်းပေါ်တင်ကြ၊ ပြီးတော့ ဖုန်းတွေမှာ အဲဒီပုံတွေကို သိမ်းထားတယ်။ အဲဒီဟာတွေကို ရှာတွေ့သွားတာပါပဲ။"  အခုလို ဖမ်းဆီးခံရတဲ့အထဲက ဘယ်နှစ်ယောက်ရဲ့ဖုန်းမှာ အခုလိုတွေ့ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမ

KIA ကို စစ်ကောင်စီ နေ့ရောညပါ လေကြောင်းတိုက်ခိုက်

Image
 လိုင်ဇာမြို့နယ်ထဲက KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ ရှိတဲ့ နေရာတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်လေယဉ်နဲ့ မတ်လ ၁ ရက်နေ့ ဒီည ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ပါတယ်။  Chinese fleet JF-17 လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ပေါက်ကွဲသံတွေကို လိုင်ဇာမြို့ပေါ်ကပါ ကြားနေရတာကြောင့် အရပ်သားတွေလည်းစိုးရိမ်မှုတွေရှိနေပါတယ်။ တပ်ရင်း ၁၅ နယ်ထဲမှာ ထိခိုက်မှုရှိ မရှိတော့ မသိရသေးပါ။  ဒီနေ့ KIA နဲ့စစ်ကောင်စီတပ်မ (၇၇) တပ်တွေ ဗန်းမော်ခရိုင်၊ မိုးမောက်မြု့နယ် မြို့သစ်ဘက်က တောတန်းတွေမှာ မနက် ၇ နာရီဝန်းကျင်မှာတိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်အထိနာသွားကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်တယ်လို့ KIA နီးစပ်သူတွေက ရေးသားထားကြပါတယ်။  မဟာဗျူဟာကျတဲ့ အာလောဘွမ်တောင်ဗျူဟာကုန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက KIA ကို အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီဟာ KIA နယ်မြေမှာ စစ်စခန်းအနည်းဆုံး ဆယ်ခုသိမ်းပိုက်ခံထားရပါတယ်။  Updated : (9:50 am Sunday) ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာက တပ်ရင်း ၁၉ နေရာလို့သိရပါတယ်။ ဒါကြောင့် တပ်ရင်း ၁၅ အစား ၁၉ လို့ပြင်ဆင်ဖတ်ရှုပေးကြပါ။ တပ်ရင်း ၁

ဗိုလ်ချစ်သူ BGF အဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး KNLA ကို တိုက်ခိုက်

Image
ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လက်ရှိတိုက်ပွဲတွေမှာ BGF ဗိုလ်ချစ်သူရဲ့တပ်တွေက စစ်ကောင်စီဘက်ကနေ ကူညီပြီးKNLA တပ်တွေကို တိုက်ခိုက်နေတယ်လို့ ကရင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။  အထူးသဖြင့် KNLA တပ်မဟာ ၁ ရှိရာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတာပါ။ မွန်ပြည်နယ်ထဲက သထုံ၊ ကျိုက်ထိုနဲ့ ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားလာတာပါ။ (Ref: 4NEWsKaren) KNLA ရဲ့အားကောင်းတဲ့ တပ်မဟာတွေဖြစ်တဲ့ ၅-၃-၁ တွေက စစ်ကောင်စီနဲ့အဓိက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့ ကျန် ပဲခူးအစပ်နဲ့နီးတဲ့ တပ်မဟာ ၂၊ ထိုင်း- မြန်မာနယ်စပ်၊ ၆-၇ နဲ့ တနင်္သရီတိုင်းထဲက တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါတယ်။  ဗိုလ်ချစ်သူဟာ မြဝတီနယ်စပ်မှာရှိတဲ့ ရွေကုက္ကိုမှာ တရုတ်နဲ့ပူးပေါင်းပြီးတော့ မြို့သစ်တည်ဆောက်တာကြောင့် မကောင်းသတင်းကျော်ဇော်ပါတယ်။ ဒါ့အမြင် မြဝတီမြို့နယ်ထဲက လောင်းကစားရုံတွေမှာလည်း လုံခြုံရေးယူပေးတာကြောင့် လူသိများပါတယ်။  

KNLA တပ်မဟာ ၅ ကို စစ်ကောင်စီဗုံးကြဲသောမှတ်တမ်း

Image
April 30 ===== ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ဒါးကွေ မယ်ခါးထာရွာကို လေယာဉ်ဖြင့် ဗုံး ၃ လုံးကြဲခဲ့။ ထိခိုက်မှု မရှိ။ (နံနက် ၁း၄၀ မိနစ်)  * နောက်ထပ် လေယာဉ် ၂ စင်းဖြင့် ဒါးကွေနေရာကို ဗုံး ၂ လုံးထပ်မံကြဲ၊ လေယာဉ်စက်သေနတ်ဖြင့် ပစ်ခတ်။ (နံနက် ၁၁း၂၀ မိနစ်) * လေယာဉ် ၂ စင်းဖြင့် ဝေဘုထာနေရာ ဗုံး ၂ လုံး ထပ်မံကြဲချ၊ ၁း၃၀ မိနစ်အချိန်တွင် လေယာဉ် ၂ စင်းဖြင့် ဒါးကွေနေရာကို ဗုံး ၂ လုံး ထပ်မံကြဲ။ (မွန်းလွဲ ၁း၀၀ နာရီ)  Russia fleet Yak-130 Mitten  * စစ်ကောင်စီလေယာဉ်တချို့ ခေါပုနယ်မြေတွင် ၁ စင်း၊ လယ်တိုးတွင် ၁ စင်း ဆင်းသက်မှုရှိ။ * လူသောမြို့နယ် ၊ လယ်မူပလောကျေးရွာအုပ်စု ထော့မူပလယ်မဲ တပ်စခန်းမှ ခမရ - ၂၀ က ပြည်သူများလုပ်ငန်းခွင်နေရာသို့ လက်နက်ကြီး ၁၇ လုံး ပစ်ချခဲ့  စစ်ကောင်စီ၏တပ်သည် တပ်မဟာ ၅ နယ်မြေတွင်းသို့ ဧပြီ ၃၀တစ်ရက်တည်းတွင် လေယာဉ်ဗုံး ၉ လုံးကြဲချခဲ့ပြီး၊ အမြောက်လက်နက်ကြီး ၁၇ လုံး ပစ်ခဲ့သည်။  ဧပြီ ၃၀ ရက်နေ့ ည လေယာဉ်ဗုံးကြဲ၍ ပေါက်ကွဲသံကြားရစဉ် April 29 ======  စစ်အုပ်စုတပ်ဖွဲ့ စကခ - ၈ ၊ ခမရ - ၄၀၇ တပ်ရင်းတို့ မထောကျေးရွာမှ အသက် ၅၅ နှစ်ရှိသူ ကပ္ပလီကို ဖမ်းဆီးခေါ်ဆောင်သွား။ ( နေ့လယ် ၁၂း၀၀ နာရီ) - စ