Posts

စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ

Image
ရခိုင်တောင်ပိုင်းက ငပလီကမ်းခြေမှာ နာမည်ကြီးဟိုတယ်တွေဖြစ်တ့ Amazing Ngapali/ Hilton Hotel / Merciel Retreat Hotel နဲ့ Hotel At the Rock တို့ဟာ စစ်တပ်ကို တစ်နှစ်မှာ ဒေါ်လာ အနည်းဆုံး ၂ သိန်း ၈ သောင်းလောက် ရှာပေးနေတဲ့ ဟိုတယ်တွေဖြစ်ပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ Amazing Hotel  ( မြေ ၅ ဧကကျော် တစ်ကွက်ကို တစ်လ 6000 x 12= 72000 မြေ ၆ ကွက်  72000 x 6 = 432000) အဆောက်အအုံတွေပြီးလို့ လည်ပတ်တဲ့အခါ ထပ်ပြီးတော့ ဈေးနှုန်းသတ်မှတ်တာရှိပါသေးတယ်။ ဒီငွေတွေက စစ်တပ်ဆီရောက်သလား၊ အကြိးအကဲဆီကို ဖိတ်စင်သွားသလား မသိရပါ။  ဘာလို့ ဒီဟိုတယ် တွေက စစ်တပ်ဝင်ငွေပေါက်ဖြစ်သလဲ။ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်ကို ပြန်သွားရအောင်ပါ။ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ ၂၀၀၀ ခုနှစ်မှာ ဇီးဖြူကုန်းကနေ ငပလီလေဆိပ်ကြားမှာရှိတဲ့ ပင်လယ် ဘက်ခြမ်းက မြေတွေကို စစ်တပ်က မြေ ၃၅.၅၃ ဧက သိမ်းပါတယ်။ ပိုင်ရှင်တွေ လျော်ကြေး တစ်ပြားမှ မရပါ။                                                            မြေငှားရမ်းမှုသမိုင်း ၂၀၀၁ ခုနှစ်မှာတော့ ဟိုတယ်လုပ်ငန်းတွေအတွက်ဆိုပြီးတော့ ဟိုတယ် ခြောက်ခုစာ အတွက်  မြေငှားရမ်းပေးပါတယ်။ တစ်ကွက်ကို မြေ ၅ ဧက ကျော်စီ ခွဲပြ

ဒေါ်လာတစ်သိန်းဝန်းကျင်ရှိတဲ့ မန္တလေး-ဗန်းမော်လက်နက်ဖမ်းခံရမှု (Fact-Check)

Image
ဇွန် ၂၄ ရက်နေ့တုန်းက စစ်ကောင်စီက သေနတ် ၁၁၄ လက်နဲ့ ဖောက်ခွဲရေးပစ္စည်း ကားတစ်စီးစာမိတဲ့သတင်းကို သတင်းမှားလို့လူထုကြားထဲအငြင်းပွားနေတာ သတိပြုမိပါတယ်။  လက်နက်မိတဲ့ သတင်းဟာ သတင်းအမှန်ဖြစ်ပါတယ်။ သတင်း ဓာတ်ပုံတွေကို အသေးစိပ်လည်း သူတို့ထုတ်ပြန်ထားပြီး ဖြစ်သလို စုစုပေါင်း ၄ ဦး မိတာကိုလည်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။   လက်နက်တွေ ဖမ်းမိတဲ့ သတင်းဓာတ်ပုံ သူတို့ထုတ်ပြန်ချက်အရ Type 81 လိုသေနတ် ခေါက်ဒင်နဲ့ ရိုးရိုးဒင်က စုစုပေါင်း ၆၄ လက်ပါတယ်။ ပြီးတော့ M-79 ၄၀ မမ ဗုံးသီး ခြောက်တောင့်ထိုးက အလက် ၄၀၊ 779 Pading III-S က ၁၀ လက်ပါတယ်။ ကျည်ကဒ် ၂၄၈ ခု၊ ကျည်ဆံ အတောင့် တစ်သောင်း၊ လက်ပစ်ဗုံး ၄၄၉ လုံး၊ ၄၀ မမ လောင်ချာဗုံးသီး ၁၄၇၃ ပါတယ်။ ယမ်းထုပ် ၅ ကီလိုဂရမ်ပါပြီးတော့ ဒီတိုနေတာ ၄ ဖာ ပါတယ်။ မိုင်းအဝေးထိန်း ခလုတ်က ၃၅ ခုပါ။   Type 81- KIA product စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ Type 81 အစား K2-5 လို့သုံးနှုန်းဖော်ပြပါတယ်။ Type 81 ဆိုတာ UWSA ၀ တပ်ဖွဲ့ရဲ့လက်စွဲတော်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီနည်းပညာက KIA ဆီကိုပါရောက်ပါတယ်။  ဒါကြောင့် AK-47 ကိုပုံတုထားတဲ့ ဒီဇိုင်းနဲ့ KIA က ထုတ်ပါတယ်။ သေနတ်က ခေါက်ဒင်နဲ့ ရိုးရိုးဒင် နှစ်

