စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ
ရခိုင်တောင်ပိုင်းက ငပလီကမ်းခြေမှာ နာမည်ကြီးဟိုတယ်တွေဖြစ်တ့ Amazing Ngapali/ Hilton Hotel / Merciel Retreat Hotel နဲ့ Hotel At the Rock တို့ဟာ စစ်တပ်ကို တစ်နှစ်မှာ ဒေါ်လာ အနည်းဆုံး ၂ သိန်း ၈ သောင်းလောက် ရှာပေးနေတဲ့ ဟိုတယ်တွေဖြစ်ပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ Amazing Hotel ( မြေ ၅ ဧကကျော် တစ်ကွက်ကို တစ်လ 6000 x 12= 72000 မြေ ၆ ကွက် 72000 x 6 = 432000) အဆောက်အအုံတွေပြီးလို့ လည်ပတ်တဲ့အခါ ထပ်ပြီးတော့ ဈေးနှုန်းသတ်မှတ်တာရှိပါသေးတယ်။ ဒီငွေတွေက စစ်တပ်ဆီရောက်သလား၊ အကြိးအကဲဆီကို ဖိတ်စင်သွားသလား မသိရပါ။ ဘာလို့ ဒီဟိုတယ် တွေက စစ်တပ်ဝင်ငွေပေါက်ဖြစ်သလဲ။ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်ကို ပြန်သွားရအောင်ပါ။ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ ၂၀၀၀ ခုနှစ်မှာ ဇီးဖြူကုန်းကနေ ငပလီလေဆိပ်ကြားမှာရှိတဲ့ ပင်လယ် ဘက်ခြမ်းက မြေတွေကို စစ်တပ်က မြေ ၃၅.၅၃ ဧက သိမ်းပါတယ်။ ပိုင်ရှင်တွေ လျော်ကြေး တစ်ပြားမှ မရပါ။ မြေငှားရမ်းမှုသမိုင်း ၂၀၀၁ ခုနှစ်မှာတော့ ဟိုတယ်လုပ်ငန်းတွေအတွက်ဆိုပြီးတော့ ဟိုတယ် ခြောက်ခုစာ အတွက် မြေငှားရမ်းပေးပါတယ်။ တစ်ကွက်ကို မြေ ၅ ဧက ကျော်စီ ခွဲပြ