အမေရိကန်နဲ့ပြင်သစ်ကုမ္ပဏီတွေမရှိတဲ့အခါ ရတနာဂတ်စ်လုပ်ကွက် ဘာဆက်ဖြစ်မလဲ (Explanatory)
အမေရိကန်နဲ့ပြင်သစ် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron နဲ့ Total က ရေနံကရရှိတဲ့ ငွေတွေကို စစ်ကောင်စီကို မပေးတော့ဘူးဆိုတဲ့သတင်းက အတော်လေးကို ကြီးပါတယ်။ ဒီဆုံးဖြတ်ချက်က တကယ်ပဲ လုပ်ငန်းတစ်ခုလုံးကို ရပ်ဆိုင်းစေနိုင်သလား၊ ဝင်ငွေ လုံး၀ ပြတ်နိုင်ပါသလား။ Andaman Sea အန်ဒမန်ပင်လယ်ထဲမှာရှိတဲ့ Yadana offshore ရတနာ ကမ်းလွန်သဘာ၀ဓာတ်ငွေ့လုပ်ကွက်က စပ်တူလုပ်ငန်းပါ။ မြန်မာနိုင်ငံနိုင်ငံပိုင် MOGE ရယ်၊ ထိုင်းကုမ္ပဏီ PTTEP ၊ ပြင်သစ် Total နဲ့ အမေရိကန် Chevron ပါ ပါတယ်။ ထွက်ရှိလာတဲ့ ဂတ်စ်ကို Moattama Gas Transportation မုတ္တမ ဂတ်စ်ဖြန့်ချီရေးက လုပ်ကိုင်ပါတယ်။ ၈ ရာခိုင်နှုန်းလောက်ကိုထိုင်းကိုရောင်းချပြီးတော့ ကျန်တဲ့ရာခိုင်နှုန်းအများစုကို ရန်ကုန်အတွက်သုံးပါတယ်။ (Ref: BKK post) Total ကတော့ လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးတော့ ၃၁.၂ ရာခိုင်နှုန်းနဲ့အများဆုံးပိုင်တာဖြစ်ပါတယ်။ အမေရိကန်ပိုင် Chevron ကတော့ ၂၈.၃ ရာခိုင်နှုန်း ပိုင်ပါတယ်။ ထိုင်းကုမ္ပဏီ PTTEP က ၂၅.၅ ရာခိုင်နှုန်းပိုင်ပြီး မြန်မာနိုင်ငံပိုင်လုပ်ငန်း MOGE က ၁၅ ရာခိုင်နှုန်း ပိုင်ပါတယ်။ ။ အခု Total/ Chevron က အပြီးတာရပ်ဆိုင်းတာမဟုတ်ပါ။ အမြတ်ခွဲဝေမှုအပိုင