စစ်ကောင်စီရဲ့မန္တလေးသတ်ဖြတ်မှု စာရင်းဆန်းစစ်ချက်

Image
- စစ်ကောင်စီတပ်သားတွေ ဝင်စီးတဲ့မန္တလေးဖြစ်ရပ်မှာ သတ်ဖြတ်ပစ်တာ အလောင်း ၈ လောင်းဆိုတာ သေချာပါတယ်။ ဒါဟာ လုံး၀ အတည်ပြုနိုင်တဲ့ အချက်အလက်ပါ။  - စစ်ကောင်စီက အလောင်း ၈ လောင်းလုံးကို PDF တွေလို့ကြေညာတယ်။ နောက်ထပ်ထွက်လာတဲ့ စာတစ်စောင်မှာတော့ KIA အဖွဲ့က နှစ်ယောက်ပါတယ်လို့ စွပ်စွဲတယ်။  - နောက်တစ်ရက်မှာတော့ ကားပေါ်မှာ ပစ်သတ်ခံရတဲ့သူတွေက ရှမ်းပြည်နယ်ကနေ လာတဲ့သူတွေ။ တအန်းတွေ ပါပါတယ်။ သူတို့ဟာ မန်း PDF မဟုတ်ဘူး။ မဆက်စပ်ဘူးလို့ ဆွေမျိုးတွေက ပြန်ရှင်းတယ်။   - မန္တလေး PDF ကတော့ သူတို့ဆီက နှစ်လောင်းပဲလို့ ဆိုထားပြီးတော့ ၆ ယောက် အဖမ်းခံရတယ်လို့ဆိုတယ်။  - မန်း PDF/ စစ်ကောင်စီနဲ့ တအန်းတွေဘက်ပြောလာတဲ့အချက်မှာ ကွဲလွဲနေတာကို စစ်ထုတ်တဲ့အခါ၊ မန်း PDF ပြောတဲ့ ၂ လောင်းပဲ ထားဦး၊ ကျန်တဲ့ နှစ်လောင်းက ဘယ်သူလဲဆိုတဲ့ မေးခွန်းထွက်တော့ စစ်ကောင်စီ ထုတ်သလို KIA ၂ လောင်းလားလို့ ပြောစရာရှိလာတယ်။ KIA ဗိုလ်အဆင့်ရှိသူ တူးဖိုးနှင့် ကိုရိုင်းဆိုပြီး နာမည်နဲ့တကွ စစ်ကောင်စီက ဖော်ပြတယ်။  - အဲဒါဆိုရင် KIA-2/ Mandalay PDF-2 ဖြစ်ပြီးတော့ လေးယောက်ရှိပြီး နောက်ထပ် ၄ ယောက်ကတော့ PDF မဟုတ်တဲ့ တအန်းလေးယောက်ဆိုရင် အသတ်ခံရတဲ့ လူအရေအတွက်ဟာ တိကျပြ

ကုလပိတ်ဆို့အရေးယူမှုကို အံတုမယ့်စစ်ကောင်စီရဲ့ခြေလှမ်း (Explanatory)

Image
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ထူးခြားချက် ၃ ချက်ကို ကောက်နှုတ်တင်ပြလိုပါတယ်။ စစ်ကောင်စီ (SAC) ရဲ့ ဇွန် ၂၂ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ ရုရှားကိုသွားတဲ့ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး၊ သွားရောက်လေ့လာခဲ့တဲ့ထဲက သုံးနေရာဖြစ်ပါတယ်။  Rosoboronexport website                                                     ဘဏ်ကို အာရုံစိုက် - SAC စီးပွားရေး ဒုဝန်ကြီး သန်းအောင်ကျော်နဲ့ ရုရှား PSB Bank ညွှန်ကြားရေးမှူးနဲ့တွေ့ပါတယ်။ PSB Bank ဆိုတာ (Promsvyazbank) ရုရှားနိုင်ငံဘဏ်ဖြစ်ပါတယ်။ ဘဏ် ၁၁ ခုရှိတဲ့အနက် ၁၀ ခုမြောက်အကြီးဆုံး ဘဏ်လည်းဖြစ်ပါတယ်။ ဒီနေ့အချိန်ထိဆိုရင် ထူထောင်တာ နှစ်ပေါင်း ၂၀  ရှိပြီဖြစ်ပါတယ်။  ဒီဘဏ်ရဲ့အဓိက လုပ်ဆောင်ချက်တွေထဲမှာ ရုရှားစစ်တပ်နဲ့ပတ်သတ်တဲ့ စစ်ဖက်ဆိုင်ရာ အရောင်းအဝယ်ကိစ္စတွေ၊ စာချုပ်တွေ၊ အသေးစား၊ အလတ်စား စီးပွားရေးတွေအတွက်ပါ ဝန်ဆောင်မှုမျိုးစုံပေးတာတွေ ပါပါတယ်။ ရုရှားသမ္မတ ပူတင်နဲ့ဘဏ်ရဲ့ CEO တို့ဆွေးနွေးမှု kremlin ထုတ်ပြန်ချက်တစ်ခုမှာ အဲဒီဘဏ်ဟာ စစ်လက်နက်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ချေးငွေတွေနဲ့ စာချုပ်စာတမ်းတွေကို ၄၀ ရာခိုင်နှုန်းအထိ လ

အိန္ဒိယ-မြန်မာနယ်စပ်မှာဖောက်ခွဲရေးပစ္စည်းအမြောက်အများမိ

Image
အိန္ဒိယနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မီဇိုရမ်ပြည်နယ် ချန်ဖိုင်း (Champhai) ခရိုင်ထဲက Farkwan ဖာ့ကွန်ကျေးရွာမှာ ဖောက်ခွဲရေးပစ္စည်းတွေ အမြောက်အများဖမ်းမိတယ်လို့ ဇွန် ၂၂ ရက်နေ့ မီဇိုရမ်ဒေသသတင်းတွေမှာဖော်ပြပါတယ်။  ဖမ်းဆီးရမိတဲ့အထဲမှာ ဖောက်ခွဲရေးယမ်း (TNT  ဒါမှမဟုတ် တခြားဓာတုပစ္စည်း) တွေလို့ယူဆရတဲ့အထုပ် ၆၃ ထုပ်၊ ဖောက်ခွဲရာမှာအ သုံးပြုတဲ့ ဒီတိုနေတာ ၃၇ ထုပ်၊ အဆင့်မြင့်ဒီတိုနေတာ ခြောက်ဖာနဲ့ ဖျူးစ်လေးထုပ်ပါဝင် တယ်လို့ ကနဦးသတင်းတွေမှာဖော်ပြပါတယ်။   ဖမ်းဆီးရရှိတဲ့ပစ္စည်းတွေကို ခင်းကျင်းပြထားပုံ ဖာ့ကွန်ကျေးရွာဟာ (Farkwan) - အသံထွက် အနီးစပ်ဆုံးယူထားခြင်းဖြစ်) မြန်မာနိုင်ငံနဲ့ နယ်စပ်မျဉ်းကနေ ၃ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။  အာသံရိုင်ဖယ်တပ်ဖွဲ့ကို ထောက်လှမ်းရေး သတင်းပေးလာသူရှိလို့ သူတို့က သွားရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ အမှုနဲ့ဆက်စပ်သူနှစ်ဦးကို ဖာ့ကွန်ကျေးရွာကနေ ဖမ်းဆီးရရှိထားပြီးတော့ Dungtlang ရဲစခန်းကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။  ဖာ့ကွန်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီးတော့ ခရစ်ယာန်ကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဖာ့ကွန်ကျေးရွာဟာ နိုင်ငံခြားခရီးသွားတွေကြား တောင်တက

မန္တလေး PDF တွေကို စစ်ကောင်စီအနီးကပ်ပစ်သတ် (Explanatory)

Image
ချမ်းမြသာစည်မြို့နယ် ၁၁၁ လမ်းနဲ့ ၅၄ လမ်းထောင့်က အဆောက်အအုံတစ်ခုမှာရောက်နေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့မနက်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။  Mandalay-PDF ကတော့ သူတို့ဘက်က လက်နက်နဲ့အတူ ဖမ်းဆီးခံရတာကို အတည်ပြုကြောင်း နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ သေဆုံးမှု ဘယ်နှစ်ဦးရှိတယ်ဆိုတာကိုတော့ အတည်မပြုပါဘူး။  ၁- အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကတော့ ဖေးဘုတ်လူမှုကွန်ရက်ပေါ်မှာ ပစ်သတ်ထားတဲ့ လူ ၈ ဦးရဲ့ အလောင်း ကို တင်ထားကြပါတယ်။ ပစ်သတ်ခံထားရသော အလောင်းများ  ၂- နောက်ဓာတ်ပုံတစ်ခုကတော့ ဖမ်းဆီးပြီးတော့ ခြံဝင်းထဲကနေ ဆွဲထုတ်လာတာဖြစ်ပါတယ်။  ဖမ်းဆီးပြီး ဆွဲထုတ်လာပုံ  ၃- နောက်ဆုံးပုံတစ်ခုက ကြမ်းခင်းပေါ်မှာ မှောက်နေတဲ့ လူ ၈ ဦးရဲ့ ပုံဖြစ်ပါတယ်။ ၈ ဦးထဲက တစ်ဦးဟာ ခေါင်းမှာ ဒဏ်ရာရပြီးတော့ လက်ထိပ် မခတ်ထားပါဘူး။ ကျန် ၇ ဦးကတော့ လက်ထိပ် ဒါမှမဟုတ် ပိုက်ကလစ်နဲ့လက်ကိုပူးချည်ထားပါတယ်။  အခင်းဖြစ်ရာတိုက်ပေါ်တွင် ဖမ်းဆီးထားတဲ့ ပုံ  (နံပါတ် -၃ ပုံ) တိုက်တွင်းမှာ မှောက်လျှက်ရှိရာမှာ ၃ ဦးက အင်္ကျီ မပါ ပါဘူး။ ကျန် ၅ ဦးက အင်္ကျီဝတ်ထားပါတယ်။ ဘာမှ မဖျက်ထားသေးတဲ့  ဒီပုံအရဆိုရင်  ၅ ယောက်ဟာ ခေါင်း

ဒုရဲမှူးကြည်စိုးအပါဝင် ရွှေနဒီယာဉ်ပေါ်ဖမ်းဆီးသူအားလုံးကို AA ပြန်လွှတ်

Image
တစ်နှစ်ကျော်ကြာထိန်းသိမ်းထားပြီးနောက် ရွှေနဒီယာဉ်ပေါ်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် နောက်ဆုံးလက်ကျန်အားလုံးကို ဒီနေ့ ဇွန် ၁၇ မှာ လွှတ်ပေးတယ်လို့ AA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။  By: MoreMrontBlog ဘူးသီးတောင်မြို့နယ်ထဲက တစ်နေရာမှာ လွှတ်ပေးမှာဖြစ်ပြီးတော့ လူဦးရေ ၁၇ ဦးရှိပြီးတော့ ဒုရဲမှူးကြည်စိုး ပါဝင်တယ်လို့ သူကပြောပါတယ်။  စစ်တွေကနေ ဘူးသီးတောင်ပြေးဆွဲတဲ့ ရွှေနဒီအမြန်ယာဉ်ပေါ်  ရဲနဲ့စစ်သားတွေလိုက်ပါလာတာကြောင့် ရက္ခိုင့်တပ်တော် AA က ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။  သတင်းရရှိတဲ့အချိန်မှာ မြန်မာစစ်တပ်က တိုက်ခိုက်ရေး ရဟာတ်ယာဉ်နဲ့ပစ်ခတ်လို့ ရေယာဉ်ပေါ်လိုက်ပါလာသူတချို့နဲ့ အေအေ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တချို့ပါ သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။  စစ်တပ်က ထုတ်ပြန်ရာမှာ ၅၈ ဦးရှိပြီးတော့၊ ကယ်ထုတ်ရာမှာ ၁၀ ဦးရရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ဘက်နဲ့မသက်ဆိုင်သူ ၂၅ ဦးကိုတော့ AA ဘက်က ၂၀၁၉ နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။  ဒါကြောင့် ဒီနေ့အချိန်ထိ ရွှေနဒီယာဉ်ပေါ် ပါသူ ၅၈ ဦးအနက် ၅၂ ဦး ပြန်လွတ်ပြီး ကျန်တဲ့ ၆ ယောက်က စာရင်းပျောက်နေပါတယ်။ ၂၀၁၉ တုန်းက AA ထုတ်ပြန်ချက်မှာလည်း သေဆုံးသူတချို့လို့

AA က ဗိုလ်မှူးအဆင့်အပါအဝင်စစ်သုံ့ပန်းခြောက်ဦးကိုပြန်လွှတ်ပေး

Image
ရခိုင်စစ်ပွဲအတွင်း ဖမ်းဆီးရရှိတဲ့ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၆ ဦးကို AA ဘက်က မနေ့က (ဇွန် ၁၆) မြောက်ဦးမြို့နယ်ထဲက ကျောက်ကျပ်ကျေးရွားနားမှာ  ပြန်လွှတ်ပေးခဲ့ပါတယ်။  AA combat uniform AA အရာရှိတစ်ဦးကတော့ ကျန်းမာရေးမကောင်းတဲ့သူနဲ့သက်ကြီးပိုင်းတွေလို့ဆိုပါတယ်။  အွန်လိုင်းပေါ်မှာတော့ ရွှေနဒီရေယာဉ်ပေါ်က ဖမ်းမိသူတွေကိုပြန်လွှတ်ပေးတာလို့ ပြောဆိုနေကြတာရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကိုတော့ အေအေဘက်က ထုတ်ပြန်ပြောဆိုတာမရှိတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိပါဘူး။  ရခိုင်ခြေစိုက် Western News မှာတော့ ရက္ခိုင့်တပ်တော် AA ဘက်က  ဗိုလ်မှူးထိပ်ချွန်းနဲ့ စစ်ကောင်စီတပ်ဖက်က ဗိုလ်မှူးသန်းဝင်းဌေး တက်ရောက်ပြီးတော့ လွှဲပြောင်းရယူခဲ့တာလို့ ဖော်ပြထားပါတယ်။      

သံတွဲမြို့နယ်က စစ်ကောင်စီတပ်လှုပ်ရှားမှုများ

Image
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တစ်ခုလုံး အုပ်ချုပ်ရေးယန္တရားကို စစ်တပ်ရဲ့ အမိန့်ပေးမှုစနစ်အောက်သို့ ပြောင်းထားတယ်လို့ သိရပါတယ်။  တောင်ကုတ်-သံတွဲ-ဂွ မြို့နယ်က ခယက၊ မယကတွေဟာ စစ်တပ်က CO လို့ခေါ်ကြတဲ့ အမိန့်ပေးအရာရှိ ၇ ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကြရပါတယ်။  လက်ရှိအချိန်မှာ ဘာကိစ္စဖြစ်ဖြစ် အဲဒီစစ်တပ် အရာရှိ ၇ ယောက်ကို အစီရင်ခံရပါတယ်။ သံတွဲက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေမှာ အစည်းဝေးတွေ၊ မင်္ဂလာဆောင်ပွဲတွေ၊ ဧည့်ခံပွဲတွေ လုပ်ခွင့်မပြုဖို့ လက်ရှိ စစ်ကောင်စီ ခန့်ထားတဲ့ ခယက ဥက္ကဌက စာထုတ်ထားပါတယ်။  မြို့အဖြစ်သတ်မှတ်ပေးထားတဲ့ သံတွဲမြို့နယ်နဲ့ဂွကြားက ကျိန္တလီမှာလည်း စစ်ဆေးရေးဂိတ်ချပြီးစစ်ဆေးတာတွေလုပ်ပါတယ်။  စစ်သား ၁၅ ယောက်ထက်မနည်းတဲ့ စစ်ကောင်စီစစ်သားတွေ ညဘက်ကျရင် လယ်တီဘုန်းတော်ကြီးကျောင်းနားမှာ ဒေသခံတွေသွားလာတာကို စစ်ဆေးတယ်လို့သိရပါတယ်။ ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလလောက်က ကျိန္တလီကိုရောက်လာတာလို့ပြောကြပါတယ်။  ကျိန္တလီမြောက်ဘက်က ပင်လယ်ပြင်မှာတော့ စစ်ကောင်စီရေတပ် နေဗီတစ်စီးကင်းချထားတာရှိပါတယ်။ ဒီစစ်င်္ဘောက စစ်သားတွေဟာ ဒေသခံတွေဆီက ငါးတွေ ပုဇွန်တွေ အခကြေးငွေ

စစ်သုံ့ပန်းအခွင့်အရေးနဲ့မြဝတီ ၂၅ ဦးအသတ်ခံရတဲ့ကိစ္စ (Perspective)

Image
စစ်ကောင်စီရဲ့ပြန်ကြားရေးက ကရင်ပြည်နယ် မြဝတီခရိုင်က အူးဟူချောင်းတံတားဆောက်လုပ်ရေး လုပ်သား ၄၇ ယောက်ကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDO က မေ ၃၁ မှာ ဖမ်းခေါ်သွားပြီးတော့ ၂၅ ဦးကို သတ်ဖြတ်တယ်လို့ ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  KNDO armed group စစ်ကောင်စီက စွပ်စွဲတဲ့ခါမှာ KNDO က ဗိုလ်ကြီး စောပါဝါးလို့ အတိအကျဖော်ပြပါတယ်။ ၄၇ ဦးထဲက အမျိုးသား ၆ ဦး၊ မျိုးသမီး  ဦး၊ ကလေးငယ် ၁၀ ဦး စုစုပေါင်း ၂၂ ဦးဟာ ဇွန် ၁ ရက်နေ့နဲ့ ၉ ရက်နေ့မှာ လွတ်မြောက်လာတယ်လို့ဖော်ပြပါတယ်။  စစ်တပ်က ပြန်လည်လိုက်ရှာတဲ့အခါ ဇွန် ၁၁ ရက်နေ့မှာ ၇ လောင်း၊ ဇွန် ၁၂ မှာ ၁၈ လောင်း တွေ့တယ်လို့ရေးသားထားပါတယ်။ ဒီသတင်းကို ရေးပြီဆိုတာနဲ့ ကြုံကြိုက်ရတာ စစ်ကောင်စီက လိမ်ညာဝါဒဖြန့်တဲ့ သတင်းကို ရေးတယ်၊ ဒလန်လို့သမုတ်တာလည်း သတိပြုမိပါတယ်။  ကျနော့်အနေနဲ့ ဒီနေရာမှာပြောချင်တာက သတင်းသမားဟာ လိမ်ညာပေးဖို့ တာဝန်မရှိပါ။ ဒီကိစ္စကို အသေးစိပ်မပြောခင် အဓိက အချက် ၃ ချက်ကို ရှင်းလိုပါတယ်။ ၁- စစ်ပွဲသဘောသဘာ၀ ၂- ဝါဒဖြန့်မှုနှင့် နိုင်ငံရေးအသုံးချမှု  ၃- လိုက်နာရမယ့် ဂျနီဗာကွန်ဗင်းရှင်း ဖြစ်ပါတယ်။  ၁- စစ်ပွဲသဘောသဘာ၀ ဆိုရာမှာ စစ်ဆင်ရေးနယ်မြေတွင်းက ကိစ္စကို ရည်ရ